မလေးရှား ပူချုန်း ဂျိုင်းရင်းတွင်
မလေးတရုပ်လူမျိုးပိုင်သည့် ပေါင်မုံ့ကိတ်မုံ့ဆိုင်ရှိ၏ ပေါင်မုံ့ကိတ်မုံ့တွေသည်
နည်းပညာ ကောင်းသည့်အတွက် အလွန်စားကောင်း၍အရသာရှိလှ၏ ထိုဆိုင်တွင်
ပေါင်မုံ့ကိတ်မုံ့ ဖုတ်သူနှင့် ရောင်းသူတွေဟာ မြန်မာ တွေသာဖြစ်၏ မြန်မပြည်
ရွှေတောင်ကုန်းဆရာတော်ကြီး၏ တပည့်တကာတွေဖြစ်သောကြောင့် ဘုန်းကြီးကျောင်းကိုလည်း
ပေါင်မုံ့ကိတ်မုံ့တွေ အမြဲလှူ၏ ဆွမ်းလည်းကပ်၏။
ထိုဆိုင်တွင် အလုပ်
လုပ်နေသော မြန်မာတွေထဲတွင် ဖြူးမြို့မှ တူဝရီးနှစ်ယောက်၏ စိတ်ဓါတ်သည် မြန်မာတွေ
အလွန် အတုယူစရာကောင်းလှ၏ ဘုန်းကြီးထံ ၀ါဆိုသက်န်း ကထိန်သင်္ကန်းအမြဲလှူသော
တူရီးနှစ်ယောက်ဖြစ်၏ သူတို့တူရီးနှစ်
ယောက်ကို ဘာတွေလုပ်၇သလဲလို့ မေးကြည့်သည့်အခါ ပေါင်မုံ့ကိတ်မုံ့
ဖုတ်ရကြောင်းပြောပြ၏ တပည့်တော်တို့ ဒီပေါင်မုံ့ ကိတ်မုံ့ ဖုတ်တဲ့ အတတ်ပညာကို
ရအောင်သင်ယူနေတာဘုရား မြန်မာပြည်ကိုလည်း ရတဲ့လခါထဲကစုပြီး စက်ပစ္စည်းတွေ ၀ယ်ပို့ထားတယ်ဘုရား
မြန်မာပြည်ကျလျှင် ဒီလုပ်ငန်းကိုအောင်မြင်အောင်လုပ်မည်ဟု လျှောက်ထား၏။
မြန်မာတွေ ဖြူးမြို့သူတူရီးနှစ်ယောက်၏
စိတ်ဓါတ်ကို အားကျအတုယူရမှာဖြစ်၏ အလုပ် လုပ်ပြီး ငွေရအောင်ရှာသည့် အပြင်
မြန်မာပြည်မှာ လုပ်စားလို့ရမဲ့ အတတ်ပညာပါ ရအောင်သင်နေခြင်းသည် အတုယူစရာအလွန်ကောင်းပါ၏
ဘုန်းကြီး မှ မြန်မာပြည်ရောက်လျှင် ဘယ်မြို့မှာလုပ်မှာလည်းလို့ မေးကြည့်တော့
ဖြူးမှာဘဲလုပ်မည်ဟုပြော၏ ပေါင်မုံ့ကိတ်မုံ့ဆိုတာ မြို့ကြီးတွေမှာလုပ်မှ
အစဉ်ပြေမှာပေါ့ စီးပွားရေးဆိုတာ ဒေသရဲ့အချက်အချာကြမှုကိုလည်း ကြည့်ရတယ် မိမိရောင်းချမည့်
ထွက်ကုန်ကိုလည်း ဖြုံးနိုင်အားရှိတဲ့နေရာမှာ စက်ရုံတည်မှ
ပိုပြီးကြီးပွားမှာပေါ့
ဖြူးမြို့မှာလုပ်ရင် ထော်လာဂျီလောက်ဘဲစီး ရမှာပေါ့ ရန်ကုန်
မန္တလေးလိုနေရာမျိုးလုပ်မှ ကားကောင်းကောင်းစီးနိုင်မှာဟု အကြံပေးလိုက်ရ၏။
မလေးရှားရောက်
ရွှေမြန်မာတွေရဲ့အကြောင်း တစေ့တစောင်းပါ မြန်မာပြည်၏ ထားဝယ်ရေနက်
စီမံကိန်းကြီးကြောင့် မလေးရှား စင်္ကာပူ အင်ဒိုနီးရှားတို့သည် သူတို့နိုင်ငံတွေ၏
စီးပွားရေးကို ထိခိုက်လာမည်ဖြစ်သောကြောင့် မြန်မာပြည်ကို အမြင်မကြည်လှပါ
တိုက်ဆိုင်မှုတွေနဲ့ကြုံတွေ့လာတိုင်း သူတို့နိုင်ငံတွေမှာ အလုပ်
လုပ်နေတဲ့မြန်မာတွေကို ပညာမျိုးစုံသုံး ကာ ပညာရှိပီပီ နှိပ်ကွပ်တာမျိုးတွေကိုလည်း
မြန်မာတွေများစွာ ကြုံတွေ့ရပါ၏။
မလေးရှားရောက်မြန်မာတွေကိုတော့
မလေးရှားရဲကလည်း နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး ငွေတောင်းတတ်ပါ၏
အင်မီဂရေးရှင်း နဲ့ ရေးလားတို့ကလည်း
အော်ပရာစီဝင်ပြီး တွေ့သည့်မြန်မာအကုန်ဖမ်းလျှက် ငွေညှစ်တတ်ပါ၏ သူဋ္ဌေးတွေ
အေးဂျင့်တွေက လည်း လခါမှန်မှန်မပေး ပတ်စပို့သိမ်းထားပြီး ဒုက္ခပေးတတ်ပါ၏
ကုလားဒိန်တွေကလည်း လခါထုတ်ရက်တွင်
တွေ့သည့် မြန်မာကို ရှိသမျှအကုန်လုကာ ဒုက္ခလှလှပေးတတ်ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment