အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, November 14, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၆၄)





       လာရင်းအကြောင်းကိုမေးသောအခါ ကလိန္ဒတိုင်း မိုးခေါင်ရေရှားခြင်းဘေးမှ လွတ်မြောက်အောင် ကံကောင်းခြင်း လက်ဆောင် ဆင်ဖြူတော်ကို လှူပါရန် အလှူခံလေ၏ ဝေဿန္တာရာလည်း ငတ်မွတ်ခေါင်းပါးဘေးနဲ့ ကြုံတွေ့ခံစားနေသော ကလိန္ဒတိုင်းပြည်သူတွေဒုက္ခကို လျှစ်လျူမရှုနိုင်သည့်အတွက် ဆင်ဖြူတော်မှဆင်းကာ သန်းချီတန်သော အဖိုးတန်ဆင်၏
တန်ဆာတွေနှင့်တကွ ရေစက်သွန်းချကာ လှူဒါန်းခဲ့လေ၏။
        ပုဏ္ဏားတွေက ဝေဿန္တရာလက်ပေါ်သို့ ရေစက်သွန်းလောင်းလိုက်သောအခါ လက်ပေါ်မှလျှောကြသွားသော ရေ အလျှင်သည် မဟာပထ၀ီမြေကြီးနှင့် ထိတွေ့လိုက်ချိန်တွင် တော်လည်းသံတွေ ဆူညံစွာထွက်ပေါ်လာပြီး မဟာပထ၀ီ မြေကြီး သွက်သွက်ခါအောင် တုံလှုပ်သွားလေ၏ ဝေဿန္တရာမင်းကြီး၏ ဆင်ဖြူတော်အလှူတော်ကို မဟာပထ၀ီမြေကြီးက
အသိအမှတ် ပြုလိုက်ခြင်းဖြစ်၏။
        နောင်တချိန် ဘုရားဖြစ်တော်မူချိန်တွင် မာနတ်မင်း၏ လက်နှက်မျိုးစုံဖြင့် လာရောက်တိုက်ခိုက်သောအခါ မိမိလှူဒါန်း ခဲ့သော ဒါနပါရမီသည် ဤမဟာပထ၀ီမြေကြီး သက်သေရှိသည်ဟု မဟာပထ၀ီမြေကြီးကို လက်ညိုးထိုးလိုက်သောအခါ မဟာပထ၀ီမြေကြီးသည် တော်လည်းသံတွေ ဆူညံစွာဖြင့် သွက်သွက်ခါအောင်လှုပ်လိုက်သည့်အတွက် မာနတ်၏စစ်သည် တွေ ဆောက်တည်ရာမရဘဲ အားလုံးအရှုံးပေးထွက်ပြေးခဲ့ပါ၏ အလှူလုပ်ပြီးရေစက်ချတဲ့အခါ မိမိရေစက်ချခဲ့သောရေကို မြေကြီးပေါ်တွင် သွန်ချပြီး အသိအမှတ်ပြုထားရတယ်ဆိုတဲ့ ဗဟုသုတလေးပါ။    
    တိုင်းပြည်လူထုကို အသိမပေးဘဲ မိမိဆန္ဒအတိုင်း ဆင်ဖြူတော်ကို ကလိန္ဒတိုင်းသို့ လှူဒါန်းခဲ့သော  ပြဿနာကြောင့် တိုင်းသူပြည်သားတွေဟာ ဆင်ဖြူတော် မရှိလျှင် ငါတို့တိုင်းပြည် ကံကောင်းခြင်းလက်ဆောင်တွေပျောက်ကွယ်တော့မှာဘဲ ဟု စိုးရိမ်စိတ်တွေနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဝေဿန္တရာမင်းကြီးကို ၀ိုင်းဝန်းဆန္ဒပြပြီး တိုင်းပြည်မှ နှင်ထုတ်နိုင်ခဲ့ ပါ၏ ဆင်ဖြူတော်ပြဿနာသည် တိုင်းပြည်တပြည်အတွက် အရေးကြီးကြောင်းကို ဤဇာတ်တော်ကပြသနေပါ၏။
      ဝေဿန္တရာမင်းကြီး ဟိမ၀န္တာတောထဲတွင် ပုတ္တစာဂဆိုတဲ့ သားသမီးအလှူကိုလည်း လှူခဲ့၏ ဘရိယစာဂဆိုတဲ့ ဇနီး ဖြစ်သူကိုလည်းလှူခဲ့၏ အလှူခံပုဏ္ဏားယောင်ဆောင်ထားသော သကြားမင်းမှ မဒ္ဒီဒေ၀ီ ပြန်လည်အပ်နှံပြီး အရှင်မင်းကြီး လို သောဆုတောင်းပါဟုဆိုသောကြောင့် သိဝိတိုင်းပြည်သူပြည်သားတွေ မိမိအပေါ်အမျက်ပြေပြီး တိုင်းပြည်ကိုပြန်နိုင်ပါစေ ဆို တဲ့ ဆုတဆု ပါတာတွေ့ရပါ၏။
       သီလရှိသော လူသားတွေ၏ အလိုဆန္ဒကို သူတော်ကောင်းနတ်တွေ ပြည့်စုံအောင် ဆောင်ရွက်ပေးရပါ၏ ဝေဿန္တရာ မင်းကြီး၏သီလပြည့်စုံမှုကြောင့် ဝေဿန္တရာ၏ လိုသောဆု ပြည့်စုံအောင် သကြားမင်းဆောင်ရွက်ပါတော့၏ ငတ်မွတ်ခေါင်း ပါးဘေး ကြရောက်နေသော ကလိန္ဒတိုင်းကို မိုးလေ၀သ ကောင်းမွန်အောင် နတ်တံခိုးဖြင့် ဆောင်ရွက်ပေးသောကြောင့် ကလိန္ဒတိုင်း လယ်ယာစိုက်ပျိုးရေးတွေ အောင်မြင်ကာ စားဝတ်နေရေးတွေ ပြည့်စုံလာ၏။
      ကလိန္ဒမင်းနဲ့ ပြည်သူတွေလည်း သိဝိတိုင်းက ဆင်ဖြူတော်၏ ကံကောင်းခြင်းလက်ဆောင်ကြောင့် သူတို့နိုင်ငံ သာယာ
ဝပြောလာ၏ဟု သတ်မှတ်၏ သိဝိတိုင်းပြည်သူပြည်သားတွေလည်း ဒို့ဆင်ဖြူတော်ကြောင့် ကလိန္ဒတိုင်းပြည် သာယာဝ ပြောလာ၏ သတ်မှတ်ကြ၏ နောက်က ကြိုးကိုင်သူ (ယ္ခုခေတ်အခေါ်) လှုပ်ရှားဖန်တည်းပေးသူ သကြားမင်းကိုတော့ ဘယ် သူမှ မမြင်၇သောကြောင့် သကြားလုပ်ပေးတာကို ဘယ်သူမှမသိကြပါ ဆင်ဖြူတော်ကြောင့်သာ သူတို့နိုင်ငံတွေ ကံကောင်း ခြင်း လက်ဆောင်တွေ ရရှိနေသည်ဟု ထင်မှတ်ကြကုန်၏ ယ္ခုခေတ်တိုင်အောင် အဲဒီယုံကြည်မှုက ရှိနေတုံးပါဘဲ။
        ကလိန္ဒတိုင်းလည်း မိမိနိုင်ငံ အငတ်ဘေးမှ လွတ်မြောက်ပြီ သာယာဝပြောလာတော့ မိမိတို့တိုင်းပြည်ကို ဆင်ဖြူတော် လှူခဲ့လို့ တိုင်းပြည်မှ အနှင်ထုတ်ခံရသော ဝေဿန္တာရာမင်းကြီးကို သတိရပြီး ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ဆင်ဖြူတော် ကို သိဝိတိုင်းအား ပြန်လည်ပို့ဆောင်ပေး၏ သိဝိတိုင်းပြည်သူတွေလည်း မိမိတို့တိုင်းပြည် ဆင်ဖြူတော် ပြန်ရောက်လာ တော့ ဝေဿန္တရာမင်းကြီးအပေါ် အမျက်ပြေပြီး တိုင်းပြည်ကို ပြန်လည်ပင့်ဆောင်ခဲ့၏။
 


Type your summary here. Type the rest of your post here.

No comments: