မြန်မာပြည် လွှတ်တော်ကို
၂၀၁၂-ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ နိုင်ငံတကာမှ စိတ်ဝင်စားမှု သိပ်မရှိပါ
ကြားဖြတ်ရွေး ကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်လာမှ
မြန်မာပြည်လွှတ်တော်ကို မြန်မာ့ မီဒီယာသမားတွေ ကမ္ဘာ့မီဒီယာသမားတွေ
အုတ်အော်သောင်းနင်းဖြစ်ကာ ရိုက်လိုက်တဲ့ ဓါတ်ပုံ ဗွီဒီယိုတွေ တဖြတ်ဖြတ်နဲ့
အရင်ရောက်နှင့်နေ သော လွှတ်တော်ကိုယ်စားလှယ်တွေပါ တအံ့တသြ ငေးမောကြည့်ရှုနေရပါ၏။
တရုတ်ကြီး နောက်တခါ
တုံလှုပ်သွားရတာကတော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပြီး ၃-လအကြာ
၂၀၁၁ ဒီဇင်ဘာလမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နှစ်ပေါင်း
၅၀-အတွင်း မြန်မာပြည်ကို ရောက်ရှိ လာခြင်းဖြစ်ပါ၏ အမေရိကန် နိုင်ငံခြားရေးမူဝါဒ
လမ်းညွန်ချက်အရ မြန်မာပြည်၏ နိုင်ငံရေးတိုးတက်မှုတွေနှင့်ပတ်သက်ပြီး
ထောက်ခံမှုလက်ဆောင်တွေအဖြစ် ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလိုက်ပြီး သွင်းကုန်ပိတ်ပင်မှုကိုလည်း
ရုပ်သိမ်း ပေးလိုက်ကာ နှစ်ပါင်း ၂၂-နှစ်လောက် သံအမတ်ရုပ်သိမ်းထားသည့်မြန်မာပြည်ကို
သံအမတ်အသစ်ပြန်လည်ခံ့အပ်ခဲ့ခြင်း ကလဲ တရုတ်ကြီးအတွက် စိုးရိမ်စရာတွေ ဖြစ်လာပါ၏။
တရုတ်ပြည်နဲ့
မြန်မာပြည်သည် နယ်စပ်ခြင်းစက်စပ်နေသလို အပြောင်းအလဲတွေကလည်း ဆက်စပ်လျှက်ရှိပါ၏
မြန်မာ ပြည် ၈၈-အရေးအခင်းအပြီး တရုတ်ပြည်တိမ်အမ်မင် အရေးအခင်ကြီးဖြစ်သွားပါ၏
ဒါ့ကြောင့်တရုတ်ပြည်ခေါင်းဆောင်တွေ သည် မြန်မာပြည်၏ အပြောင်းအလဲတွေကို
စိုးရိမ်းစိတ်များစွာဖြင့် စောင့်ကြည့်နေခြင်းဖြစ်၏ မြန်မာပြည်ရဲ့မီဒီယာတွေ လွတ်
လပ်ခွင့်ပေးလိုက်တော့ တရုတ်မီဒီယာသမားတွေလည်း လှုပ်လှုပ်ရွရွ ဖြစ်သွားပါ၏
တရုတ်အစိုးရကို တရုတ် မီးဒီယာသမား တွေ မထိတထိ ပညာပြတာတွေလည်း တွေ့မြင်ရ၏။
တရုတ်ပြည်သည်
မြန်မာပြည်ကို သူ့ရဲ့ပြည်နယ်တခုလို သဘောထားနေပုံရ၏ သူပြောသည့်စကားကိုနားထောင်
သူခိုင်း တဲ့ အတိုင်းလုပ် သူလက်မှတ်ထိုးခိုင်းလျှင် ထိုးလိုက်ဆိုသည့်
နိုင်ကွက်ကိုနင်းပြီး အာဏာရှင်ဆန်ဆန် ပြုလုပ်ခဲ့သည့် ပုံရိပ် ဆိုးတွေများစွာရှိ၏
ကုလသမဂ္ဂတွင် ဗီတိုအာဏာ တချက်သုံးပေးလျှင် မြန်ပြည်ခေါင်းဆောင်တွေသည်
တိုင်းပြည်နစ်နာမဲ့ စီမံကိန်ကြီးတွေကို မျက်စိမှိတ်ပြီး လက်မှတ်ထိုးခဲ့ရသည့်
အခါပေါင်းမနဲတော့ပါ။
တရုတ်ပြည်သည် ကမ္ဘာတွင်
လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနှင့် အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေသော အစိုးရတွေကို
ထောက်ခံအားပေးနေပါ၏ မြောက်ကိုရိယား မြန်မာ ဆူဒန် လစ်ဗျား ကျူးဘား
စသောနိုင်ငံများသည် ကမ္ဘာတွင် ပုံရိပ်ဆိုး သောနိုင်ငံများဖြစ်၏ အဲဒီ ပုံရိပ်ဆိုးသော
နိုင်ငံများကို အဓိကအားပေးနေသောနိုင်ငံသည် တရုတ်ပြည်သာဖြစ်၏ ကမ္ဘာ့လူ
ဆိုးတွေကိုအုပ်ချုပ်နေသော လူဆိုးတို့၏ ဗိုလ်အဖြစ် ကမ္ဘာပြည်သူတွေမှ သတ်မှတ်ထားပါ၏။
သူ၏တပည့်ကြီးတဦးဖြစ်သော
မြန်မာပြည်သည် သူ့ကိုအာခံကာ လူဆိုးအဖြစ်မှ နှုတ်ထွက်ပြီး လူကောင်းလုပ်မှာကို
တရုတ်ကြီး သဘောကြမည်မဟုတ်ပါ သူခိုင်းတာကိုမလုပ် သူပြောတာကိုနားမထောင်
ထိုးပြီးသားလက်မှတ်တွေကိုတောင် ပြည်သူ့ဆန္ဒနှင့်မညီဟုဆိုကာ ရပ်ဆိုင်းရဲသည့်
တရုတ်ကို ပထမဆုံးပညာပြနိုင်သော နိုင်ငံတော်သမ္မတကြီးဦးသိန်စိန်ကို မြန်
မာပြည် ပြည်သူတွေ အထူးကျေးဇူးတင်လျှက်ရှိပါ၏။
တရုတ်ကြီးတော့
အူနုကျွဲခတ်သလို ခံနေရပါ၏ မိမိစကားကို မြေ၀ယ်မကျ နားထောင်ခဲ့သော မြန်မာပြည်သည်
မိမိကို အာခံကာ အမေရိကန် ဂျပန် ဥရောပနိုင်ငံတွေနှင့် ပလူးပလဲ လုပ်နေတာကိုက
တရုတ်အတွက် မခံချိမခံသာဖြစ်နေပုံရ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
လွှတ်တော်ထဲရောက်လာခြင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ
စီးပွားရေးဖိုရမ်သို့တက်ခဲ့စဉ်ကလည်း ကမ္ဘာမီဒီယာလောကမှ အထူးထုတ်လွင့်ခဲ့တာကိုလည်း
တရုတ်ကြီး၏ မီဒီယာသမား တွေ မသိချင်ယောင် ဆောင်နေခဲ့ပါ၏ ။
Type your summary here. Type the rest of your post here.
No comments:
Post a Comment