စီးပွားရေး ပညာရေး ကျန်မာရေး ဘာသာရေးအာဖြင့်
နိမ့်ကျနေသော တိုင်းသူပြည်သားမျာအား စီးပွားရေးအားဖြင့် ကြီးပွားအောင် ပညာရေးအားဖြင့်
ထွန်းကားအောင် ကျန်မာရေးအားဖြင့် တိုးတက်အောင် ဘာသာရေးအားဖြင့် ယဉ်ကျေး သိမ့်မွေ့အောင်
စီစဉ်ဆောင်ရွက်ပေးခြင်းသည် လောကတွင် အပြစ်ကင်းသော လုပ်သင့်လုပ်ထိုက်သော အလုပ်ဖြစ်သော
ကြောင့် သူတော်ကောင်းတွေ နှစ်သက်သောအလုပ်ဖြစ်ပါ၏။
ဒကာတော်မင်းမြတ် ဒကာတော်မင်းမြတ်၏ နိုင်ငံတော်မှာ
ကိုယ်ဖြင့်အရှက်မရှိ ပြုလုပ်သောအမှုတွေ နှုတ်ဖြင့် ရိုင်း ရိုင်းစိုင်းစိုင်း ပြောဆိုသောအကျင့်တွေ
စိတ်ယုတ်မာဖြင့် မကောင်းမှုကို ကြံစီခြင်းမှ ဝေးစေချင်ရင်တော့ မူးယစ်မေ့လျှော့ စေတတ်တဲ့
သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို မှီဝဲသုံးဆောင်တတ်တဲ့ အလေ့အကျင့်တွေ မထွန်းကားအောင်
ကျိုးစား ဆောင်ရွက်ရပါမည်။
ဒီ-သေရည်သေရက်နှင့် မူးယစ်ဆေးဝါးတွေ ထွန်းကားလာလျှင်
တိုင်းပြည်စီးပွားရေး ချွတ်ခြုံကြပြီး ရောဂါဆိုးတွေ ကြရောက်တတ်ပါတယ် အသက်ရှင်လျှက်နဲ့
မေ့လျှော့နေသူဟာ သေသူနဲ့တူတယ် သင့်နိုင်ငံသူ နိုင်ငံသားတွေ သေသူနှင့် တူအောင် မဖြစ်စေနဲ့
မမေ့လျှော့တဲ့ ပုဂ္ဂိုလ်တွေသာလျှင် အသက်ရှင်သူနဲ့တူတာ သင့်နိုင်ငံသူ နိုင်ငံသားတွေ မမေ့လျှော့တဲ့
အသက်ရှင်သူနဲ့တူအောင် ကြိုးစားကာ ဒါန သီလ ဘာဝနာ ကုသိုလ်တရားတွေကိုလည်း မမေ့လျှော့သော
သတိတရား လက်ကိုင်ထား၍ တိုးတက်ပွားများအောင် ကြိုးစားအားထုတ်သင့်ပါ၏။
(အရက် ဘီယာ မူးယစ်ဆေး ယဉ်ကျေးမှုကြီး ထွန်းကားလာလျှင် တိုင်းသူပြည်သားတွေ အသက်တိုပြီး
ကိုယ်ကျင့်သိက္ခာ တွေ ပျက်စီးနိုင်ပါ၏ ခန္ဓာကိုယ်အတွက်
ဘာတခုမှ ကျေးဇူးမများတဲ့ ဤစရိုက်ဆိုးမျိုး တိုင်းပြည်တွင် မရှိလျှင် အကောင်းဆုံး ပါ
ရှိသင့်ရှိထိုက်လျှင်လည်း စည်းကမ်းဖြင့် တင်းတင်းကျပ်ကျပ် ထားသင့်ပါ၏)
ဒကာတော်မင်းမြတ် ကျေးဇူးကြီးမားလှတဲ့မိဘ လမ်းမှန်ကိုညွန်ပြတတ်တဲ့ဆရာနှင့်
မိမိအုပ်ချုပ်သောတိုင်းပြည်ကို ရို သေလေးစားရမယ် ရေမပြည့်တဲ့အိုးသာလှုပ်ပြီး ရေပြည့်သောအိုးတွေ
ငြိမ်နေသကဲ့သို့ ငါသိ ငါတတ် ဆိုတဲ့ ၀ါကြွားပလွှားမှု မှ ကင်းအောင်နေပြီး ရတာလေးနဲ့ ကြေနပ်နှစ်သက်တတ်တဲ့အကျင့်တွေ
မိမိအပေါ်ကျေးဇူးရှိခဲ့ဘူးတဲ့ သူတွေကို ကျေးဇူး ပြန်ဆပ်တတ်တဲ့ အကျင့်တွေ အားလပ်သည့်အချိန်တွေမှာ
မှန်ကန်တဲ့ ဓမ္မတွေကို လေ့လာမှတ်သား နာကြားခြင်းသည် သူ တော်ကောင်းတွေရဲ့အကျင့်ဖြစ်တယ်
အဲဒီအကျင့်တွေကို မိမိနှင့်တိုင်းသူပြည်သားတွေပါ လိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက်ရမယ်။
ဒကာတော်မင်းမြတ် အရာရာကို ခွင့်လွှတ်သည်းခံတတ်တဲ့
မွန်မြတ်တဲ့စိတ်ထားတွေ ဆရာကောင်းတွေရဲ့ မှန်ကန် သော လမ်းညွန်ချက်တွေနှင့်အညီ ဆုံးမသြ၀ါဒပေးတာတွေကို
ရိုသေစွာ နာခံမှတ်သား၍ ဆိုဆုံးမရလွယ်တဲ့ ဂုဏ်ရှိသော
ပုဂ္ဂိုလ်တွေမှာ ကြီးပွားခြင်းနှင့် ပြည့်စုံမည့်
ပုဂ္ဂိုလ်တွေသာဖြစ်ပါ၏ မိမိတို့ ဘိုးဘွားစဉ်ဆက် ကိုးကွယ်လာသောရဟန်းတော် တွေကို မှန်မှန်ဖူးမျှော်ပြီး
မိမိ မသိသေးတဲ့တရားတွေ ဘ၀မှလွတ်မြောက်ရေးအတွက် ကျင့်ကြံအားထုတ်ပုံ နည်းလမ်းတွေ ကို
ရိုရိုသေသေ လေးလေးစားစား မေးမြန်းလျှောက်ထားရမယ်။
ဒကာတော်မင်းမြတ် ထူးတဲ့အသိဥာဏ်ကို ရရှိလိုသောပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ £နြေ္ဒခြောက်ပါး တခါးခြောက်ပါက်ကို သတိဆိုတဲ့
တခါးရွက်နဲ့ လုံခြုံအောင်ပိတ်ဆို့ပြီး ချစ်ခင်ခြင်းဆိုတဲ့ မေတ္တာတရားတွေ သနားကြင်နာခြင်းဆိုတဲ့
ကရုဏာတရားတွေ ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်းဆိုတဲ့ မုဒိတာတရားတွေ။
ပညတ်တရားတွေကို လျှစ်လျှူရှုပြီး ရုပ်နာမ်ဆိုတဲ့ ပရမတ်ကို မှန်ကန်စွာ သိနိုင်တဲ့
ဥပေက္ခာတရားတွေဆိုတာ မြင့်မြတ် သော အကျင့်တရားတွေ ဖြစ်တယ် အဲဒီမြင့်မြတ်တဲ့ အကျင့်တရားတွေကို
ကျင့်ကြံကြိုးကုတ် အားထုတ်မှာသာလျှင် သိ ပယ် ဆိုက် ပွား ဆိုတဲ့ သစ္စာလေးပါးကို ကိုယ်တိုင်ကိုယ်ကြ
သိမြင်ပြီး လောကီချမ်းသာတွေထက် အစပေါင်းများစွာ ချမ်းသာ သော လောဘ ဒေါသ မောဟ မာန စသောတရားတွေ မရှိသော အေးငြိမ်းချမ်းသာသော သန္တိသုခ
ဆိုတဲ့ နိဗ္ဗာန်ချမ်းသာ
မြတ်ကို မျက်မှောက်ပြုနိုင်မှာဖြစ်တယ်။
Type your summary here. Type the rest of your post here.
No comments:
Post a Comment