အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 24, 2013

ကြုံရ-ဆုံရ-မလေးရှားဘုန်းဘုန်းဘ၀(၄၆)



      ဒကာတော်မင်းမြတ် တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် ရှေးအတိတ်ကုသိုလ်တွေရှိခဲ့သော ဘုန်းရှင်ကံရှင်တွေမှသာ ဆောင်ရွက်အားထုတ်နိုင်ပါ၏ တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းသည် အ လွန်မွန်မြတ်သော ပရဟိတလုပ်ငန်းတွေဖြစ်သောကြောင့် သတိရတိုင်း သတိရတိုင်း ၀မ်းမြောက်မှုတွေဖြစ်ပြီး မိမိသဏ္ဍာန် မှာ ဆွတ်ဆွတ်ဖြူသော သူတော်ကောင်းတို့၏ အပရစေတနာမျိုးဖြစ်ကာ ကြည်နူးနှစ်သက်ရပါ၏။
   (ဘုရင့်နောင်ဝင်စားသလို ကျန်စစ်သားဝင်စားသလို ဘုရင်ရူးထနေတဲ့ ပုဂ္ဂိုလ်တွေမဖြစ်စေဘဲ မိမိရှေးအတိတ်ကုသိုလ် ကြောင့် မိမိနိုင်ငံကို ပေးဆပ်ခွင့်ရတာဘဲလို့ သဘောထားပြီး ယ္ခင်ကောင်းခဲ့လို့ ခုကောင်းလာတာ နောင်ကောင်းအောင် ငါ ဆက်လုပ်မယ်ရည်ရွယ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီးဆောင်ရွက်သင့်ပါ၏)
        ဒကာတော်မင်းမြတ် တိုင်းသူပြည်သားတွေ အကြားအမြင် ဗဟုသုတတွေ ကြွယ်ဝဖို့အတွက် ၀ိဇ္ဇာပညာရပ်ဖြစ်တဲ့ စာ ပေတွေကို တကယ်တတ်မြောက်အောင် သင်ကြားစီမံနိုင်ရမည် လက်မှုအတတ် စက်မှုအတတ်ဖြစ်တဲ့ သိပ္ပံပညာရပ်တွေကို လည်း ခေတ်နဲ့ ရင်ဘောင်တန်းပြီး သင်ကြားနိုင်အောင် စီမံပေးနိုင်ရမည်။
     (ယ္ခုခေတ်လို စာမတတ်ဘွဲ့ရ စာပေးစာယူ စာမေးပွဲတွေလို မဖြစ်စေဘဲ အထက်တန်းအဆင့်ရှိတဲ့ မြို့နယ်ကျေးရွာတွေ မှာ တွဲဖက်တက္ကသိုလ်တွေကို ဆရာလုံလောက်စွာနဲ့ သင်ပေးပြီး စာမေးပွဲဖြေဆိုသည့်အချိန်မှသာလျှင် တက္ကသိုလ်တွင် ဖြေ ဆိုစေပြီး မြို့နယ်ကျေးလက်တွေကို ပညာတတ်တွေများအောင် ပြုလုပ်ပေးသင့်ပါ၏ ဘာဖြစ်လို့လဲဆိုတော့ မြို့တက္ကသိုလ် တက်နိုင်သူက အနည်းစုဖြစ်ပြီး အများစုက ငွေကျေးကြောင့် မြို့ပြတက္ကသိုလ်ကို မတက်နိုင်ကြပါ တက္ကသိုလ်ပညာသည် တနှစ်ပတ်လုံးသင်ကြားနိုင်မှ တကယ်တတ်တဲ့ ပညာတတ်တွေထွက်လာမှာပါ)
     တိုင်းပြည်က ထုတ်ပြန်ထားသော စည်းကမ်းဥပဒေတွေကိုလည်း လိုက်နာတတ်အောင် ဆောင်ရွက်နိုင်ရမည် ပညာတွေ ဥပဒေတွေကို ကျွမ်းကျင်တတ်မြောက်မှသာလျှင် နိုင်ငံကြီးသား ပီသမည်ဖြစ်၏ နိုင်ငံကြီးသား ပီသသောပုဂ္ဂိုလ်တွေသာ လျှင် ယဉ်ကျေးသိမ်မွေ့သော သံတမန်နည်းပညာတွေ ချစ်ဖွယ် သယာဖွယ်သောစကားတွေနှင့် သဘာဝကျကျ လိမ္မာပါးနပ် စွာ ပြောဆိုတတ်သော နိုင်ငံသားကောင်းရတနာများ ပေါ်ထွက်လာပါလိမ့်မည်။
   ( တိုင်းသူပြည်သားတွေကို ကျောသားရင်သား မခွဲခြားဘဲ ငွေများတရားနိုင် လူကြီးအသိုင်းအ၀ိုင်းသိလျှင်တရားနိုင် တရား ဥပဒေအပေါ် အုပ်ချုပ်ရေးက စီရင်နေသမျှ တရားဥပဒေ စိုးမိုးမှုမရှိဘဲ တိုင်းသူပြည်သားတွေ ယုံကြည်မှုကင်မဲ့နေမှာဖြစ်၏ တိုင်းပြည်ခေါင်းဆောင်တွေကိုတိုင် လွတ်လတ်စွာ တရားစီရင်ခွင့် ဥပေဒေကို လေးစားလိုက်နာမှသာလျှင် ဒီတိုင်းပြည် ဒီလူ
မျိုးကို ကမ္ဘာက လေးစားမှာ ဖြစ်ပါ၏)
       ဒကာတော်မင်းမြတ် မိဘလုပ်ကျွေးခြင်းဆိုတဲ့ သားကောင်းသမီးကောင်းတို့ရဲ့အကျင့်ကို သူတော်ကောင်းတွေအားလုံး နှစ်သက်ကြပါ၏ မိမိမျိုးဆက်ပြန့်ပွားရေးနှင့် မျိုးဆက်သစ်ရှင်သန်ရေးအတွက် ဇနီမယား သမီးသားတို့ကို စားဝတ်နေရေး ကျန်းမာရေး တင့်တောင့်တင့်တယ် ထားနိုင်ဖို့ ရှုပ်ထွေးမှုကင်းတဲ့ သမ္မာအာဇီဝကြသော စီပွားရေးကို ကြီးပွားအောင် ဆောင် ရွက်နိုင်ရန် ဒကာတော်မင်းမြတ်၏ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ လိုအပ်လှပါ၏။
    (မိဘလုပ်ကျွေးခြင်းကို ဗုဒ္ဒဘာသာရဲ့ အဆုံးအမအောက်မှာနေလာတဲ့ မြန်မာအများစုကတော့ အထူးပြောစရာမလိုပါ လူပီသသူတွေကတော့ ဇနီးမယားသမီးသားကို ပြုစုလုပ်ကျွေးမှာသေချာပါ၏ တိုင်းရင်းသားအခွင့်အရေးတွေ ခွဲမထွက်နိုင် တဲ့ ဖက်ဒရယ်ပြည်ထောင်စုလို အခွင့်အရေးမျိုးတွေကို အပြည့်အ၀ပေးနိုင်မှသာလျှင် တိုင်းပြည်ကြီးငြိမ်းချမ်းလာမှာပါ) 
        ဒကာတော်မင်းမြတ် ဒကာတော်မင်းမြတ်၏ တိုင်းပြည်ကြီး ငြိမ်းချမ်းပြီး စီပွားဥစ္စာတွေ ပွားများလာလျှင် သင့်တိုင်းသူ ပြည်သားတွေ လူနဲ့တူအောင် လူပီသအောင် စွန့်လွှတ်အနစ်နာခံခြင်းဆိုတဲ့ ကိုယ်ကျင့်သိက္ခာသီလကို စောင့်ထိမ်းနိုင်မှသာ လျှင် လူနှင့်တူသော လူသားများ ဖြစ်လာပါလိမ့်မည်။
   (တိုင်းပြည်ငြိမ်းချမ်းမှ စီးပွားဥစ္စာတွေ တတိုင်းပြည်လုံး ဖွံ့ဖြိုးလာမှာပါ လူတိုင်းလူတိုင်း ချမ်းသာလာလျှင် ကိုကျင့်သိက္ခာ တွေလည်း အလိုလိုပြည့်စုံလာမှာပါ)
 

Type your summary here. Type the rest of your post here.

No comments: