(၅)လူ့ထက်သာသော လူဆိုသည်မှာ လောကီအားဖြင့်
လူ့ထက်သာသောပုဂ္ဂိုလ် လောကုတ္တရာအားဖြင့် လူ့ထက်သာ သောပုဂ္ဂိုလ်
နှစ်မျိုးဆိုရမှာဖြစ်၏ လောကီအားဖြင့်လူ့ထက်သာသော ပုဂ္ဂိုလ်တွေသည်
ကိုယ့်ကျိုးကိုမကြည့် အများကျိုးကို ကြည့်တတ်သော ပရဟိတ သမားတွေဖြစ်၏ ကမ္ဘာမှာဆိုရင်
မာသာထရီဇာ တို့ မာတင်လူသာကင်း စသော ပုဂ္ဂိုလ်တို့ပင် ဖြစ်၏ မြန်မာပြည်မှာဆိုလျှင်
သီတဂူဆရာတော်တို့ ကိုကျော်သူ မဖြူဖြူသင်း ဒေါက်တာစင်သီယာမောင်တို့လို ဘ၀ကြောင့်
အတ္တပြောက်နေသော လူသားတွေဖြစ်၏ နိုင်ငံရေးသမားတွေဘက်က ကြည့်မယ်ဆိုလျှင်
ဗိုလ်ချုပ်အောင်ဆန်း ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့လို
ပုဂ္ဂိုလ်ထူးတွေဖြစ်ပါ၏။
လောကုတ္တရာအားဖြင့် လူထက်သာသောပုဂ္ဂိုလ်ဆိုသည်
သမထတရားကို အခြေခံပြီး ၀ိပဿနာတရားကို ပွာများအား ထုတ်ကာ သောတာပန် သကဒါဂမ် အနာဂမ်
ရဟန္တာ ပုဂ္ဂိုလ်ထူးများကို ဆိုခြင်းဖြစ်ပါ၏ လူ့ထက်သာသောပုဂ္ဂိုလ် ဖြစ်ဖို့ရန်
အတော်ခက်ခဲပါ၏ ဖြစ်အောင်ကျင့်နိုင်ရင်တော့ ပိုကောင်းတာပေါ့လေ လူထက်သာသောသူ
မဖြစ်ရင်နေပါစေ လူနဲ့တူ အောင် နေနိုင်ရင်ဘဲ လူ့ဘ၀မှာ နေပျော်ပါ၏ မိမိကွယ်လွန်သည့်အခါ အပါယ်ငရဲမကျေရောက်ဘဲ
သုဂတိဘ၀ကို ရရှိမှာ သေချာပါ၏ ဒကာတွေ လူငါးမျိုးတွင် ဘယ်လူမျိုးနဲ့ တူသလဲမေးတော့
ဘယ်သူမှမဖြေပါ။
လူ့ဘ၀ကိုရရှိထားတဲ့ လူသားတွေ အိပ် စား
ပျော်ပါး သုံးခုသာနားလည်တဲ့ တိရစ္ဆာန်နဲ့ တူတဲ့ လူသားဖြစ်ရင်လည်း မကောင်းဘူး စားကာနီးမှ
ချေးပါအုံး ငှားပါအုံးလို့ လက်ဝါးဖြန်းကာ တောင်ရမ်းတတ်တဲ့ ပြိတ္တာနှင့်တူတဲ့
လူသားဖြစ်ရင်
လည်းမကောင်းဘူး
ဒုစရိုက်မှု တခုခုကျူးလွန်လို့ ထောင်နန်းစံနေရတဲ့ ငရဲသားနဲ့တူတဲ့ လူသားဖြစ်ရင်လဲ့
မကောင်းဘူး လူ့ ထက်သာသော လူသားမဖြစ်ရင်နေပစေ လူနှင့်တူသောလူသားဖြစ်အောင်
စွန့်လွှတ်အနစ်နာခံချင်တဲ့ စိတ်ဓါတ်နဲ့ ရိုသားပြီး ကိုယ်ကျင့်သိက္ခာနှင့်
ပြည့်စုံသည့် လူနှင့်တူသော လူသားဖြစ်အောင် ကျိုးစားကြပါလို့
တိုက်တွန်းရင်းတရားနိဂုံးအဆုံးသတ် လိုက်၏ ရေစက်ချအမျှဝေကာ သာဓုသုံးကြိမ်ခေါ်ဆိုကြ၏။
လှူဖွယ်ပစ္စည်းတွေကို တယောက်ခြင်းကပ်လှူကာ
ပါလာသောကင်မရာဖြင့် မှတ်တမ်းတင် ဓါတ်ပုံတွေ သေသေချာချာ ရိုက်တာတွေ့ရ၏ တဦးခြင်းဘုန်းကြီးကို
လက်အုပ်ချီနေတဲ့ပုံတွေလည်းရိုက်၏ စုပေါင်းဂရုပုံတွေလည်းရိုက်၏ မောင်မူးတို့ အဖွဲ့
ဒီတခါတော့ ဘုန်းကြီးကို အတော်ကြည်ညိုနေပါလားလို့ စိတ်ထဲမှာ ကြိတ်ပြုံးလေးပြုံးမိ၏
ဓါတ်ပုံတွေ စိတ်တိုင်းကြ ရိုက်ကာ ရိုရိုသေသေ ရှိခိုးကတော့ပြီး မောင်မူးတို့အဖွဲ့
ပြန်သွားလေ၏။
ညနေချမ်းအချိန်တွင်
မောင်မူးတို့အဖွဲ့နှင့် အလွန်းရင်းနှီးသော ဒကာတယောက် ရောက်လာတာနှင့် ဘုန်းကြီးမှ
ဒကာ့ မိတ်ဆွေ မောင်မူးတို့အဖွဲ့ ကျွတ်တန်းဝင်ပြီနဲ့တူတယ် ဘုန်းကြီးထံ နံနက်က
လှူဖွယ်ပစ္စည်းတွေ အများကြီးနှင့် ရိုရိုသေသေ လာကတော့ပြီး တရားနာကာ ဓါတ်ပုံတွေများစွာရိုက်သွားတယ်ပြောလိုက်တော့
အရှင်ဘုရား ဒီကောင်တွေ အရှင်ဘုရားကို ရိုက်စား လာလုပ်သွားတာဘုရား
ဘယ်လိုရိုက်စားလုပ်သွားတာလည်း ပြောပါအုံး ဒကာရဲ့ဟု မေးတော့မှ အကြောင်းစုံပေါ်
ပါတော့၏။
အရှင်ဘုရား ဒီကောင်တွေအုပ်စု
ရသမျှလခါတွေနှင့် အမြဲတန်းသောက်စား မူးရစ်နေကြတာ မြန်မာပြည်မှ မိဘတွေ
ကိုလည်း
အလုပ်မကောင်းလို့ ပိုက်ဆံမပို့နိုင်ကြောင်း လိမ်ညာပြီး ဖုံးဆက်ကြတယ်
သူတို့လိမ်ညာတာကို မြန်မာပြည်မှာရှိ တဲ့ မိဘတွေ သိရှိသွားလို့ ဆုံးမစာတွေ
တဖွဲဖွဲရောက်ရှိလာတာနှင့် မိဘတွေ စိတ်ချမ်းသာအောင်ဆိုပြီး သားတို့ ဘုရား တ ရား သံဃာ
မမေ့ပါဘူးဆိုတာ သိရအောင် အရှင်ဘုရားထံ လှူဖွယ်တွေ ဆက်ကပ်ပြီး ဓါတ်ပုံတွေ
တွဲရိုက်ကာ မြန်မာပြည် ပြန်ပို့မလို့ဘုရား သြ---ဒီလိုကိုး ဘုန်းကြီးတော့ မောင်မူးတို့အဖွဲ့
ကျွတ်တမ်းဝင်သွားပြီထင်နေတာ ယ္ခုတော့ အထင်နဲ့ အမြင် တခြားစီဖြစ်နေ၏ ဘုန်းကြီးကို
ဓါတ်ပုံတွဲရိုက်၍ တပါတ်ရိုက်သွားသော မောင်မူးတို့အဖွဲ့ဖြစ်လေ၏ ယ္ခုတော့
ဘုန်းကြီးနှင့် ဓါတ်ပုံတွဲရိုက်သူ မှန်သမျှကို မောင်မူးတို့အဖွဲ့ကို သတိရပြီး
ပြုံးနေမိပါ၏ ။
Type your summary here. Type the rest of your post here.
No comments:
Post a Comment