ဒကာတော်မင်းမြတ် မိမိကိုယ်ကျိုးကိုစွန့်လွတ်ပြီး တိုင်းပြည်အကျိုးကိုသာ ဆောင်ရွက်တတ်သော
ဋ္ဌာနတိုင်း လုပ်ငန်းတိုင်း မှာ ကြွမ်းကျင်လိမ္မာသော ပညာရှင် ပညာရှိတွေကိုသာ တိုင်းပြည်အနှံ့
ရွေးချယ်ခန့်ထားသင့်ပါ၏ တိုင်းပြည်အကျိုးကို ကြည့် တတ်သော ပညာရှိတွေဟာ ကာယကံအားဖြင့်လည်း
တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် အားကျိုးမာန်တက် ဆောင်ရွက်
တတ်ပါ၏။
ဝစီကံအားဖြင့်လည်း သာယာချိုမြိန်သောစကားတွေသာ
ပြောဆိုတတ်၍ သံကောင်းတမန်ကောင်းအဖြစ် ဆောင်ရွက် တတ်ပါ၏ မနောကံအားဖြင့်လည်း သူတော်ကောင်းစိတ်ဖြင့်
တိုင်းသူပြည်သားတွေအပေါ် မေတ္တာအပြည့်အ၀ထားကာ ဆောင်ရွက်တတ်ပါ၏ ဤလိုပညာရှိ သူတော်ကောင်းတွေ
ထွန်းကားပေါများမှသာလျှင် ဖွံ့ဖြိုး တိုးတက်မှုမြန်ဆန်ပြီး အေး ချမ်းသာယာ၍ ပျော်ရွှင်ဖွယ်အပေါင်းနှင့်
ပြည့်စုံသော နိုင်ငံတော်ကြီး ဖြစ်လာပါလိမ့်မည်။
(ခုခေတ်တော့ ပညာတတ်တွေကို ချောင်ထိုးထားပြီး
တတ်ယောင်ကား လက်ညိုးထောင်ခေါင်းညိမ့်တွေကို ရွေးချယ်ခန့်ထား တာကြောင့် ပညာမဲ့တွေ အုပ်ချုပ်သော
တိုင်းပြည်ဖြစ်ကာ တိုင်းပြည် ကမောက် ကမ တွေ ဖြစ်နေပါ၏ ဖြစ်နေပါ၏ နိုင်ငံခြား ရောက်
သံတမန်တွေလည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်တတ်အောင် အထူးသင်တန်းပို့ချရမဲ့ကိန်း
မြင်နေပါ၏ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် ငြိမ်းချမ်းရေး သူတော်စဉ် ပညာရှိတွေကိုသာ
တာဝန်ပေးသင့်ပါ၏)
ဒကာတော်မင်းမြတ် သင့်မိဘတွေကို ပူဇော်လုပ်ကျွေးသကဲ့သို့
တိုင်းသူပြည်သားတွေကို စားဝတ်နေရး ကျန်းမာရေး ပြည့်စုံအောင် ဆောင်ရွက်ပေးခြင်းသည် အာမိသပူဇာဖြင့်ပူဇော်ခြင်းဖြစ်ပါ၏။
မိမိတိုင်းသူပြည်သားတွေ
ဘာသာရေး ယုံကြည်မှုကို ရိုရိုသေသေ ယုံကြည်တတ်လာအောင် စွတ်လွှတ် အနစ်နာခံချင် တဲ့ စိတ်ဓါတ်အားနည်းနေသော
တိုင်းသူပြည်သားတွေကို ပေးကမ်းခြင်းဆိုတဲ့ စွန့်လွှတ်အနစ်နာခံချင်တဲ့ စိတ်ဓါတ်တွေ တဖွားဖွားပေါ်ပေါက်လာအောင်
ကိုယ်ကျင့်သိက္ခာအားနည်းနေသော တိုင်းသူပြည်သားတွေကို ရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ ကိုယ်ကျင့်သိက္ခာတွေ
ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်မှသာလျှင် ဓမ္မပူဇာအားဖြင့် ပူဇော်သော ဒကာတော်ကို မင်းကောင်း
မင်းမြတ်ဟု တိုင်းသူပြည်သားတွေက ချီးမွမ်းထောပနာ ပြုပါလိမ့်မည်။
(ယ္ခုခေတ်တော့ တိုင်းသူပြည်သားတွေကို အာမိသ ပူဇာ
ဓမ္မပူဇာဖြင့် ပူဇော်တာမျိုး မတွေ့ရသေးပါ တိုင်းသူပြည်သား တွေသည် စားဝတ်နေရေးလဲ မသေအောင်သာ
စားရတဲ့ အဆင့်ရှိပါ၏ ကျန်းမာရေးကလည်း ငွေကျေးမရှိလျှင် သေဘို့သာ အချေအနေရှိပါ၏ စားစရာမရှိတော့
ကိုယ်ကျင့်သိက္ခာလည်း မစောင့်ထိန်းနိုင်တော့ပါ ကိုယ်ကျင့်သိက္ခာလည်း ပျက်စီးနေပါ ၏ ဤအခြေခံကိစ္စတွေကို
မဖြေရှင်းပေးနိုင်သမျှ တိုင်းသူပြည်သားတွေကို ပူဇော်ရာမရောက်ပါ ချီးမြောက်ရာမရောက်ပါ)
Type your summary here. Type the rest of your post here.
No comments:
Post a Comment