အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, October 28, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၄၉)



        လျှော်ချောင်ကြီး ရွာသားတွေလည်း ရှင်အရဟံ မထေရ်မြတ်ဟောကြားခဲ့တဲ့ မင်္ဂလသုတ်ထဲက ပတိရူပဒေသ၀ါသ အတိုင်း မဖွံ့ဖြိုးသေးတဲ့ မိမိတို့အရပ်ဒေသကို ဖွံ့ဖြိုးအောင်လုပ်ပေးချင်တဲ့ စိတ်တွေသည် အလွန်မွန်မြတ်လှပါ၏ မိမိတို့ ကျေး ရွာတွင် ပညာရေးအတွက် အလွန်လိုအပ်နေသော မူလတန်းကျောင်းဆောင် အသစ်တည်ဆောက်ရန်ကိစ္စသည် မလေးရှား ရောက်နေသော လျှော်ချောင်းကြီးရွာသားတွေ၏ ဘ၀မှတ်တမ်းတခုဟု ဆိုရမှာဖြစ်၏ ဘုန်းကြီး တရားဟောပြီးသောအခါ သူတို့တတွေနှင့် မူလတန်းကျောင်းကိစ္စ ဆက်လက်ဆွေးနွေးပါ၏။
       ဒကာလေးတို့ လျှော်ချောင်းကြီးရွာတွင် မူလတန်းကျောင်းသစ်တည်ဆောက်ရန် မလေးရှားရောက် ဒကာလေးတို့ရွာ သားတွေ တလကို ရင်းဂစ် ၁၀-ထည့်နိုင်မလား ထည့်နိုင်ပါတယ်ဘုရား တနှစ်ဆိုလျှင် ၁၂၀-ထည့်ရမယ် ယ္ခု တရားနာလာ တဲ့ အယောက် ၁၀၀-တနှစ်စာ ထဲ့မည်ဆိုလျှင် ယ္ခုချက်ခြင်း ၁၂၀၀၀-ရရှိမှာဖြစ်တယ် ဘုန်းကြီးကို တရားပွဲ ဓမ္မပူဇာအဖြစ် လှူဒါန်းထားသော အလှူငွေ စာအိပ်တွေဖေါက်ခိုင်းကာ ရေထွက်စေ၏ စုစုပေါင်း ရင်းဂစ် ၇၀၀-လောက်ရှိ၏။
      ဘုန်းကြီးမှ ခေါင်းဆောင်လုပ်နေသော ဒကာလေးကို ဗလာစာအုပ်တွင် လျှော်ချောင်းကြီးရွာ မူလတန်းကျောင်းဆောင် အတွက် အလှူရှင်များ ခေါင်စဉ်ရေးခိုင်းပြီး ဘုန်းကြီးအတွက် ဓမ္မပူဇာလှူဒါန်းထားသော အလှူငွေ ၇၀၀-ရင်းဂစ်ကို သူတို့ အားပေးအပ်ပြီး ဆရာတော် အရှင်သဒ္ဓမ္မောဒယ မလေးရှား ဓမ္မရောင်ခြည်ကျောင်း အလှူငွေ ၇၀၀-ရင်းဂစ်လို့ စတင်ရေး သားခိုင်းလိုက်၏ စာရေးသည့်ဒကာလေးလည်း ဒီအလှူငွေတွေက ဆရာတော်အတွက် လှူတာပါဘုရား။
     ဟုတ်တယ်လေ ဘုန်းကြီးက မင်းတို့ရွာ မူလတန်းကျောင်းဆောင်သစ်အတွက် မတည်လှူဒါန်းတာလေ ဒကာလေးတို့ ရွာသားမဟုတ်တဲ့ ဘုန်းကြီးက ရင်ဂစ် ၇၀၀-လှူဒါန်းပြီး ဒကာလေးတို့ ရွာသားတွေ တယောက်ကို ဘယ်လောက်လှူနိုင်
မလဲလို့ စိန်ခေါ်လိုက်တာလေ ဘယ်လိုလဲ သဒ္ဓါတရားမှာ သတ္တိရှိတဲ့သူတွေ စာရင်းလာပေးနိုင်ပါတယ်ဟု ဖိတ်ခေါ်လိုက် တော့ ရင်းဂစ် ၅၀၀-အလှူရှင် ၃၀၀-အလှူရှင်တွေ ထွက်ပေါ်လာပါ၏ တနေ့ထဲနဲ့ ရင်းဂစ် ၁၀၀၀၀-ကျော်ရရှိပါ၏။
      ခေါင်းဆောင်လုပ်တဲ့ ဒကာလေးတွေလည်း ၀မ်းမြောက်ဝမ်းသာနဲ့ ဘဘုန်းကို တပည့်တော်တို့ ကျေးဇူးတင်ပါတယ် ဘု ရားဟု လျှောက်ထားကြ၏ ဒီလောက်ငွေနဲ့ ကျောင်းတဆောင်ရပါ့မလားမေးတော့ ရတယ်ဘုရား တပည့်တော်တို့နယ်က သစ်ပေါတယ်ဘုရား လုပ်အားခဘဲလိုတာ ကျောင်းအမိုးကိုလည်း မလေးရှားရောက် ရွာသားအလှူရှင် နှစ်ဦးက လှူမှာဆို တော့ ကျောင်းတဆောင်တော့ အောင်မြင်ပါပြီဘုရားဟု ၀မ်းမြောက်ဝမ်းသာ လျှောက်ထားကြ၏။
      ဘုန်းကြီးဟောပေးတဲ့ တရားတပွဲနဲ့ ကိုယ်တိုင်ဦးဆောင်ပြီး လှူဒါန်းခဲ့တဲ့ အကျိုးဆက်ကတော့ သဘာဝဘေးအန္တရာယ် ကို အံတုပြီး သစ်ပင်အောက်တွင် စာသင်နေရသော ကျောင်းသားငယ်လေးတွေအဖြစ်မှ ကျောင်းဆောင်အောက်တွင် သက် တောင့်သက်သာ စာပေသင်ကြားနိုင်သော ကျောင်းသားငယ်လေးတွေဘ၀ကို တွေးတော ရည်မှန်းပြီး ပီတိတွေ ဝေဖြာကာ သြော် ---လူသားတွေအတွက် ကောင်းကျိုးတခု ပြုခဲ့လေပြီဟု ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါ၏။   
     
 

Type your summary here. Type the rest of your post here.

No comments: