သောဏဒဏ္ဍပုဏ္ဏားကြီး လောကမှာ ကျက်သရေရှိဖို့အတွက်
ဤအချက်ငါးချက်ပြည့်စုံမှဆိုတော့ မများလွန်းဘူးလား နှုတ် လို့ ပယ်လို့ရမယ်ဆိုလျှင်
နှုတ်ပယ်ပေးပါအုံးလို့ ရှင်ဂေါတမမှ ဈေးဆစ်သည့်သဘောဖြင့် ပန်ကြားပြောဆိုလေ၏
ပုဏ္ဏားကြီး လည်း ခေါင်းကုတ်ကာ စဉ်စားပြီး ရှင်ဂေါတမ ရုပ်ရည်အဆင်းလှပတာကို
ပယ်လို့ရပါတယ် ပြန်လည်ပြောဆို၏။
ဝေဒပညာရှင် သောဏဒဏ္ဍပုဏ္ဏားကြီး ရုပ်ရည်အဆင်းလှပတာ ကျက်သရေနဲ့ မဆိုင်ဘူးလို့
ပြောဆိုခြင်းဖြစ်ပါ၏ သို့ သော် ကျက်သရေသည် ကုသိုလ်နှင့်ပညာဟုလည်း ဆိုထားပါ၏
ရှေးဘ၀ကုသိုလ်ကြောင့် ယ္ခုဘ၀ ရုပ်ရည်အဆင်းလှပ လာခြင်းသည် ကုသိုလ်နှင့်ပတ်သက်နေပါ၏
ကုသိုလ်နှင့်ပတ်သက်လျှင် ကျက်သရေနှင့်လည်း ပတ်သက်ရမည်သာဖြစ်၏ ယ္ခုဘ၀ ရုပ်ရည်လှပသော်လည်း
လက်ရှိဘ၀မှာယုတ်မာကောင်ကျစ်နေလျှင် ကိုယ်ကျင့်သိက္ခာတွေ ပျက်ပြားနေလျှင်လည်း
ကျက်သရေမဲ့မည်သာဖြစ်သောကြာင့် ရုပ်ရည်အဆင်းလှပတာကို ကျက်သရေနှင့် မဆိုင်ဘူးဟု
ပုဏ္ဏားကြီးဆိုခြင်းဖြစ်၏။
ရှင်ဂေါတမ မှ ပုဏ္ဏားကြီး
နောက်ထပ်လျှော့လို့ ရအုံးမယ်ဆိုလျှင်
ထပ်လျှော့ပါအုံးလို့ ဒုတိယအကြိမ် ဈေးဆစ်ပြီး
ပြော ကြားသည်အခါ ပုဏ္ဏားကြီး အကြံအိုက်သွားပြန်၏ သေသေချာချာ စဉ်းစာပြီးမှ
အရှင်ဂေါတမ ဝေဒသုံးပုံဆိုသည့် ဗေဒင် အတတ်ပညာကို နှုတ်ငုံမဆောင်နိုင်သော်လည်း ကျက်သရေရှိနိုင်ပါသည်ဟု
ပြောကြားလေ၏။
ဝေဒသုံးပုံကို နှုတ်ငုံအာဂုံဆောင်ထားသော ဗေဒင်ပညာရှင်ကြီး သောဏဒဏ္ဍပုဏ္ဏားမှ
ဝေဒသုံးပုံ ဗေဒင်ပညာသည် ကျက်သရေနှင့်မဆိုင်ပါဟု ပြောဆိုလိုက်ခြင်းဖြစ်ပါ၏
ဗေဒင်နဲ့ပတ်သက်သည့် ဓါတ်ရိုက် ဓါတ်ဆင်ယတြာချေခြင်း အစီအရင် တွေကြောင့် ကျက်သရေ ရှိလာမည်မဟုတ်ပါ
ယ္ခုဆင်ဖြူတော်နဲ့ ပတ်သက်လို့ ဗေဒင်ဆရာတွေ၏ မြန်မာပြည်၏ ကံကောင်း ခြင်း လက်ဆောင်
ကျက်သရေရှိသည်ဟု ပြောဆိုနေခြင်းသည်လည်း ဗြဟ္မဏဝေဒပညာရှင်ကြီး သောဏဒဏ္ဍပုဏ္ဏားကြီး
ကိုယ်တိုင် ဗေဒင်ပညာကြောင့် ကျက်သရေမရှိနိုင်ဟု ပယ်ထားသောကြောင့် သိပ်ပတ်သက်မှု
ရှိမည်ဟုမထင်ပါ။
ရှင်ဂေါတမ မှ ပုဏ္ဏားကြီး သုံးပါးကျန်နေသေးတာလည်း များပါသေးတယ်
ထပ်လျှော့လို့ရမယ်ဆိုလျှင် လျှော့ပေးပါအုံး လို့ ပြောကြားသည့်အခါ ပုဏ္ဏားကြီး
ဒီတခါတော့ အတော့ကို အကြပ်ရိုက်သွားပါ၏ ဥဏှောက်လည်းအတော်စားသွားပါ၏ ဘာကိုလျှော့ပေးရမလည်းဆိုတာလည်း
စိတ်ထဲမှာသိနေ၏ သို့သော် ဒီတပါးလျှော့ပေးလျှင် သူပရိတ်သတ်နှင့် ပြဿနာ
တက်တော့မည်ဆိုတာလည်းသိနေပါ၏ နောက်ဆုံးတော့ ရှင်ဂေါတမ အမျိုးဇာတ်မြင့်တာကို
လျှော့ပေးပါမည်ဟု ပြောကြား လေ၏ ထင်သည်အတိုင်း နောက်ပါပုဏ္ဏားပရိတ်သတ်က ထပြီး
ကန့်ကွက်ပါတော့၏။
သောဏဒဏ္ဍပုဏ္ဏာကြီး ပုဏ္ဏားတွေရဲ့ကျက်သရေဖြစ်တဲ့ သတ်မှတ်ချက်တွေကို
ရှင်ဂေါတမနှင့်တွေ့သည့်အခါမှ ပုဏ္ဏား
ကြီးတပါးခြင်းပယ်နေတာဟာ
ရုပ်အဆင်းလှတာလည်းပယ်တယ် ဝေဒသုံးပုံ နှုတ်ငုံဆောင်တာကိုလည်းပယ်ပေးတယ် ယ္ခု
ပုဏ္ဏားတွေရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ အမျိုးဇာတ်ကိုလည်းပယ်တယ် သောဏဒဏ္ဍပုဏ္ဏားကြီး
သင်ရှင်ဂေါတမ ၀ါဒနောက် သို့ လိုက်သွားပြီလာဆိုပြီး ပုဏ္ဏားကြီးကို
ပြစ်တင်ဝေဘန်ကြတယ်။
မြတ်စွာဘုရား မှ ပုဏ္ဏားအပေါင်းတို့ သင်တို့ဆရာဖြစ်တဲ့ သောဏဒဏ္ဍပုဏ္ဏားကြီး
ရုပ်အဆင်း ဝေဒသုံးပုံနှင့် အမျိုးဇာတ် ကိုပယ်လို့ အသိဥာဏ်မကြွယ်ဝဘူးဆိုလျှင်
သင်တို့နဲ့ ငါ စကားပြောပါအံ့ ဒါမ မဟုတ် သင်တို့ဆရာ သောဏဒဏ္ဍပုဏ္ဏားကြီး
အသိဥာဏ်ကြွယ်ဝတယ်လို့ သတ်မှတ်ထားမယ်ဆိုလျှင် ငါတို့စကားဝိုင်းကို သင်တို့
အေးအေးဆေးဆေး နားထောင်ပါဟု ပြောဆိုလိုက်ပါ၏။
သောဏဒဏ္ဍပုဏ္ဏားကြီး မှ ရှင်ဂေါတမ ဆိတ်ဆိတ်နေတော်မူပါ ဒီကိစ္စကို အကျွန်ုပ်
အကြောင်းနှင့်တကွ ရှင်းလင်းပါမည်
သောဏဒဏ္ဍပုဏ္ဏားကြီးသည် ပုဏ္ဏားပရိတ်သတ်အလယ်တွင် မတ်တတ်ရပ်၍ ပုဏ္ဏားတို့ သင်တို့ ငါ့ကို
အဆင်းကိုပယ်သူ ဗေဒင်သုံးပုံကိုပယ်သူ အမျိုးဇာတ်ကိုပယ်သူ ရှင်ဂေါတမ ၀ါဒနောက်သို့
လိုက်ပါသွားသူဟု မပြောဆိုသင့်ပါ။
Type your summary here. Type the rest of your post here.
No comments:
Post a Comment