အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 23, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၄၅)





   ဒကာတော်မင်းမြတ် သင့်တိုင်းပြည် သင့်တင့်လျှောက်ပတ်သော အရပ်ဒေသဖြစ်ဖို့အတွက် သင်ကိုယ်တိုင် ကျိုးစားစီမံ ဆောင်ရွက်တတ်ရမည် တိုင်းပြည်တွင်ရှိသော လယ်ယာဆည်မြောင်းချောင်းကန်တွေသည် တိုင်းပြည်၏ သယံဇာတတွေ ဖြစ်သောကြောင့် တိုင်းပြည်အတွက် အလွန်အရေးကြီးပါ၏ ဆည်မြောင်းချောင်းကန်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးမှသာလျှင် လယ်ယာတွေ ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေး တောင့်တင်းခိုင်မာအောင်ကြိုးစားရမည်။
      လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်အောင် ပြုပြင်စီမံပေးမှသာလျှင် ဒေသတခုနှင့် ဒေသတခု ရောင်းရေး ၀ယ်ရေးတွေ လွယ်ကူချောမွေ့လာပြီး ဖွံ့ဖြိုးမှုညီမျှအောင် ဆောင်ရွက်ပေးနိုင်ရမည် ပညာတတ်ပညာရှင်များကို ဖိတ်ခေါ်ကာ ပညာရေးအတွက် အဆင့်မြင့်မြင့် ကျောင်းတော်ကြီးတွေတည်ဆောက်ပြီး ပညာရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်။     
   ကျန်းမာရေးအတွက် ဆေးပညာရှင်များကို ချီးမြောက်ကာ တိုင်းသူပြည်သားတွေ အသက်ရှည်ရာ အနာမဲ့ရေး ဆောင်ရွက်
ပေးနိုင်မှသာလျှင် သင့်နိုင်ငံအတွက် ကျန်မာရေးကောင်းသော ကာယလုပ်သားတွေနှင့်တည်ဆောက်ကာ သင့်တင့်လျှောက် ပတ်၍ ပျော်မွေ့ဖွယ်ကောင်းသော နိုင်ငံတော်ကြီးဖြစ်ပါလိမ့်မည်။
    (ခုခေတ်တော့ စီမံခန့်ခွဲမှုတွေ ညံ့ဖြင်းခဲ့လို့ အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိနေသော တိုင်းပြည်ကို ဆင်းရဲတွင်းကနေ
ရုံးထွက်နိုင်အောင် ကြိုးစားနေတာတွေ့မြင်ရ၏ အိမ်နီးခြင်းနိုင်ငံတွေနှင့် ယှဉ်လျှင်တော့ များစွာနောက်ကြနေပါ၏ လယ်ယာ လုပ်သားတွေ (၇၅)ရာခိုင်နှုံးရှိသော တိုင်းပြည်တွင် လယ်ယာလုပ်သားတွေ ချမ်းသာမှ တိုင်းပြည်ချမ်းသာမှာပါ  လမ်းတွေ လည်း မြို့ပြလမ်းတွေ ချောမွေ့ပြောင်လက်နေသလို ကျေးလက်လမ်းတွေလည်း ကောင်းမွန်မှ တတိုင်းပြည်လုံး ဖွံ့ဖြိုးမှာပါ ဆက်သွယ်ရေးလည်း တတိုင်းပြည်လုံး ဆက်သွယ်နိုင်မှ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးမှာပါ တောရောက်နေတဲ့ တက္ကသိုလ်တွေ ကိုလည်း မြို့ပြနဲ့တဆက်ထဲဖြစ်အောင် ဆောင်ရွက်နိုင်မှ တက္ကသိုလ်ပီသလာမှာပါ တချိန်က အမြင်ကျင်းမြောင်းလို့ ပိတ် ထားတဲ့ နာမည်ရတက္ကသိုလ်တွေကိုလည်းပြန်လည်ဖွင့်သင့်ပါ၏ ကျန်းမာရေးအတွက် လူကြီးတွေကိုယ်တိုင် ကိုယ့်တိုင်းပြည် က ဆရာဝန်တွေကို ယုံကြည်မှုမရှိဘဲ နိုင်ငံခြားထွက်ပြီး ဆေးကုနေတဲ့အတွက် တိုင်းသူပြည်သားတွေလည်း ရောဂါတခုခု ဖြစ်လျှင် နိုင်ငံခြားသို့သွား၍ ဆေးကုရမှ ကြေနပ်နေသည့်အဆင့်မှ ပြည်တွင်းမှာအဆင့်မြင့်မြင့် ဆရာဝန် နှင့် ဆေးရုံတွေရှိ အောင်လုပ်ပြီး ရှေ့ဆောင်နွားလာတွေလည်း ဖြောင့်ဖြောင့်သွားမှသာလျှင် နောက်လိုက်ပြည်သူတွေလည်း ဖြောင့်ဖြောင့် လိုက်မှာပါ ကိုယ့်နိုင်ငံမှ ဆေးရုံတွေကို ခေတ်မှီမှီ အဆင့်မြင့်မြင့်ဆေးရုံတွေဖြစ်အောင် ဆောင်ရွက်စေပြီး အထူး ကု သမား တော်တွေ ရှိအောင်လုပ်ပေးမှသာလျှင် မြန်မာနိုင်ငံကြီး ပတိရူပဒေသ၀ါသနဲ့ ညီလာမှာပါ)
 


Type your summary here. Type the rest of your post here.

No comments: