အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, November 27, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၅)





    လူဦးရေမွေးဖွားနှုန်းဖြင့် မြန်မာပြည်ကို သေနတ်တချက်မှ မဖေါက်ဘဲ သိမ်းယူမဲ့ မဟာဗျူဟာကို နိုင်ငံတော် အကြီးအကဲ တွေကို စိန်ခေါ်နေပါ၏ တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် အင်ဒိုနီးရှား မလေးရှားတို့ကို သင်္ခန်းစာယူပြီး အဲဒီနိုင်ငံတွေ လို အဖြစ်မျိုး မကြုံတွေ့ရအောင် ကြိုတင်ပြင်ဆင်သင့်ပါ၏ ဘာသာ သာသနာပျောက်လျှင် လူမျိုးပါပျောက်ကွယ်မည်ဖြစ်၏ လူမျိုးပျောက်လျှင် နိုင်ငံပါအရောင်ပြောင်းသွားနိုင်ပါ၏
     ဘင်္ဂလားဒေ့ရှ်ဟာ  နိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းနဲ့ လူထုဟာ ဘယ်လိုမှ သဟဇာတဖြစ်တဲ့ အနေအထားမှာ ရှိနေတာ မဟုတ်သလို ပညာရှင်တွေရဲ့သုံးသပ်ချက်ဖြစ်တဲ့ ပင်လယ်ရေမျက်နှာအောက်မှာပျောက်ဆုံးသွားမယ့် မြေဧရိယာဟာလည်း ဘင်္ဂလားဒေ့ရှ် လူထုကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာသို့ ဖြန့်ထွက်သွားအောင်  လျှို့ဝှက်ချက် မဟာဗျူဟာတွေအဖြစ် ပုံဖော်တာတွေလည်း ဖြစ်နိုင်ပါ၏။
     တဘက်မှာလည်း ဘာသာရေးနယ်ချဲ့ချင်တဲ့ မဟာဗျူဟာတွေလည်း ကျွဲကူးရေပါဆိုသလို ပါဝင်ပါလိမ့်မယ်  ဒါကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကပင် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအိပ်မက်ဟာ ဒီနေ့အချိန်ထိ ယှဉ်သန်နေဆဲဖြစ်တယ် ဆိုတာ သူတို့ရဲ့လှုပ်ရှားမှုတိုင်းက သက်သေခံနေပါ၏။
     အထူးသဖြင့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေနဲ့ ဘင်္ဂလားဒေ့ရှ် က ဘင်္ဂလီတွေဟာ ထိုင်း၊ မလေးစတဲ့ ဒုတိယနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ကြရင်း တဖက်မှာလည်း အဲဒီက တဆင့် တတိယနိုင်ငံတွေမှာ အခြေချနေထိုင်နိုင်တယ်ဆိုတဲ့ မက်လုံး တွေပေးပြီး လှုပ်ရှားနေတဲ့ ကွန်ယက်တွေရှိပါ၏ ထိုကွန်ယက်တွေထဲတွင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ လှုပ်ရှားသူတွေက ချိတ်ဆက်ထားပါတယ် အဲဒီနည်းလမ်းတွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီတွေရဲ့ အရေ အတွက်ဟာ ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းရခက်ပါ၏။
    မြန်မာ ပင်လယ်ကမ်းရိုးတန်း၊ ထိုင်းပင်လယ်တွေထဲမှာ မကြာခဏဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်ထဲက ဘင်္ဂလီက နည်းနည်းနဲ့ ဘင်္ဂလား ဒေ့ရှ်က ဘင်္ဂလီတွေ များများဖြစ်နေခြင်းတွေဟာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အဆမတန်တိုးပွားနေတဲ့ လူဦးရေကို လျော့ချရေး လျှို့ဝှက် စီမံကိန်းတခု ဖြစ်နေမယ်ဆိုတာ ထင်ရှားပါ၏ တဖက်မှာလည်း နိုင်ငံတကာရောက်ရင် အလိုအလျောက်ရိုဟင်ဂျာဖြစ်သွားတတ်တဲ့ စီမံကိန်းဟာလည်း ရေရှည်စီမံကိန်းတခုဖြစ်ပါလိမ့်မယ်။
    လှေစီးပြီး နိုင်ငံတကာကို ဖြန့်ကျက်ထွက်နေတဲ့ ဘင်္ဂလီတွေဟာ သြစတေးလျအထိရောက်ပါတယ် လှေစီးပြီး မသွားခင် သင်တန်းလို ပုံစံမျိုးတွေရှိနိုင်ပါတယ် တကယ်လို့ နိုင်ငံတခုခုက မိရင် မြန်မာအစိုးရက ဘာသာရေးဖိနှိပ်လို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါလို့ ပြောရန် စတဲ့သင်တန်းမျိုးပါ ဒါကြောင့် နည်းမျိုးစုံနဲ့ ရခိုင်ပြည်ထဲမှာ နေထိုင်ခဲ့ဖူးတဲ့ ဘင်္ဂလီတွေရော ဘင်္ဂ လားဒေ့ရှ်က ဘင်္ဂလီတွေဟာ ဒုတိယနိုင်ငံ တတိယနိုင်ငံတွေမှာ ရိုဟင်ဂျာတွေဖြစ်သွားတတ်ပြီး နိုင်ငံတကာမှာ ခန့်မှန်းလို့ မရနိုင်လောက်အောင် ထုနဲ့ထည်နဲ့ ရောက်ရှိနေပါပြီဖြစ်ပါ၏။
      မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အင်္ဂလန်တွင် မြန်မာတိုင်းရင်းသားထဲတွင် ရိုဟင်ဂျာမရှိကြောင်း အတိ အလင်း သတ္တိရှိရှိ ပြောဆိုခြင်းသည် ချီးကျူးရပါ၏ တကယ်လို့များ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုခဲ့လျှင် ရခိုင်ပြည်ထဲ မှာရှိနေတဲ့ ဘင်္ဂလီ အင်အားစုတွေ မြန်မာပြည်တွင်းရှိ မူစလင်တွေလည်း ရိုဟင်ဂျာဆိုပြီး ပြောလာနိုင်ပါတယ် နိုင်ငံတကာ ရောက်နေတဲ့ ဘင်္ဂလီတွေပါ ရိုဟင်ဂျာဆိုပြီး ၀င်ရောက်လာနိုင်ပါ၏။
   ထိုသို့များဖြစ်လာခဲ့သော် မြန်မာ အချုပ်အခြာအာဏာကို ထိပါးလာမှာ သေချာပါ၏ ထို့ကြောင့်နိုင်ငံတော်အနေနဲ့ မိမိနိုင်ငံ ရဲ့ရှေ့ရေးကို မျှော်တွေပြီး ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ရမည့် အချိန်သို့ရောက်ရှိနေပါပြီ နိုင်ငံတော်သမ္မတကြီးက တော့ မြန်မာတိုင်းရင်းသားထဲတွင် ရိုဟင်ဂျာမရှိဘူးလို့ အပြတ်ညင်းပြီးပါပြီ လွှတ်တော်ခေါင်းဆောင်တွေနှင့် အမတ်မင်းတွေ
ပြည်သူပြည်သားတွေလည်း သမ္မတကြီးနှင့်အတူ နှုတ်ထွက်တူပါရန် တိုက်တွန်းပါ၏။
 


Type your summary here. Type the rest of your post here.

No comments: