အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, November 10, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၆၀)





    အင်ဒိုနီးရှား
      ဘာသာမတူတဲ့နိုင်ငံတွေမှာ အလုပ် လုပ်ရတဲ့ ရွှေမြန်မာတွေ အတွက် မြန်မာပြည် ဘာသာရေးရဲ့ပဋိပက္ခရဲ့ရိုက်ခတ်မှု ကိုလည်း ရက်ရက်စက်စက် ဓါးဒဏ် ဒုတ်ဒဏ်ကို အလူးအလဲ ခံရပါ၏ အင်ဒိုနီးရှားတွင် ပင်လယ်ရေမျှော မြန်မာလုပ်သား တွေနဲ့ လှေပြေးဒုက္ခသည် ဘင်္ဂလီတွေကို ထောင်တခုထဲတွင် အတူထားသည်ဟုဆို၏ မြန်မာပြည် ဘာသာရေး ပဋိပက္ခပါ အင်ဒိုသတင်းစာတဆောင်ကို ဘင်္ဂလီတွေဖတ်ပြီး တထောင်တည်းနေ မြန်မာရေလုပ်သား ၈-ရောက်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်သည့် သတင်းကိုလည်း ၀မ်းနဲဖွယ်ဖတ်လိုက်ရပါ၏။
     အင်ဒိုနီးရှားအစိုးရ ထောင်မှုးတွေလည်း သူတို့နှင့်ဘာသာတူ ဘင်္ဂလီတွေဘက်ကိုလိုက်ကာ မြန်မာတွေကို ရက်ရက် စက်စက် သတ်ဖြတ်နေတာကို မသိချင်ရောင် ဆောင်နေပုံရ၏ သတ်ဖြတ်သူတွေကိုလည်း ချက်ခြင်းအရေးမယူ ဘာသာတူ ကို အားပေးတယ်ဆိုတာ သိသာထင်ရှားလှ၏ လူ့အခွင့်အရေးအဖွဲ့တွေက ၀ိုင်းအော်မှ ဟန်ပြအရေးယူ၏  လူသတ်မှု ထင် ရှားပါလျှက် ဥပဒေကြောင်အရအရေးမယူခြင်းသည် ဘာသဘောလဲဆိုတာ လယ်ပြင်မှာ ဆင်းပြေးသလို မြင်သာထင်သာ ရှိလှပါ၏ ။
     အင်ဒိုနီးရှားနိုင်ငံသား အကြမ်းဖက်အဖွဲ့ အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို မြန်မာပြည် ဘာသာရေး ပဋိပက္ခကို အကြောင်းပြ ပြီး ဗုံးခွဲဖို့ ကြံစီတာကိုတော့ဖမ်းဆီးလိုက်နိုင်၏ မဖမ်းဆီးလိုကလည်းမဖြစ် သူတို့နိုင်ငံသားကိုယ်တိုင် ဖေါက်ခွဲမှာဆိုတော့ သူတို့နိုင်ငံ၏ ပုံရိပ်ဆိုးကို ကမ္ဘာကမြင်သွားမှာ စိုးရိမ်ပုံရ၏ ထိုအကြမ်းဖက်အဖွဲ့သည် သူတို့နိုင်ငံကိုပါ ဒုက္ခပေးမဲ့အဖွဲ့ဆိုတာ လည်း သိရှိနေလို့ဖြစ်၏ ထိုအဖွဲ့အစည်း၏ အဆက်အနွယ်တွေကိုပါ နိုင်ငံအနှံ့ လိုက်လံပစ်ခတ်ဖမ်းစီးတာကို တွေ့မြင်ရ၏။
        ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာလည်း အင်ဒိုနီးရှားသည် မိမိနိုင်ငံရှိ နိုင်ငံတကာသံရုံးတွေကို လုံခြုံမှုပေးနိုင်သည်ဆိုသည့် ပြ ယုဂ်ကို ကမ္ဘာကို ပြသလိုက်ခြင်းဖြစ်နိုင်၏ ဘာပြောပြော မြန်မာသံရုံးကို အကြမ်းဖက်တိုက်ခိုက်မည့် လူဆိုးများကို ဖမ်းဆီး နှိမ်နင်းလိုက်သည့်အတွက် မြန်မာပြည် အစိုးရနဲ့ပြည်သူတွေကတော့ ကျေးဇူးတင်မှာပါ သို့သော် ဘာသာမတူတဲ့ နိုင်ငံတွေ မှာရောက်ရှိနေတဲ့ မြန်မာတွေအတွက် အန္တရယ်ရှိသည်ဆိုသည့် အချက်ပေးခေါင်းလောင်းသံကတော့ ထင်ထင်ရှားရှား သိ လိုက်ရသည့်အတွက် မြန်မတွေ အထူး သတိဝိရိယနဲ့ ဆင်ခြင်နေထိုင်ကြပါလို့ တိုက်တွန်းပါ၏။
 


Type your summary here. Type the rest of your post here.

No comments: