အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 30, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၅၀)





            မိတ္ထိလာအရေးအခင်ပြီးလို့ တလ၀န်းကျင်မှာဘဲ ၂၀၁၃- ဧပြီလထဲတွင် ဥက္ကံအရေးအခင်းစတင်ဖြစ်ပေါ်လာပြန်၏ ဆွမ်းခံထွက်လာသော ကိုရင်လေးကို ဘာသာခြားအမျိုးသမီးက မပြောသင့်တဲ့စကားတွေ ပြောဆိုရာမှ ပြဿနာ စတင်ဖြစ် လာပါ၏ ဗုဒ္ဓဘာသာအများစုနေထိုင်သောဤနိုင်ငံတွင် ဤလိုကိစ္စမျိုး ဖြစ်ပေါ်လာပါက ဗုဒ္ဓဘာသာဝင်တွေ ရင်ထဲတွင် စူးစူး ရှရှခံစားရကာ တုံ့ပြန်မှုတွေ ရှိလာနိုင်တယ်ဆိုတာ ဘာသာခြားတွေ နားလည်ထားသင့်၏ ငွေရှိတယ် ထင်ရာလုပ်မယ်ဆိုတဲ့ စိတ်မျိုးမွေးမယ်ဆိုလျှင်တော့ နှစ်ဘက်လုံး ဆုံးရှုံးနစ်နာကုန်မှာ သေချာပါ၏။
      ဥက္ကံအရေးအခင်းအကြောင်း မလေးရှား တီဗွီ သတင်းစာတွေတွင် ၂-ရက် ၃-ရက်တိုင်တိုင် လွှင့်ထုတ်နေတာ တွေ့မြင်ရ ၏ မလေးရှားရောက်ဘုန်းကြီးတို့လည်း ရင်တထိပ်ထိပ်နဲ့ ကြည့်ရှုနေရ၏ မလေးတွင် ဘာတွေများ ဖြစ်လာလိမ့်အုံးမလည်း စိုးရိမ်စိတ်တွေ ဖြစ်နေ၏ အဲဒီအချိန်တွင် မြန်မာပြည်မှ အလည်ရောက်လာသောဦးဇင်းများ တလပြည့်ခါနည်းလို့ ပူထရာဂျာ ယာ မလေးရှား အင်မီဂရေးရှင်းသို့ နောက်တလ သက်တန်းတိုးရန်သွားခဲ့ကြ၏ သို့သော် မလေးရှားအင်မီဂရေးရှင်း အရာရှိ တို့သည် ဘုန်းကြီး ၇-ပါးကို သက်တန်းမတိုးပေးသည့်အပြင် စိတ်ဆိုးသည့် အမူအရာတွေနှင့် ပြောဆိုကာ ပတ်စပို့စာအုပ် တွေကို ပြစ်ချပြီး ဂိုးဘက်ဟုပြောဆိုလွှတ်လိုက်၏။
      ဥက္ကံအရေးအခင်းအကြောင်း တီဗွီ သတင်းစာတွေဖတ်ကာ မြန်မာဘုန်းကြီးတွေကို မနှစ်မြို့သည့်အမူအရာတွေ ပြလိုက် ခြင်းဖြစ်၏ ဥက္ကံအရေးအခင်းကြောင့် မလေးရှားတွင် ပထမဆုံးထိခိုက်ခဲ့သူတွေကတော့ မလေးရှားအလယ်လာသော ဘုန်း ကြီးတွေဖြစ်၏ လေယဉ်လက်မှတ် ရင်ဂစ် ၁၅၀-နှင့် သက်တန်းတိုးပြီး ဗီဇာသက်တန်းတိုးရန်လာခဲ့ခြင်းဖြစ်၏ ဗီဇာမရတော့ နောက်တခါလေယဉ်လက်မှတ် ပြန်ချိန်းရတာ ၁၅၀-ထပ်ကုန်ပြီး မြန်မာပြည်ကို ပြန်ခဲ့ကြရ၏ သံတမန် မဆန်သော နိုင်ငံကြီး သား မပီသသော နိုင်ငံအတွက် ပုံရိပ်ဆိုးစေသော အမူအရာတွေသာဖြစ်ပါ၏။
      မလေးရှားနိုင်ငံတွင် တလဗီဇာနဲ့ ၀င်လာသူတွေသည် နောက်တလတိုးပေးတာကတော့ ထုံးစံအတိုင်း အမြဲတိုးပေးနေ ခြင်းဖြစ်၏ ယ္ခုတော့ လူတွေအားလုံးကို တိုးပေးပြီး ဘုန်းကြီး ၇-ပါးကို တိုးမပေဘဲ ပြောခြင်တာတွေ ပြောလွတ်လိုက်ခြင်း သည် ဥက္ကံအရေးခင်းနှင့်တိုက်ဆိုင်ကာ ဘုန်းကြီးတွေကို တုံ့ပြန်လိုက်ခြင်းဖြစ်ပါ၏ မြန်မာပြည်က ဘာသာရေး အဓိကရုဏ်း တွေကို လက်တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်နိုင်ပါ၏။
      တကမ္ဘာလုံး စိတ်ဝင်စားနေပြီး အလွန်စမ်းထနေသော မြန်မာပြည် နှစ် ၅၀-ကျော် အိပ်ပျော်နေသော ကာလနဂါးကြီး နိုး ထလာလို့ တုံလှုပ်ခြောက်ခြားနေသော အာဆီယံနိုင်ငံများနှင့် အိမ်နီးနားခြင်းနိုင်ငံများ ၀မ်းသာမပေးတာတော့ သေချာစွာ မြင်တွေ့နေရပါ၏ မြန်မာပြည်ဘာ့ကြောင့် စမ်းထလာသလဲဆိုလျှင် ရိုးသားသည့် ခေါင်းဆောင်တွေ အသိဥာဏ်ကြွယ်ဝတဲ့ ခေါင်းဆောင်တွေပေါ်လာလို့ နှစ် ၅၀-ကျော်အိပ်ပျော်နေသည့် ကာလနဂါးကြီး လူးလွန့်နိုးထလာခြင်းဖြစ်၏။
     မြန်မာပြည်သည် ပထ၀ီအနေအထားအရလည်း မဟာဗျူဟာကြသည့်နေရာတွင် တည်ရှိနေပါ၏ မြန်မာနိုင်ငံဟာ နှစ်အ နည်းငယ်အတွင်း စစ်ရေး နိုင်ငံရေး စီးပွားရေးတို့မှာ ဒေသတွင်း အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်၏ အိန္ဒိယ သမုဒ္ဒရာ ဘင်္ဂလား ပင်လယ်အော်ကို မေးတင်ပြီး ပင်လယ်ကမ်းရိုးတမ်း မိုင်တထောင်ကျော်ကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၏  အိန္ဒိယ သမုဒ္ဒရာသည် စစ်ရေး စီပွားရေး နိုင်ငံရေးအရ အရေးပါ အရာရောက်ချိန် ရောက်နေပါ၏။
 


Type your summary here. Type the rest of your post here.

No comments: