အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, October 13, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၃၇)



     ယ္ခု တရားဟောတဲ့ ဘုန်းကြီးနဲ့ တရားနာ ပရိတ်သတ်အပေါင်းလည်း သေမှာတော့ သေချာပါ၏ ငါတို့တတွေ သေရင်
လည်း ငါတို့များပိုင်ဆိုင်သည့် စီပွားဥစ္စာတွေလည်း ကျန်ရစ်သူတွေ ခံစားစံစားဖို့ ထားခဲ့ရမည်ဆိုတာ လူတိုင်းလူတိုင်း ကြို တင် သဘောပေါက်ထားရမယ် ဆွေမျိုးမိတ်ဆွေ ဇနီးမယား သမီးသားတွေဆိုတာလည်း နောက်ဆုံးတော့ သုဿာန်တစ သင်္ချိုင်းဝသို့ လိုက်ပို့ဆောင်ကြပြီး အော်ဟစ်ငိုကျွေး၍ ပြန်သွားကြတာပါဘဲ သင်္ချိုင်းထက်ကျော်ပြီး လိုက်လို့မရနိုင်ပါ ငါတို့တ တွေ သေဆုံးရင်လည်း ငါတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုးမိတ်ဆွေတွေလည်း သင်္ချိုင်းထိဘဲ လိုက်ပို့မှာဆိုတာ ကို ကြိုတင် သဘောပေါက်ထားရမယ်။
     ကွယ်လွန်သူနောက်ကို တကယ်အရိပ်ပမာ လိုက်လာမှာတော့ ကုသိုလ်ကံနှင့် အကုသိုလ်ကံ ၂-ပါသာ အရိပ်ပမာ ထပ် ချပ်မကွာလိုက်လာမှာ သေချာပါ၏ စီပွားဥစ္စာတွေလည်း မလိုက်လာပါ ဆွေမျိုးသားခြင်းတွေလည်း မလိုက်လာပါ ကုသိုလ် ကံ အကုသိုလ်ကံ ၂-ပါးသာ လိုက်လာမှာပါ ကုသိုလ်ကံတွေ များများပါလာရင်တော့ ကုသိုလ်ကံသည်အပြစ်ကင်း၍ ကောင်း ကျိုးချမ်းသာနှင့် ပြည့်စုံမှာဖြစ်၏ အကုသိုလ်ကံသည် အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းကျိုးတွေ ရရှိခံစားရမှာဖြစ်၏။
     ကုသိုလ်ကံဆိုသည်မှာ မိမိတို့ရရှိထားသော လက်ရှိဘ၀တွင် ဖြူစင်သောစိတ်မွေးပြီး အပြစ်ကင်းအောင်နေသော ပုဂ္ဂိုလ် တွေသည် ယ္ခုဘ၀မှာလည်း အပြစ်ကင်း၍ ချမ်းသာမှုအမျိုးမျိုးကိုခံစားရသလို သံသရာမှာလည်း အပြစ်တွေကင်းပြီး သုဂတိ ဘ၀ဆိုတဲ့ လူ့ဘ၀ နတ်ဘ၀ ဗြဟ္မဘ၀ စသော ကောင်းသောဘ၀တွေကို ပိုင်ဆိုင်ရရှိမှာဖြစ်သောကြောင့် သူ့အတွက် အမျှ ဝေစရာတောင်မလိုပါဘူး ကုသိုလ်ကံကြောင့် ချမ်းသာမှုအပေါင်းနှင့် ပြည့်စုံမည့်သူဖြစ်ပါ၏။
      အကုသိုလ်ကံ ဆိုသည်မှာ အပြစ်နှင့်တကွ မကောင်းကျိုးတွေ ပေးတတ်ပါ၏ မိမိတို့ ရရှိထားသော လက်ရှိဘ၀တွင်  အပြစ်တွေ ဗလဗွနှင့် အကုသိုလ် ဒုစရိုက်မှုတွေကို လွန်ကြူးခဲ့မယ်ဆိုလျှင် လက်ရှိဘ၀မှာပင် အပြစ်ပေးခံရပြီး စိတ်ဆင်းရဲမှု မျိုးစုံနှင့် တွေ့ကြုံခံစားရမှာဖြစ်သလို နောင်သံသရာမှာလည်း ဤအပြစ်တွေသည် မုချအကျိုးပေးမှာဖြစ်၍ ဆင်းရဲဒုက္ခမျိုးစုံ ကို ဆက်လက်ခံစားရအုံးမှာဖြစ်၏။                                                                                                  
    အကုသိုလ်ကံကြီးလျှင် ကြီးသည့်အလျှောက် ငရဲသို့လည်းရောက်သွားနိုင်၏ အမျှဝေလို့ မရပါ အကုသိုလ်ကံကြီးလျှင် တိရစ္ဆာန်ဘ၀သို့လည်း ရောက်သွားနိုင်၏ အမျှဝေလို့မရပါ အကုသိုလ်ကံကြီးလျှင် အသုရကယ်ဆိုသည့် ပြိတ္တာအကြီးစား လည်းဖြစ်နိုင်၏ အမျှဝေလို့မရနိုင်ပါ အကုသိုလ်ကံအသေးစား ပါသွားတဲ့ လူတွေသာ ဝေမာနိတပြိတ္တာလို ပြိတ္တာအသေးစား ဖြစ်မှ အမျှဝေလိုရနိုင်ပါ၏ ဝေမာနိတပြိတ္တာဆိုတာ ယ္ခုခေတ်လူတွေခေါ်နေသည့် တစ္ဆေ သရဲပင်ဖြစ်၏။
   တစ္ဆေသရဲဘ၀သည် အလွန်ဆင်းရဲပါ၏ စားစရာဆိုရင်လည်း လူတွေစွန့်ပစ်ထားသည့် အညစ်အကျေးတွေကိုသာ ရှာဖွေစားသောက်ရ၏ နေစရာကလည်း အိမ်ကျိုအိမ်ကြား ကျောင်းကြို ကျောင်းကြားမှာသာ ဖြစ်သလိုနေကြရ၏ ၀တ်စရာ တော့ လုံးဝမရှိပါ လူ့ဘ၀မှာ ကောင်းကောင်မွန်မွန် နေလာတဲ့ လူတယောက်ဟာ ပြိတ္တာ တစ္ဆေသရဲဘ၀ရောက်သွားလျှင် မခံစားနိုင်သည့်အတွက် လူ့ပြည်က ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုးမိတ်ဆွေတွေကို အသိပေးတတ်ပါ၏။

Type your summary here. Type the rest of your post here.

No comments: