အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, November 22, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၀)





   လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်၏ ရိုးသားပြီး ကမ္ဘာက လက်ခံသည်အထိ အသိဥာဏ်ကြွယ်ဝမှုကြောင့်၎င်း ခေါင်းဆောင်နှစ်ဦး၏ ညီညွတ်စွာ ဆောင်ရွက်ခဲ့သည့်အတွက် လူသားခေါင်းဆောင်နှစ်ဦး၏ ကျက်သရေရှိသည့်အတွက် တိုင်းပြည်မှာ ကောင်းကျိုးချမ်းသာတွေ အလိုလို ရောက်ရှိလာတာပါ။
       ရိုးသားမှုလည်းမရှိ အသိဥာဏ်လည်း မကြွယ်ဝတဲ့ ခေါင်းဆောင်တွေ တိုင်းပြည်ဦးဆောင်နေတဲ့အချိန်တွင် တိုင်းပြည် သည် ကျက်သရေမဲ့ပြီး နိုင်ငံတကာက ပိတ်ဆို့ကာ မကောင်းကျိုးတွေ ရောက်လာကာ တိုင်းပြည်စီးပွားရေးတွေ ချွတ်ခြုံကြ ပြီး ပြည်သူတွေ ငတ်မွတ်ခေါင်ပါးကာ ကမ္ဘာအဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားခြင်းဖြစ်ပါ၏။
    တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ရိုးသားပြီး အသိဥာဏ်ကြွယ်ဝတဲ့ ခေါင်ဆောင်တွေ လိုအပ်သလို တိုင်းသူပြည် သားတွေ၏ ရိုးသားမှု ညီညွတ်မှု အသိအမြင်ကြယ်ဝမှုတွေလည်း အလွန်လိုအပ်လှပါ၏တိုင်းသူပြည်သားတွေ ညီညွတ်မှုမရှိ အသိဥာဏ်ဗဟုသုတနဲပါးလျှင် တိုင်းပြည်တိုးတက်မှုရဲ့ အနှုတ်လက္ခဏာပါဘဲ အမြင်ကျဉ်းပြီး ဗဟုသုတနဲသည့်အတွက် ဘေးက ကောလာဟာလတွေနားထောင်ပြီး ရန်မဖြစ်ရမည့် ကိစ္စကို ရန်ဖြစ်တယ်။
    ဘေးပယောဂတွေကြောင့် မြန်မာပြည်ကံကောင်းလာမှာကို အမြင်မကြည်တဲ့နိုင်ငံတွေ၏ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်
ရန်ဖြစ်အောင်တကယ်တိုက်ပေးရင် တကယ်ရန်ဖြစ်တတ်တဲ့ ဒို့မြန်မာတွေရဲ့ အကျင့်ဆိုးတွေကြောင့် ဒို့နိုင်ငံ၏ ကံကောင်း
ခြင်းလက်ဆောင်တွေ နိုင်ငံကနေ ပြန်လယ်ထွက်ခွါသွားမှာကို တိုင်းသူပြည်သားတွေ သဘောပေါက်သင့်ပါ၏။
     ဥပမာ ခပ်ရိုင်းရိုင်းပြောရလျှင် ရှုးတိုက်တိုင်း ကိုက်တတ်တဲ့ ခွေးလိုမဖြစ်ပါစေနဲ့ ခွေးဆိုတာ သခင်က ရှုးတိုက်လို့ကတော့ ဘာအန္တရယ်မှမသိ သခင်အားရအောင် ကိုက်တတ်ပါ၏ ဘေးနိုင်ငံပယောဂတွေ၏ ၀င်ရောက်ပူးကပ် ရန်တိုက်ပေးမှုကြောင့် မြန်မာတွေအခြင်းခြင်း ရန်ဖြစ်နေမယ်ဆိုလျှင် ခွေးလောက်ဘဲ အသိဥာဏ်ရှိသူတွေဟု အနှိုင်းခံရမှာဖြစ်ပါ၏။
     ဒို့တိုင်းပြည် အင်မတန်အရေးကြီးသောကာလကို ရောက်နေချိန်မှာ ခေါင်းဆောင်တွေ တိုင်းသူပြည်သားတွေ ညီညွတ် ပြီး အသိဥာဏ်ရှိဖို့ လိုအပ်လှပါ၏ ဘေးကရန်တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး ဘေးကဆူပူအောင် လှုံ့ဆော်တိုင်း မဆူပူရဘူး ကိုယ့်နိုင်ငံကို ဘယ်လိုအကွက်ချပြီး ဆူပူအောင်လုပ်နေတဲ့ မနာလိုသူတွေရဲ့ ချောက်ချမည့် လှည့်ကွက်ထဲကို ရောက်သွား မယ်ဆိုလျှင် တိုင်းပြည်နစ်နာမှာဖြစ်၏ ကိုယ်လည်း ဗဟုသုတ အကြားအမြင်နဲရာရောက်ပါ၏ သူတို့လှည့်ကွက်ထဲ မ၀င် အောင် တိုင်းသူပြည်သားတွေ မျက်စိကြယ်ကြယ် နားကြယ်ကြယ် ဗဟုသုတကြွယ်ဝအောင် လေ့လာကြပါလို့ တိုက်တွန်း လိုက်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: