အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, November 1, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၅၃)





  ၂၀၁၀ နောက်ပိုင်း အစိုးရသစ်အပေါ်တွင် အနောက်နိုင်ငံများမှ နွေးထွေးသည့် ဆက်ဆံမှုမျိုး၊ အများမျှော်လင့်မထားသည့် အခွင့်အရေးများ လျင်မြန်စွာ ဆင်းသက်လာခြင်းနှင့် တစ်ချိန်က သံတမန် ဆက်ဆံရေးပင် မရှိသည့် နိုင်ငံများမှ အရေးတယူ ဆက်ဆံလာခြင်းအပေါ် ပတ်ဝန်းကျင် နိုင်ငံများသို့ များစွာရိုက်ခတ်မှု ရှိပါ၏ အံ့သြစရာကောင်းလောက်အောင်လည်း တကမ္ဘာ လုံး၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပါ၏ နိုင်ငံရပ်ခြားကနိုင်ငံတော်အကြီးကဲတွေလည်း ဥဒဟို ၀င်ထွက်လည်ပတ်လာတာတွေကိုလည်း တွေ့မြင်ရ၏ ရင်နှီးမြုတ်နှံမည့် ကုမ္ပဏီတွေ အကူအညီပေးသည့်နိုင်ငံတွေ များစွာဝင်ထွက်ပြီး ကူညီပန့်ပိုးနေတာကိုလည်း အထူး အံ့သြလောက်အောင်တွေ့မြင်ရပါ၏။   
       ထို့ကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး အခွင့်အလမ်းများနှင့် ပတ်ဝန်းကျင် နိုင်ငံများ၏ အကျိုးသက်ရောက်မှု၊ လွှမ်းမိုးမှုမှ သည် အမျိုးသား အကျိုးစီးပွား အားပြိုင်မှုများတွင် မြန်မာနိုင်ငံ နောက်ကောက်ကျ အထိုးမခံရစေရန်မှာ တိုင်းသူ ပြည်သားများ အုပ်ချုပ်သူ အစိုးရသာမက အတိုက်အခံများပါ ဝိုင်းဝန်းကြိုးပန်းမှသာ ကာကွယ်နိုင်မည် ဖြစ်၏ အရှေ့တောင်အာရှ၏ နိုးထလာ မည့် မြန်မာနိုင်ငံတည်းဟုသော ကာလနဂါးကြီးအား အင်အားကျုံလှီစေရန် ကြိုးပန်းလာမည်ကို ဝိုင်းဝန်းကာကွယ်နိုင်မှသာလျှင် မြန်မာနိုင်ငံ၏ အနာဂတ် သာယာလှပမည် ဖြစ်ကြောင်းကို သတိထားရန်အတွက် နှိုးဆော်တိုက်တွန်းလိုက်ရပါ၏            
       နှစ်ပေါင်း၅၀-ကျော်  အမှောင်ပိတ်ခံထားရခြင်းကြောင့်  နိုင်ငံတကာ စံနှုန်းများ  အတွေးအခေါ်များ  အပြောအဆိုများနှင့် အံဝင်ဂွင်ကျဖြစ်ရန် အချိန်တစ်ခု လိုနေဦးမည်သာ ဖြစ်၏ ပြောဆိုရေးသားမှုများ တုန့်ပြန်မှုများတွင် ပါးနပ်မှုများ ပရိယာယ်များ အားနည်းနေမည်ပင်ဖြစ်၏ မြန်မာပြည်သားများမှလည်း ကြိုးစားသွားကြရမည်ပင်ဖြစ်ပါ၏ ယ္ခု ရေတွင်းတူး ယ္ခု ရေကြည် ရေ  အေး ထွက်လာမည်တော့ မဟုတ်သေးပါ   မြန်မာနိုင်ငံသည်   အသွင်ကူးပြောင်းစ  နိုင်ငံတစ်နိုင်ငံသာ   ဖြစ်ပါသောကြောင့် လူပုဂ္ဂိုလ်များသည် မိမိ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို ခွဲခြားကျင့်ကြံမှု အားနည်းမှုများ ရှိနေမည်မှာ မလွဲပါ ဤသည် မှာ ဒီမိုကရေစီ စနစ်ကိုပြောင်းကာစနိုင်ငံများတွင် ဖြစ်တတ်သည့် သဘာဝပင်ဖြစ်ပါ၏။
      သန်း ၆၀-ကျော်ရှိသော မြန်မာပြည်သည် လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝသော နိုင်ငံတခုဖြစ်၏ မြန်မာပြည်တွင် ရင်း နှီးမြုတ်နှံမည့် လုပ်ငန်းရှင်တွေသည် ကြွမ်းကျင်လုပ်သား များစွာလိုအပ်မည်ဖြစ်ပါ၏ ထို့အတွက်တော့ လုံးဝပူစရာမလိုပါ ထိုင်း နှင့် မလေးရှားတွင် ရောက်နေသော မြန်မာလုပ်သားတွေသည် ကြွမ်းကျင်လုပ်သားအဆင့်ရောက်နေသူတွေဖြစ်၏ တနည်းအား ဖြင့်ပြောရလျှင် မြန်မာပြည် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်သို့ရောက်ရန် ကြွမ်းကျင်လုပ်သားတက္ကသိုလ်သို့ တက်ရောက်သင်ကြားနေ သည် ဆိုလျှင်လည်း မမှားပါဘူး။
       အဲဒီလို ကြွမ်းကျင်လုပ်သားတွေ သူတို့နိုင်ငံက ထွက်ခွါသွားမှာကို မလေးရှားနှင့်ထိုင်း လုပ်ငန်းရှင်တွေ  စိုးရိမ်လျှက်ရှိပါ၏ မလေးရှားမှာဆိုလျှင် မြန်မလုပ်သားတွေ ၉၀-ရာခိုင်နှုံးနဲ့ လယ်ပတ်နေရတဲ့ စက်ရုံတွေများစွာရှိ၏ ဥပမာ တခုပြရမယ်ဆိုလျှင် မလေးရှား ကွာလာလမ်ပူ ပူချုန်း ၁၈-မိုင်ရှိ ဘတ်စ်ကားတွေ ထုတ်လုပ်သောစက်ရုံသည် ရမဲသင်းမြို့နယ်ကံကြီးရွာသား အများ စုနဲ့ လည်ပတ်နေသောစက်ရုံဖြစ်၏ ဘတ်စ်ကားတွေကို အစမှအဆုံးထိ မြန်မာလုပ်သားတွေနဲ့တည်ဆောက်နေခြင်းဖြစ်၏ ဒီစက်ရုံက လုပ်သားတွေသာ မြန်မာပြည်ပြန်မယ်ဆိုလျှင် ထိုစက်ရုံပိတ်လိုက်ရမှာသေချာ၏။
       ထို ဘတ်စ်ကားစက်ရုံက မြန်မာလုပ်သားတွေသည် တကယ့်ကြွမ်းကျင်အဆင့်လုပ်သားတွေဖြစ်၏ ဘုန်းကြီးဆွမ်းစားကြွ ရင်း စကားစပ်မိလို့ ပြောဆိုခဲ့ဘူးသေး၏  မင်းတို့ကံကြီးရွာသားတွေ မြန်မာပြည်ပြန်ပြီး ဘတ်စ်ကားစက်ရုံထောင်မယ်ဆိုလျှင် ဘယ်သူမှခေါ်စရာမလိုဘူး မင်းတို့တတွေငွေကျေးစုထားကြပါ တိုင်းပြည်ပြောင်းလဲလာလို့ အခွင့်အရေးတွေပေါ်လာလျှင် လက်
လွတ်မခံနဲ့ ယ္ခုတတ်ထားသည့်ပညာနဲ့ ကြီးပွားအောင် ကောင်းကောင်းအသုံးချပါလို့ တရားဟောရင်း ထဲ့ဟောခဲ့သေး၏။
 


Type your summary here. Type the rest of your post here.

No comments: