အသက်ရှုရပ်သူနှင့်
အသက်ရှုကျပ်သူများ
ဓမ္မရောင်ခြည်ကျောင်းမှ တယ်လီဖုံးသံလေး
ညင်သာစွာ မြည်လာ၏----
ဆရာတော်လားဘုရား----------------?
ဟုတ်ပါတယ် ဒကာ။
တပည့်တော်တို့ ရှာအလမ်း
စက်ရုံကပါဘုရား နှစ်ဆန်းတရက်နေ့ညက မြန်မာတယောက်ဆုံးသွားလို့ လာမည့် အင်္ဂါနေ့
ရက်လည်အာရုံဆွမ်းကပ် ကြွရောက်ပါရန် လျှောက်ထားပါသည်ဘုရား ကောင်းပြီလာပင့်ပါဟု
အကြောင်းပြန်လိုက် ၏ နိုင်ငံခြားမှာတော့ တယ်လီဖုံးနဲ့ဘဲ ဆွမ်းစာပင့်ကြ၏
ကိုယ်တိုင်လာပင့်ခြင်သော်လည်းဘဲ အလုပ်တဖက်နဲ့မို့ မလာနိုင်ကြ ပါ ဘုန်းကြီးတွေကလည်း
ခွင့်လွှတ်နားလည်ပေးရ၏။
၂၄-၄-၂၀၀၇- အင်္ဂါနေ့
နံက်အာရုံတက်ချိန်တွင် ဆွမ်းစားလာပင့်၏ ကားပေါ်တွင် ဆွမ်းစားလာပင့်သော ဒကာအား
ဘယ်လိုကိစ္စမျိုးနဲ့ ကွယ်လွန်သွားတာလည်းဟု မေးကြည့်သည့်အခါ စိတ်မကောင်းစရာတွေ
များစွာ ကြားရပါတော့၏ ကွယ် လွန်သူ မောင်ဇော်နိုင်သည် ဧရာဝတီတိုင်း
ကျုံပျော်မြို့နယ် ရွာတရွာမှဖြစ်၏။
မလေးရှားကို ရောက်လာတာ ၃-လသာ ရှိသေး၏
ကွယ်လွန်သူ မောင်ဇော်နိုင်တွင် ဇနီးနှင့် လူမမယ် သားသမီး သုံး ယောက်ရှိ၏
အကြီးဆုံးကလေးက ၅-နှစ်အရွယ်သာဖြစ်၏ ကျန်နှစ်ယောက်ကတော့
နို့ညှာနှင့်နို့စို့အရွယ်သာဖြစ်၏ ကျေးရွာ တွင် လက်လုပ်လက်စားဘ၀ဖြင့်
ဆင်းရဲပင်ပန်းစွာ ရုံးကန်ရသောဘ၀မှ လွတ်မြောက်ရန် ရည်ရွယ်ချက်ဖြင့် သူတပါးထံမှ အ
တိုးငွေဖြင့် လယ်ပေါင် ခြံပေါင်လျှက် ၁၆-သိန်းချေးငှားကာ
မလေးရှားသို့တက်လာခြင်းဖြစ်၏။
ယ္ခုတော့ ကိုယ်ကျိုးနဲရှာပြီ
မလေးရှားကိုရောက်ခဲ့သည့် သုံးလအတွင်း ငွေ ၂-သိန်းကျော်သာ ပြန်ပို့၇သေးသည်ဟု သိရ၏
မလေးရှားလာဖို့ ချေးလာတဲ့ ငွေ ၁၆-သိန်းမပြောနဲ့ လစဉ်တက်နေသည့်အတိုးတောင်
ကျေအောင်ပို့နိုင်မည် မဟုတ် ပါ ယ္ခုတော့ ကိုဇော်နိုင်တယောက် မလေးရှားတွင်
အသက်ရှုရပ်သွားပါပြီ မြန်မာပြည်မှ ဇနီးနှင့် လူမမယ် ကလေးငယ်တွေ အသက်ရှုရပ်မှာ
သေချာလှပါ၏။
သေဆုံးချိန်သည့် အချိန်သည် သင်္ကြန်တွင်း
နှစ်ဆန်းတရက်နေ့ဖြစ်နေ၏ ဘာကြောင့် သင်္ကြန်တွင်း ဆုံးရတာလည်း မေးကြည့်တော့
နှစ်ဆန်းတရက်နေ့မှာ သောက်ကြစားကြပြီး သေဆုံးသွားသည်ဟုပြော၏ အန်ဖတ်စို့ပြီးသေတာလား
အမူး လွန်ပြီး သေတာလာတော့ မသိပါ သေအောင်သောက်လို့ သေသွားတာတော့ သေချာ၏။
မလေးရှားသင်္ကြန် အချိန်အခါသည် မြန်မာတွေ
မြန်မာပြည်အလွမ်းပြေ ကိုယ့်အိမ်မှာသော်လည်းကောင်း ကိုယ့်စက်ရုံ မှာသော်လည်းကောင်း
သင်္ကြန်ပွဲတွေ ဆင်နွဲကြ၏ တချို့ကတော့ ရိုးရာအစဉ်အလာ မပျက်ရအောင် ဘုန်းကြီးပင့်
တရားနာ ကာ အကျွေးအမွေးတွေနဲ့ ရိုးရိုးသားသားလေး ကျင်းပတာရှိသလို အကြံသမား
မောင်မူးတို့ ဘက်တော်သားတွေကတော့ နံက်ပိုင်း ဘုန်းကြီးဆွမ်းကပ် အရောင်ပြကာ
ကျန်အချိန်သည် သူတို့တတွေ တနေကုန် မူးကြ၏။
ဘုန်းကြီးကို ဆွမ်းစားပင့်သော စက်ရုံတခုတွင်
ဆွမ်းစားတရားဟောအပြီး ရေသန့်စင်ခန်း ခဏ၀င်ခဲ့၏ လိုက်ပို့သူ ဒကာ လေး မျက်စိပျက်
မျက်နှာပျက်ဖြင့် လိုက်ပို့၏ နောက်ခန်းတနေတွင် ဘီယာကပ်တွေ အရက်ပုလင်းတွေ များစွာတွေ့ခဲ့ရ၏
ဘုန်းကြီးလည်း မသိချင်ယောင်ဆောင်ပြီး ဒါဘာတွေလဲကွ မေးလိုက်တော့ ဘီယာ
အရက်တွေပါဘုရားဟု လျှောက်ထား၏ ဘာလုပ်ဖို့လည်း လာတဲ့လူတွေ ဧည့်ခံဖို့ပါဘုရားဟု
လျှောက်ထားပြန်၏။
သူတို့တတွေသည် မြန်မာတွေရဲ့
ရိုးရာယဉ်ကျေးမှုသင်္ကြန်ကို အကြောင်းပြုပြီး အရက်သောက်ပွဲ ကျင်းပနေကြခြင်းဖြစ် ၏
မနက်ပိုင်းတော့ လူမြင်ကောင်အောင် ဘုန်းကြီးပင့် တရားနာ အရိပ်အယောင်ပြကြ၏
ဘုန်းကြီးပြန်တယ်ဆို သောက်ပွဲ တွေကျင်းပကာ မူးပါတော့၏ ယ္ခု ကွယ်လွန်သူ
ဒကာဇော်နိုင်လည်း ဤအမူးသမားအဖွဲ့နဲ့ ပေါင်းမိသွားပုံရ၏ သြော် ---သေ သူကတော့ သေပြီ
ကျန်မိသားစုအတွက် ရင်လေးစရာတွေဖြစ်လာ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment