သို့သော် လျှော်ချောင်ကြီးရွာသားတွေ ပတိရူပဒေသ၀ါသ အရပ်ကို ပြောင်းရွေ့ပြီး ပညာရေးအားဖြင့်
ဘွဲ့ရပညာတတ် တွေ မရှိဘူးလား ရှိပါတယ်ဘုရား ဘာဖြစ်လို့ဘွဲ့ရတာလည်းဆိုလျှင် ပညာရေးအားဖြင့်
ပတိရူပဒေသ၀ါသ အရပ်ကို ပြောင်း ရွေ့ခဲ့လို့သာလျှင် ပညာတတ်ဘွဲ့ရခြင်းဖြစ်၏ ကျန်းမာရေးနဲ့
ပတ်သက်ပြီး မကျန်းမာလျှင် မြို့တက်ပြီးဆေးကုရမှာဖြစ်၏ မိမိ တို့ရွာက ပတိရူပဒေသ၀ါသ မဖြစ်တော့
ပတိရူပဒေသ၀ါသ ဖြစ်တဲ့ မြို့တွေကို တက်ပြီးဆေးကုရတာပေါ့ မိမိတို့ရွာမှာသာ ကျေးလက်ကျန်မာရေးဆေးခန်း
ရှိမယ်ဆိုလျှင် ဖျားနာ သားဖွားလောက်တော့ အစဉ်ပြေမှာဖြစ်၏။
စီးပွားရေးနဲ့ ပတ်သက်လာလျှင် ကြီးပွားနိုင်တဲ့ အခွင့်အရေးတွေ များစွာနည်းပါးလှပါ၏
လက်လုပ်လက်စားတွေ ယာမြေ တွေထွန်ယက်စိုက်ပျိုးပြီး လုပ်ကိုင်စားသောက်တဲ့ သူတွေကအများစုဖြစ်၏
ရာသီဥတုမမှန်တော့လုပ်ကိုင်စားရတာ မလွယ် ကူ စားရေးသောက်ရေးတွေ ခက်ခဲလာတော့ မင်းတို့တတွေ
ပတိရူပဒေသ၀ါသကြတဲ့ မလေးရှားကို ရောက်လာကြတာပေါ့ မလေးရှားသည် မြန်မာပြည်နဲ့စာလျှင် စီးပွားရေးအားဖြင့်
ပတိရူပဒေသ၀ါသ အရပ်ဖြစ်၏။
ဘုရားဟောခဲ့တဲ့ ပတိရူပဒေသ၀ါသအရပ်ကို ပညာရှင်တွေ ဖွင့်ဆိုခဲ့ကြတာပါ သိုသော်လည်း
ပထမမြန်မာပြည်ကို တည် ထောင်ခဲ့တဲ့ အနော်ရထာဘုရင်ရဲ့ ဆရာမြတ်တဆူ ဖြစ်တော်မူတဲ့ ရှင်အရဟံမထေရ်မြတ်
ဟောကြားခဲ့တဲ့ မင်္ဂလသုတ်က ပိုစိတ်ဝင်စား စရာကောင်းတယ် အနော်ရထာဘုရင်မှ အရှင်မြတ် အရဟံမထေရ်ဘုရား
အရှင်ဘုရား၏ ပံ့ပိုးဆောင်ရွက်မှု ကြောင့် ပုဂံပြည်သူ ပြည်သားတွေ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာပါပြီဘုရား
ပုဂံပြည်ကြီးကို ဘယ်လိုနည်းဖြင့် အုပ်ချုပ်ရမလဲ ဆိုတာကိုလည်း လမ်းညွန်နည်းပြ မိန့်ကြားတော်မူပါဘုရားဟု
လျှောက်ထား၏။
ဒကာတော်မင်းမြတ် ဒကာတော်တိုင်းပြည်ကို
မင်္ဂလသုတ်နှင့်အညီ အုပ်ချုပ်တော်မူပါဟု မိန့်ကြားတော်မူ၏ ဒကာတော် မင်းမြတ် တိုင်းပြည်အုပ်ချုပ်ရာတွင်
တဦးတယောက်တည်းဖြင့် အုပ်ချုပ်၍ရသည်မဟုတ် ဒကာတော်မင်းမြတ်နှင့်အတူ လက်တွဲဆောင်ရွက်ရမည့်
ပုဂ္ဂိုလ်များကို ရွေးချယ်ရာတွင် မိမိကိုယ်ကျိုးကိုသာကြည့်ပြီး တိုင်းပြည်အကျိုးကို
လုံးဝငဲ့တွက်မှု မရှိသော လူမိုက်တွေကို မရွေးချယ်မိဖို့ အရေးကြီးပါ၏။
မိမိကိုယ်ကျိုးကိုသာ ကြည့်တတ်သော လူမိုက်တွေသည် ကာယကံအာဖြင့်လည်း လက်ရဲဇက်ရဲ
တပည့်တွေမွေးပြီး မိုက် မိုက်ရိုင်းရိုင်း ဆောင်ရွက်တတ်ပါ၏ ၀စီကံ အားဖြင့်လည်း မင်းနှင့်တကွ
တိုင်းပြည်ကို အမနာပတွေ ပြောဆိုရေးသားပြီး မိုက် မိုက်ကမ်းကမ်း လုပ်တတ်ပါ၏ မနောကံအာဖြင့်လည်း
တိုင်းပြည်အခွန်ဘဏ္ဍာတွေကို မိမိဘဏ္ဍာဖြစ်အောင် အမြဲ ခိုးဝှက်ရန် ကြံစီနေတတ်ပါ၏ အဲဒီလိုသာ
မိမိကိုယ်ကျိုးကို ကြည့်သူလူမိုက်တွေ အင်အားတောင့်တင်းပြီး တိုင်းပြည် အုပ်ချုပ်နေလျှင်
သင့်တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်ပြီး အန္တရာယ်ဆိုးတွေနဲ့ မုချမသွေ ကြုံတွေ့ရမှာဖြစ်၏
။
အနော်ရထာ ဘုရင်သည် ဆရာရှင်ရဲ့ စကားမြတ်ကို အလေးအနက်ထားပြီး တိုင်းပြည်ဘဏ္ဍာကို
ကိုယ်ဘဏ္ဍာ လုပ်ခြင် သူတွေ ရိပ်က္ခာကြောင့် သိက္ခာစွန့်မဲ့သူတွေကို မရွေးချယ်ဘဲ လူမှန်
နေရာမှန်ရွေးချယ်နိုင်ခဲ့ပါ၏ ရွေးချယ်မှု မှန်ကန်ခဲ့လို့ ပထမမြန်မာနိုင်ငံတော်ကြီး စည်ပင်ဝပြောပြီး
ယနေ့တိုင် မြန်မာတွေ လက်မထောင် ဂုဏ်ယူနေရခြင်းဖြစ်၏။
(ခုခေတ် ခေါင်းဆောင်တွေမှာတော့ လူမှန် နေရာမှန် မရွေးချယ်တတ်ဘဲ ရိက္ခာကြောင့်
သိက္ခာစွန့်မဲ့သူတွေ ရွေးချယ်နေရာ ပေးမိလို့ ၀န်ကြီးဋ္ဌာနတွေ ညွန်ချုပ်တွေကို တာဝန်မှအနားပေးသူပေးရ
အပြောင်းအလဲလုပ်သူလုပ်ရ အရေးယူသူ ယူရနဲ့ အမြဲ ကြားနေရပါ၏ မင်္ဂလသုတ်နှင့်အညီ တိုင်းပြည်ကိုအုပ်ချုပ်မှု
မစွမ်းနိုင်တော့ တိုင်းပြည် ဘက်ပေါင်းစုံမှာ နစ်နာလှပါ၏)
Type your summary here. Type the rest of your post here.
No comments:
Post a Comment