(၄) လူ့နှင့်တူသော လူဆိုသည်မှာ
စွန့်လွှတ်အနစ်နာခံတတ်တဲ့ ပေးဆပ်ချင်သူလည်းဖြစ်ရ၏ ရိုးသားဖြောင့်မတ်ခြင်းဆို သည့်
ကိုယ်ကျင့်သိက္ခာနှင့်လည်းပြည့်စုံရ၏ ဤပုဂ္ဂိုလ်မျိုးကို လူနှင့်တူသူဟုဆိုရ၏
လောကတွင် စွန့်လွှတ်အနစ်နာခံခြင်း ပေးဆပ် ခြင်းသည် ၀ါသနာပါသူ လူတိုင်း လုပ်နိုင်ပါ၏
ကရုဏာ ဆိုသည့် ဤစိတ်ဓါတ်လေးသည် လူနှင့်တူအောင် လုပ်နေ သော လူ့ ကျင့်ဝတ်ပါလားဆိုတာ
လူတိုင်းသဘောပေါက်သင့်ပါ၏ နေ့စဉ်နေ့တိုင်းလည်း လုပ်သင့်ပါ၏။
ဒါန ဆိုတဲ့
ဤပေးကမ်းမှုသည် အလွန်လွယ်ကူလှပါ၏ ဘုန်းကြီးလှူတာလည်း ဒါနပါဘဲ လူအခြင်ခြင်း
ကျွေးမွေးတာ လည်းဒါနပါဘဲ အနိမ့်ဆုံး တိရစ္ဆာန်လေးတွေ ကျွေးမွေးတာလည်းဒါနပါဘဲ
မိမိတို့ နေ့စဉ်နေ့တိုင်း လုပ်လို့ရပါ၏ ဤကျွေးမွေး ချင်သည့်စိတ်ကလေး မိမိသဏ္ဍာန်မှာ
ရှိနေတာကိုပင် ငါလူနဲ့တူနေပါလားဆိုတာ သဘောပေါက်ရမှာဖြစ်၏ တချို့ကြတော့ လည်း
သူတပါးကျွေးဖို့ စိတ်မ၀င်စားတဲ့အပြင် ကိုယ့်ကိုယ်ကိုတောင် မသဒ္ဓါတဲ့လူတွေလည်း
လောကတွင်ရှိနေပါ၏ ဤ ပုဂ္ဂိုလ်မျိုးသည် လူနှင့်မတူဘဲ ရှေးသုံးမျိုးတွင် တမျိုးမျိုးနဲ့တူမည်သာဖြစ်၏။
ရိုးသားဖြောင်မတ်တဲ့
ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံခြင်းသည်လည်း လူနှင့်တူသူသာဖြစ်၏
ရိုးသားဖြောင့်မတ်သူသည် ငါးပါးသီလလုံခြုံပါ၏ ရိုးသားသူသည် သူ့သက်လည်းမသတ်ပါ
သူ့ဥစ္စာလည်းမခိုးပါ သူများသားမယားလည်း မဖြစ်မှားပါ လိမ်ညာမပြောပါ
သေရည်သေရက်မသောက်ပါ မရိုးသားသူကတော့ ဤငါးပါးလုံးကို ကျူးလွန်တတ်ပါ၏ ရိုးသားခြင်းသည်
စကားသုံးလုံးထဲနဲ့ လူသားအတွက် အလွန်တန်ဖိုးရှိသောစကားဖြစ်ပါ၏ မိမိရိုးသားလျှင်
မိမိဂုဏ်ရှိသလို မိမိ မိသားစုလည်း ဂုဏ်ရှိ၏ မိမိ လူမျိုးလည်း ဂုဏ်ရှိ၏ မိမိ နိုင်ငံလည်း
ဂုဏ်ရှိ၏။
မရိုးသားသူသည် ပွဲလည်မတင့် ရိုးသားသူသာ
ပွဲလည်တင့်၏ မရိုးသားသူသည် လူတောသူတော မတိုးဝံ့ပါ မိမိရဲ့ငယ် ကြိုးငယ်နာတွေ
သောက်ကျင့်ဆိုးတွေကို လူတောထဲရောက်သောအခါ သိမှာစိုးသည့်အတွက် ပုံးရှိုးကွယ်ရှိုး
လူမသိ သူမသိ ခေါင်းမဖေါ်ရဲဘဲ နေတတ်၏ ရိုးသားသူမှာတော့
ကိုယ်ကျင့်သိက္ခာကောင်းတဲ့အတွက် လူတောထဲရောက်လည်း ဘာမှစိုးရိမ် စရာမရှိ
ပြောရဲဆိုရဲတဲ့ သတ္တိတွေလည်း အပြည့်အ၀ရှိပါ၏ ပေါ်ပေါ်တင်တင်လည်း နေနိုင်၏
ရိုးသားခြင်းရဲ့ စွမ်းရည်သတ္တိပါ
ဘဲ
ဤလူနှင့်တူသောအကျင့်ကို လူပီသသူတွေထံမှာသာ တွေ့မြင်ရလေ၏ ရိုသားခြင်းနှင့်
ပေးစွန့်ခြင်းသည် လူနှင့်တူပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment