တကယ်တော့ အတ္တဟိတမရှိဘဲ ပရဟိတဆိုတာ
လုပ်လို့ရမည် မဟုတ်ပါ အတ္တဟိတဆိုတဲ့ စကားလုံးကို ကိုယ်ကျိုးအ တွက် အသုံးချသည်
အလွဲသုံးစား လုပ်သည်ဟုသာ သိထားသောကြောင့်ဖြစ်၏ ပရဟိတမလုပ်ခင် မိမိဥစ္စာဓနကြွယ်ဝဖို့
အရင် ဆုံးလုပ်ရမည်သာဖြစ်၏ မိမိဥစ္စာဓနကြွယ်ဝအောင်လုပ်ခြင်းသည် အတ္တဟိတသာဖြစ်၏
ဥစ္စာဓနမရှိဘဲ ပရဟိတ လုပ်လို့ရမည် မဟုတ်ပါ မင်းတို့တတွေ စက်ရုံမှာ အလုပ်သွားလုပ်တာ
အတ္တဟိတသာဖြစ်၏ စက်ရုံမှာလုပ်တဲ့ လုပ်ခငွေနဲ့ တလကို ၁၀- သက် ကြီးရွယ် စောင့်ရှောက်ရေးအဖွဲ့ကို
လှူနိုင်တာ အတ္တဟိတက ရရှိလာတဲ့ငွေနဲ့ ပရဟိတကို ပန့်ပိုးနေတာဖြစ်၏။
နောက်တခုက
ပရဟိတလုပ်ငန်းဆောင်ရွက်ချင်သူသည်
မိမိကိုယ်ကို ရိုးသားဖျောင့်မတ်အောင်က ပထမဆုံးကျင့်ရမည် ဖြစ်၏ မိမိကိုယ်ကို
ရိုသားဖျောင့်မတ်အောင် ကျင့်ခြင်းသည်လည်း အတ္တဟိတသာဖြစ်ပါ၏ ရိုးသားဖျောင့်မတ်မှုမရှိဘဲ
ပရဟိတ ၀င်လုပ်မယ်ဆိုလျှင် ဤပရဟိတအဖွဲ့ကြီး အလွဲသုံးစားလုပ်မှုတွေ
ကိုယ်ကျိုးရှာမှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါ၏ ဒါ့ကြောင့်မို့
ပရဟိတထက် အတ္တဟိတဟိတက ပိုအရေးကြီးပါ၏။
ထိုကြောင့် ပရဟိတ လုပ်ကိုင်နေသူများသည် ထိုအတ္တဟိတကိုလည်း သတိကြီးစွာ
ဂရုပြုသင့်ပါ၏ ကမ္ဘာလောကကြီးတွင်
လူအမျိုးအစား(၄)မျိုးရှိသည်ဟု အတ္တဟိတသုတ် တွင်
ဖော်ပြထားပါ၏ အတ္တဟိတ သုတ်တွင် အကျဉ်းမျှဖော်ပြထားသည်ကို ရာဂ၀ိနယသုတ် နှင့်အခြားသုတ်ပေါင်းများစွာတွင်
အကျယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါ၏
၁။အတ္တဟိတ ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်ဆောင်ရွက်သူ၊
၂။ပရဟိတ အခြားသူ၏အကျိုးစီးပွားကိုသာပြုလုပ်ဆောင်ရွက်သူ၊
၃။အတ္တဟိတနှင့်ပရဟိတကိုမပြုလုပ်သူ ကိုယ်ကျိုးလည်းမပြုလုပ်၊
အများအကျိုးလည်းမပြုလုပ်သူ၊
၎။ အတ္တဟိတနှင့်ပရဟိတ နှစ်မျိုးလုံးကို ပြုလုပ်သူ ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုလုပ်ဆောင်ရွက်သူ၊
လူအမျိုးအစား(၄)မျိုးတွင်
ပရဟိတတစ်ခုတည်းကိုသာပြုသူသည် မြတ်သည်ဟုဆိုထားပါ၏၊၊
အတ္တဟိတတစ်ခု
တည်းကိုပြုလုပ်သူသည် ပရဟိတ သီးသန့်ပြုသူထက် ပို၍မြတ်သည်ဟုဆိုထားပြန်၏၊၊
အတ္တဟိတလည်း မပြုလုပ်၊ ပရဟိတလည်းမပြုလုပ်သူသည် ယုတ်မာသူ၊ လူမိုက်ဟုခေါ်ဆိုရပြီး၊
အစွန်းနှစ်ဘက်တွင် မီးတောက်နေပြီး၊ အလည်တွင်မစင်ပေကျံနေသည့် တုတ်ခြောင်းနှင့်တူသည်ဟု
ဖော်ပြထားပါ၏၊၊
အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတို့တွင်
အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ်သည်ဟု မှတ်ချက် ပေးထားသည်ကို တွေ့ရပါ၏၊၊
ထို့ကြောင့်
ပရဟိတလုပ်ငန်းတွင်စိတ်ဝင်စားသည့် DHL ပရဟိတလူငယ်များ ယ္ခု သက်ကြီးရွယ်အို
စောင့်ရှောက်ရေးကို လှူနေပြီး ထို့ထက်ပို၍အစွမ်းရှိခဲ့ပါလျင်
လူသားအကျိုးပြုလုပ်ငန်းများ၊ ပတ်ဝန်း ကျင်ထိမ်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေး ထောက်ပံ့မှုလုပ်ငန်းများ၊
ဘာသာရေးအလှူဒါနလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောင့်မှုလုပ် ငန်းများတွင်
ကိုယ်စိတ်နှစ်၍ လုပ်ကိုင်နိုင်သူဖြစ်ပါမူ
အတိုင်းထက်အလွန်လောကတာဝန်ကျေပွန်သူ၊ လူလိမ္မာဟူ၍ခေါ် ဆိုထိုက်မှာ သေချာပါ၏၊၊
ထိုလေးမျိုးတို့တွင် ပရဟိတလည်းမလုပ် အတ္တဟိတလည်းမလုပ်သူသည် လောကတွင်လူမိုက်ဟု ဆိုထားပါ၏ ထိုပုဂ္ဂိုလ်
သည် ရှေ့ကလည်းမသွားချင် နောက်ကလည်းမလိုက်ချင် ဂနန်းလိုဘေးတိုက်သွားချင်သူများဖြစ်၏
ဘေးထိုင်ဘုပြောအဆိုး မြင်ဝါဒနှင့် ဝေဘန်သူတွေဖြစ်ပါ၏ အဲဒီလိုပုဂ္ဂိုလ်မျိုးထဲ
မပါဝင်အောင်ဆင်ခြင်ကြပါ အကောင်းဆုံးကတော့ အတ္တဟိတ ပြည့် စုံအောင်လုပ်ပြီး ပရဟိတကို
ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment