အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 16, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၄၀)





         ဘုန်းကြီးမျက်စိထဲတွင် ဒကာဇော်နိုင်၏ မြန်မာပြည်တွင် ကျန်ခဲ့သော ဇနီးနှင့် လူမမယ် ကလေးငယ် သုံးယောက်ကို
မျက်စိထဲမြင်ယောင်နေ၏ ဤမိသားစု လယ်ပေါင် ခြံပေါင်ပြီး ချေးငှားထားတဲ့ ငွေတွေနှင့်ဘ၀ပျက်မှာတော့ သေချာလောက် ၏ ဆင်းရဲတွင်းမှ လွတ်အောင်ဆိုပြီး ရှိတာတွေ ပေါင်နှံပြီး မလေးရှားသို့တက်လာခြင်းဖြစ်၏ မလေးရှားတွင် သင်္ကြန်တွင်း ပျော်ပါးရာမှ အသက်ပါပျောက်သွားသည့်အတွက် တမိသားစုလုံး ဘ၀ပျက်မဲ့ကိန်း ဆိုက်ရောက်သွားပါ၏။
        ဘုန်းကြီးလည်း ဆွမ်းစားလာပင့်သော ကားပေါ်တင် စိတ်မကောင်းခြင်းများစွာဖြင့် လိုက်ပါလာခဲ့၏ ဒီလိုဆွမ်းစားမျိုး ဆွမ်းဖုံးပေးရခြင်းသည် မလွှဲသာလို့သာဖုံးပေးရ၏ ရင်ထဲကဆန္ဒက သိပ်မပါချင် သို့သော်လည်း ဒီဒုက္ခရောက်နေသော မိသားစုကို ဘုန်းကြီးဘယ်လိုကူညီနိုင်မလဲ တွေးတောပြီးလာခဲ့ရာမှာ ဆွမ်းကပ်မည့်အိမ်သို့ ရောက်ရှိလာ၏။
       ကြားရက်ဆိုတော့ ညဆိုင်းသမာတွေ ပြန်လာချိန်နှင့် နေ့ဆိုင်းသမားတွေ အလုပ်ဆင်းမဲ့အချိန်ဖြစ်၏ စက်ရုံလုပ်သား မြန်မာတွေများသည့်စက်ရုံဖြစ်၏ ဘုန်းကြီးလည်း ဆွမ်းမြန်မြန်ဖုံးပေးပြီး နေ့ဆိုင်းသမားနှင့် ညဆိုင်းသမားတွေ ဆုံချိန်တွင် တရားဟောလိုက်၏ လူဆုံချိန်ကို တမင်သက်သက်ရွေးပြီဟောခြင်းဖြစ်၏ တရားကိုတော့ တိုတိုနဲ့ လိုရင်းကိုသာ ဟော လိုက်၏ ဘုန်းကြီးမှာ လူဆုံချိန် ပြောဖို့ရည်ရွယ်ချက်တခုရှိနေ၏။
       တရားပွဲတွင် ဘုန်းကြီးအား အလှူငွေတွေ စုပေါင်းကပ်လှူကြ၏ အလှူငွေကပ်ပြီးချိန်တွင် ဘုန်းကြီးမှ သူတို့တတွေကို ခေတ္တထိုင်ခိုင်းပြီး မရည်ရွယ်ခဲ့သည့် လူမှုရေးလုပ်ငန်းတခုကို လုပ်ဆောင်လိုက်နိုင်၏ သူတို့တတွေကို ဒကာဇော်နိုင် မလေး ရှားရောက်တာ ဘယ်လောက်ကြာပြီလည်း သုံးလဘဲရှိသေးတယ်ဘုရား အကြွေး ၁၆-သိန်းနဲ့ လယ်ပေါင် ခြံပေါင်ပြီး တက် လာတယ်ဆိုတာကော သိကြရဲ့လား သိပါတယ်ဘုရား။
   သုံးလဆိုတော့ ငွေဘယ်လောက်ပြန်ပို့ပြီးပြီလည်း ၂-သိန်းကျော်ဘဲ ပြန်ပို့နိုင်သေးတယ်ဘုရားဟု သူ့ရွာသားတွေမှပြော၏ ဒါဆိုလျှင် အတိုးလောက်ဘဲ ပြန်ပို့နိုင်သေးတာဘဲ ဒကာဇော်နိုင်ဒီမှာ အသက်ရှုရပ်သွာပြီဆိုတော့ သူဇနီးနဲ့ လူမမယ်ကလေး တွေ အသက်ရှုကျပ်ပြီး ဒုက္ခဆိုတဲ့ သောကဆိုးတွေကို ရင်ဆိုင်ရမှာ သေချာတယ် ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီနိုင်မှ မိတ်ဆွေကောင်းပီသတယ်ဟု လောကဆိုရိုးရှိတယ်။
     ယ္ခုလည်း ဒကာဇော်နိုင်မိသားစု ဒုက္ခရောက်နေချိန်မှာ မိတ်ဆွေသင်္ဂဟတွေ စုပေါင်းလှူဒါန်း ပန့်ပိုးပေးနိုင်ရင်မကောင်း ဘူးလား ကောင်းပါတယ်ဘုရား ဒကာတို့ ဘုန်းကြီးကို စုပေါင်းလှူဒါန်းထားတဲ့ ငွေတွေကို ဘုန်းကြီးက မတည်လှူဒါန်းပေး မယ် ဒကာတို့တတွေလည်း လခါထုတ်လျှင် တယောက် ၅၀-၁၀၀- စသည်ဖြင့် လှူဒါန်ကြပါ ရသည့်ငွေဖြင့် ဒကာဇော်နိုင်၏ ကျန်ခဲ့တဲ့ ဇနီးနှင့် လူမမယ်ကလေးငယ်များကို ထောက်ပန့်ပါဟု ခေါင်းဆောင်လုပ်သူအား အပ်ခဲ့၏ တကယ်လို့ ၁၆-သိန်း မပြည့်သေးလျှင် ဘုန်းကြီးထံလာခဲ့ပါ ဘုန်းကြီးထပ်လှူပါအုံးမည်ဟု ပြောဆိုပြီး ပြန်ကြွလာခဲ့၏။
      ဘုန်းကြီလည်း ထိုအကြောင်းအရာကို အသက်ရှုရပ်သူနဲ့ အသက်ရှုကြပ်သူများ ခေါင်စဉ်နဲ့ ဆောင်ပါးပါးတဆောင်ရေး ကာ လမ်းသစ်ဂျာနယ်တွင် ထည့်ခဲ့၏ စာဖတ်သူတွေ စိတ်ဝင်စားကာ လှူဒါန်းချင်သူတွေ များစွာထွက်ပေါ်လာ၏ ခေါင်း ဆောင်လုပ်သူကို နောက်တခါ တွေ့လို့ မေးကြည့်တော့ စုပေါင်းကောက်ခံငွေ ၁၄-သိန်းရရှိတာနဲ့ ပို့လိုက်ပါပြီဘုရားဟု သ တင်းကောင်းကြားရ၏ အသက်ရှုကြပ်သူ မိသားစုကို အသက်ရှုချောင်အောင် မိမိတတ်နိုင်သလောက် ဆောင်ရွက် ပေးခဲ့ ခြင်းသာဖြစ်၏ ထိုလုပ်ဆောင်ခဲ့သည့် ကုသိုလ်လေးကို သတိရတိုင်း ပီတိ ဖြစ်နေပါ၏။
 


Type your summary here. Type the rest of your post here.

No comments: