အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 10, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၃၄)



   ဒီတခါတော့ အရက်သမားမောင်မူးတော်လှ၏လို့ ချီးမွမ်းရမှာဖြစ်၏ ဗုဒ္ဓဘာသာသို့ ၀င်ရောက်မည့် ကိုကျော်အောင် သည် မလေးအမျိုးသမီးနှင့် အိမ်ထောင်ကြကာ သားသမီး သုံးယောက်ရှိပါ၏ တမိသားစုလုံး ဗုဒ္ဓဘာသာသို့ ၀င်ရောက်မည် ဖြစ် ကြောင်း လျှောက်ထားလေ၏ မောင်မူးဦးဆောင်ပြီး ဘုန်းကြီးရှိခိုးနည်းကို မိသားစုငါးယောက်အားသင်ပေး၏ ဘုန်းကြီးရှေ့ တွင်ထိုင်ခိုင်းပြီး ကျန်ဗုဒ္ဒဘာသာဝင်အားလုံးကို သြကာသဖြင့်ကတော့စေကာ ငါးပါးသီလနှင့်သရဏဂုံကို ဆောက်တည်စေ ၏ မြန်မာလိုလည်း အဓိပ္ပါယ်နားလည်အောင်ရှင်းပြကာ ဒကာကျော်အောင်တို့မိသားစုအား ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက် ရှိအောင် စီစဉ်ပေးလိုက်၏။
      ပရိတ်တရားတော်ကို ရွတ်ဖတ်ပေးပြီး ဗုဒ္ဒဘာသာဝင်တွေ ဖြစ်ပြီဖြစ်ကြောင်း ကောင်းချီးသြဘာပေးကာ ဗုဒ္ဓဘာသာဝင် များလက္ခံကျင့်သုံးနေသည့်တရားကို ဟောကြားပေး၏ မြန်မာဗုဒ္ဓဘာသာဝင်တွေ အဓိကလိုက်နာကျင့်သုံးတဲ့ အခြေခံတရား လေးပါးမှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေတ္ခာ ဆိုတဲ့ ဗြဟ္မစိုရ် တရားလေးပါးဖြစ်တယ်။
    ပါဠိလို မေတ္တာ မြန်မာလိုပြန်တော့ ချစ်ခင်ခြင်း ဟု အဓိပ္ပါယ်ရ၏ ချစ်ခင်ခြင်းဆိုသည်မှာလည်း ဇနီးမောင်နှံအချစ်ကတမျိုး မိသားစု အချစ်ကတမျိုး တလောကလုံးကိုချစ်တတ်တဲ့ အချစ်တမျိုး သုံးမျိုးရှိတယ် ဇနီးမောင်နှံ အချစ်ဆိုတာ ဇနီးနှင့်ခင်ပွန်း နှစ်ယောက်ထဲချစ်နိုင်သောကြောင့် လောကအမြင်နဲ့ ကြည့်မယ်ဆိုလျှင် ဘောင်ကျဉ်းသောကြောင့် သူ့ကို မေတ္တာလို့ သုံးလို့ မရပါဘူး တဏှာပေမ အချစ်လို့သာသုံးလို့ရပါတယ် ယ္ခု ခေတ်လူငယ်တွေကတော့ မေတ္တာကို အလွဲသုံးစားလုပ်ပြီး မေတ္တာ စစ် မေတ္တာမှန်နဲ့ ချစ်တာပါလို့ မိမိနှစ်သက်တဲ့ မိန်းကလေးကို စားရေးတဲ့အခါမှာ ထဲ့သုံးနေတာတွေ့ရပါတယ် မေတ္တာဆိုတဲ့ ဖြူစင်တဲ့စကားလုံးကို အလွဲသုံးစားလုပ်နေတာပါ။
     မိသားစုအချစ်ကိုလည်း မေတ္တာလို့ သုံးလို့မရပါဘူး  အလယ်အလတ် မိသားစုအချစ်သာဖြစ်သောကြောင့်  ဂေဟသိတ ပေမအချစ်ဟုလို့သာ သုံးလို့ရပါ၏ တလောကလုံးကို ချစ်နိုင်တဲ့အချစ်မျိုး ရန်သူမိတ်ဆွေမခွဲဘဲ ချစ်နိုင်တဲ့ အချစ်မျိုးကိုသာ မေတ္တာလို့ သုံးလို့ရမှာဖြစ်၏ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီဆိုလျှင် တလောကလုံး ရန်သူမိတ်ဆွေ မခွဲဘဲ ချစ်နိုင်တဲ့ အချစ် မျိုးနဲ့ချစ်မှသာလျှင် ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်မှာဟု မေတ္တာအကြောင်းကိုရှင်းပြရ၏။
       ပါဠိလို ကရုဏာ မြန်မာလိုပြန်ရင်တော့ သနားကြင်နာခြင်းဖြစ်တယ် ဆင်းရဲချမ်းသာမရွေး ကျွေးမွေးချင်စိတ်ရှိသူကို ဆို လိုခြင်းဖြစ်တယ် တချို့က ချမ်းသာသူကိုသာ ဖားပြီးကျွေးမွေးချင်တဲ့ ကရုဏာအတုတွေလည်း လောကတွင် များစွာတွေ့မြင် ရတတ်တယ် ကရုဏာလက်ဖြင့်ကမ်းလှမ်းသူများသည် ပရဟိတသမားတွေမှာ များစွာတွေ့ရတတ်၏ ပရဟိတသမားတွေ သည် ဘိုးဘွားရိပ်သာ မိဘမဲ့ ပရဟိတဂေဟာ မြက်မမြင်ကျောင်းစသည်ဖြင့် ဆင်ရဲချို့တဲ့ နေရာတွေကို ကရုဏာစိတ်စစ်စစ် ဖြင့် ကျွေမွေးလှူဒါန်းတာမျိုးတွေကို များစွာမြင်တွေ့ရ၏ အဲဒီလို ကရုဏာစိတ်ဓါတ်သည် ဗုဒ္ဓဘာသာဝင်ကောင်း တယောက် ဖြစ်ဖို့ရန် အထူးလိုလှပါ၏။
 

Type your summary here. Type the rest of your post here.

No comments: