အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 17, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၄၁)





               မလေးရှားရောက် အတုယူထိုက်သော နတ်မောက်မြို့နယ် လျှော်ချောင်းကြီး ရွာသားများ
               ××××××××××××××××××××××××××××××××××××××××××××××××
      မလေးရှားတွင် ရောက်နေသော ရွှေမြန်မာတွေ ဆိုးတဲ့သူတွေရှိသလို ကောင်းတဲ့ သူတွေလဲ အမြောက်အများရှိပါ၏
တရုပ်နှစ်သစ်ကူး မတိုင်မီ တရက်တွင် ဘုန်းကြီးထံသို့ မကွေးတိုင်း နတ်မောက်မြို့နယ် လျှော်ချောင်ကြီးရွာသား သုံး ယောက် ဆွမ်းစားလာပင့်၏ မလေးရှားရောက်နေတဲ့ တပည့်တော်တို့ ရွာသားတွေ စုပေါင်းဆွမ်းကပ်ချင်လို့ပါဘုရား တရား ရှည်ရှည် ဟောပေးရန်လည်း လျှောက်ထားကြ၏ ဘုန်းကြီးကိုလည်း သူတို့တတွေ ဘဘုန်းဟု သုံးနှုံးတာတွေ့ရ၏။
      မင်းတို့ရွာသားတွေ အတော်များသလား--- မှန်ပါ မလေးရှားရောက်နေတာ ၁၅၀-လောက်ရှိပါတယ်ဘုရား   မလေးရှား တွင် ရွာတရွာထဲက ၁၅၀-လောက်ရှိတယ်ဆိုလျှင် အတော်အင်အားတောင့်တင်းသည်ဟု ဆိုရမှာဖြစ်၏ ဒကာ လေးတွေမှ ဘဘုန်းတပည့်တော်တို့ ဘဘုန်းကို အကူအညီတခုတောင်းခြင်တယ်ဘုရား ဘာအကူအညီလည်း ဘဘုန်းပေးနိုင်တဲ့ အကူ အညီဆိုလျှင် ပေးရမှာပေါ့ လျှောက်ထားလေဟု ပြောလိုက်၏။
       တပည့်တော်တို့ရွာမှာ မူလတန်းကျောင်းရှိတယ်ဘုရား ကျောင်းမပြည့်စုံတော့ ကျောင်းသားကျောင်းသူတွေကို သစ်ပင် ရိပ်အောက်မှာ  စာသင်နေရတယ်ဘုရား တပည့်တော်တို့  ဆွမ်းကပ်ပွဲမှာ  ရွာသားတွေကို  မူလတန်းကျောင်းဆောင်တခု ဆောက် လုပ်လှူဒါန်းနိုင်အောင် ဘဘုန်းတရားဟောပေးပါလား သိပ်ကောင်းတဲ့ အစီအစဉ်ဘဲ ဘဘုန်းသိပ်စိတ်ဝင်စားတယ် ဒီလို အလှူမျိုးကို ဘဘုန်းလှူခြင်နေတာ အကူအညီပေးခြင်နေတာ မင်းတို့ဆွမ်းကပ်ပွဲမှာ ဘဘုန်း မူလတန်းကျောင်းဆောင် တခု ဖြစ်လာအောင်တရားဟောပေးမယ် မင်းတို့ရွာသားတွေသာ  များများလာအောင်ဖိတ်ထားပါ မှန်ပါဘုရား ဖိတ်ထားပါ မယ်ဘုရားဟု လျှောက်ထားကြ၏။
       တရုတ်နှစ်သစ်ကူးရက်သည် ဘုန်းကြီးမွေးနေ့ပွဲကို နှစ်စဉ်နှစ်တိုင်းလုပ်နေကြဖြစ်ပါ၏ ဘုန်းကြီးမွေးနေ့ပွဲမတိုင်မီ အကြို ရက်ကို နတ်မောက်မြို့နယ်လျှော်ချောင်းကြီးရွာသားတွေအတွက်ရက်သတ်မှတ်ပေးလိုက်၏သူတို့တတွေလည်း ၀မ်းမြောက် ၀မ်းသာ ပြန်သွားကြ၏ အသက်(၂၀)ကျော် ဒီလူငယ်လေးတွေ သူတို့ရွာ သူတို့ကျောင်းအတွက် လှူဒါန်းဆောင်ရွက်ပေးချင် တဲ့ စိတ်ဓါတ်လေးတွေကိုက အတော်ချီးကျူးစရာကောင်းပါ၏။
      မလေးရှားရောက် ဒီအရွယ်တွေသည် သောက်စားမူးယစ်သူတွေက များလှ၏ ဒီလို ရပ်ကျိုးရွာကျိုး ဆောင်ရွက်ခြင်သူ တွေက လက်ချိုးရေတွက်လို့ရပါ၏ သူတို့ဆန္ဒလေးတွေ ပြည့်ဝဖို့ ကူညီဆောင်ရွက်ပေးရန် ဆုံးဖြတ်ထား၏ ရှားရှားပါးပါး အခွင့်ရေးတခုပါ မလေးရှားတွင် ဒီလို လာလျှောက်တာမျိုး ဒီတခါဘဲ ကြုံတွေ့ရဘူးသေး၏ သူတို့ရွာသားတွေ ၁၅၀-တောင် ရှိတယ်ဆိုတာ အင်အားတောင့်တင်းပါ၏ စီစဉ်တတ်လျှင် ကျောင်းတဆောင်သာမက နှစ်ဆောင် သုံးဆောင် ဆောက်လို့ရ နိုင်သည့် အခွင့်အရေးတွေ ဖြစ်ပေါ်လာနိုင်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: