အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, November 15, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၆၅)






        ယ္ခုလည်း မြန်မာနဲ့ထိုင်းတို့လည်း ဘာထူးမှာတုန်း သိဝိတိုင်းနှင့် ကလိန္ဒတိုင်းပြည်သူတွေအတိုင်းပါဘဲ ဆင်ဖြူတော်ရှိ
လျှင် တိုင်းပြည်ကံကောင်းခြင်းလက်ဆောင်တွေ ရရှိလိမ့်မယ်လို့ ယုံကြည်ထားသော နိုင်ငံတွေသာဖြစ်၏ ဝေဿန္တရာဇာတ်
တော်ကြောင့် ဆင်ဖြူတော်ကိုယုံကြည်နေခြင်းဖြစ်၏ တကယ်တော့ ရိုးသားဖြောင့်မတ်ပြီး အသိဥာဏ်ကြွယ်ဝသူတွေ သီလ ရှိသူတွေ တိုင်းပြည်မှာပေါ်ပေါက်လာမှ ကံကောင်ခြင်းလက်ဆောင်ဆိုတာ ရောက်ရှိလာမှာပါ ဝေဿန္တာဇာတ်တော်တွင် သကြားမင်း စီစဉ်ဆောင်ရွက်ပေးလို့ ကလိန္ဒတိုင်းမိုးလေ၀သကောင်းခဲ့တာကို သတိရဖို့လိုပါ၏ ဆင်ခြင်တတ်ဖို့လိုပါ၏။
        ယိုးဒယားနိုင်ငံက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ငှားရမ်းခြင်းသည် မြန်မာပြည်မှ ကံကောင်းခြင်းလက်ဆောင်ကို ရယူ လိုသသည့် ရည်ရွယ်ချက်ဖြင့် ငှားရမ်းဖွယ် ဖြစ်နိုင်ကြောင်းကို ၀ါရင့်ဗေဒင်နက္ခတ် ပညာရှင်များက သုံးသပ်ပြောဆိုကြ၏ ယိုး ဒယားနိုင်ငံက မြန်မာနိုင်ငံ၏ ဆင်ဖြူတော်ကို ငှားရမ်းတယ်ဆိုတာ မြန်မာပြည်ရဲ့ကံကောင်းခြင်းလက်ဆောင်ကို ရယူလိုခြင် လို့ ငှားရမ်းတယ်ဆိုတာ ထင်ရှားပါ၏။
      ဆင်ဖြူတော်ဆိုတာ နိုင်ငံ၏ ရတနာတပါးဟု ယူဆထားကြသောကြောင့် ငှားသင့် ငှားထိုက်တဲ့ ပစ္စည်းမျိုး မဟုတ်ပါဘူး ငှားလိုက်ရင်လည်း ဝေဿန္တရာလို တိုင်းပြည်မှ နှင်ထုတ်နိုင်ကိန်းရှိတယ်ဆိုတာ သဘောပေါက်ထားသင့်တယ် ပြည်သူပြည် သား သဘောမကျရင် တိုင်းပြည်ခေါင်းဆောင်ဆိုတာ အလိုလိုကျဆင်းသွာမှာပါ တိုင်းပြည်ရဲ့ကောင်းကျိုးထက် ဆိုးကျိုး တွေ တိုင်းပြည်အပေါ် ကြရောက်နိုင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ဆင်ဖြူတော်ကို ယုံကြည်တဲ့ ပရိတ်သတ်ကအများစု ဖြစ်နေလို့ပါဘဲ။
       မြန်မာပြည် အလွန်ကံကောင်း စန်းထနေတာကို ဆင်ဖြူတော်ကို ယုံကြည်သော ယိုးဒယားနိုင်ငံသားတွေက ဆင်ဖြူ တော်ကြောင့် မြန်မာပြည် ကံကောင်းခြင်းလက်ဆောင်တွေ ရရှိနေတာလို့ ယုံကြည်နေပုံရတယ် ဒါ့ကြောင့်မို့ မြန်မာပြည်က ဆင်ဖြူတော်ကို တောင်းလို့ကလည်းမဖြစ် လုယူလို့ကလည်း မရနိုင်ဆိုတော့ ကျွမ်းကျင်သော သံတမန်ဆက်ဆံရေးပုံစံဖြင့် ပရိယယ်သုံးကာ ယိုးဒယားပြည်သူတွေ ကြည်ရှု၇န် ငှားရမ်းခြင်းဆိုတဲ့ ခေါင်းစဉ်တတ်ပြီး ဆောင်ရွက်လာခြင်းဖြစ်၏။
       အဓိကရည်ရွယ်ချက်ကတော့ ဆင်ဖြူတော် သူတို့နိုင်ငံရောက်ရှိလာရင် မြန်မာပြည်မှာ ကံကောင်းခြင်းလက်ဆောင် တွေ ပျောက်ကွယ်ပြီး သူတို့နိုင်ငံသို့ ကံကောင်းခြင်းလက်ဆောင်တွေ ရောက်ရှိလာမှာဘဲဟု မျှော်လင့်ပြီး ဤကိစ္စကို သူတို့ နိုင်ငံ၏ နိုင်ငံခြာရေးဝန်ကြီးမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်၏ မြန်မာပြည်ကလည်း မွေ မွေခြင်းခြေမြင်သည်ဟု ပြောရမလားမသိ ဘူး အကြောင်းပြချက်တွေဖြင့် ယိုးဒယားပြည်သူတွေ နေပြည်တော်လာလည်ပြီး ကြည့်ရှုဖို့ ပြန်ကြားတာတွေ့ရ၏။             
       မြန်မာပြည် နက္ခတ်ဗေဒ ပညာရှင်တို့ကလည်း မြန်မာပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီပွားရေး ရင်နှီးမြုတ်နှံ မှုတွေ ဒလဟောဝင်လာခြင်းသည် ဆင်ဖြူတော်၏ အကျိုးသက်ရောက်မှု တစိတ်တပိုင်းဖြစ်နိုင်သည်ဟု ယုံကြည်ထားကြ၏ အဓိက ကတော့ မြန်မာ့သမိုင်းတွေမှာ ဆင်ဖြူတော်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်တဲ့ဘုရင်တွေဟာ ဘုန်းကံကြီးမားတယ် တိုင်း ပြည်အေးချမ်းသာယာဝပြောတယ် ဒါ့ကြောင့်မို့ ဘုရင်တွေရဲ့ နာမည်ရှေ့မှာ ၃-စီးရှင် ၅-စီးရှင် ဆိုပြီး ဆင်ဖြူတော် အရေအ တွက်ကို ရှေ့ကထားပြီး ခေါ်ဆိုကြခြင်းဖြစ်၏။
       အနော်ရထာမင်းနဲ့ အလောင်းစည်သူမင်းလက်ထက်မှာ ဆင်ဖြူတော် အစီး ၃၀-လောက် ပိုင်ဆိုင်တယ်ဆိုတာ တွေ့ရ ၏ ထိုမင်းတွေလည်း သူခေတ်သူ့အခါမှာတော့ အလွန်ဘုန်းတံခိုးကြီးတဲ့ မင်းတွေအဖြစ် အသိအမှတ်ပြုထားကြ၏ အဓိက ဆိုခြင်တာကတော့ ဆင်ဖြူတော်ပိုင်ဆိုင်လို့ ဘုန်းကံကြီးမားတယ်လို့ ဆိုလိုခြင်းဖြစ်၏ ယ္ခု မြန်မာပြည်လည်း ဆင်ဖြူတော် ကြောင့်သာ တိုင်းပြည်စီးပွားရေးအလားအလာတွေ ကောင်းမွန်လာခြင်းဖြစ်တယ်ဆိုတာကို သုံးသပ်လိုခြင်းဖြစ်၏။
       ဆင်ဖြူတော်နှင့် ပတ်သက်လို့ မြန်မာသမိုင်းအထောက်အထားအရ မြန်မာဘုရင်ဖြစ်သော ဘုရင့်နောင် ကျော်ထင် နော်ရထာ လက်ထက်တွင် ယိုးဒယားနိုင်ငံမှ ဆင်ဖြူတော်ကို လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သရန် တောင်းခံခဲ့ဘူးရာ ယိုးဒယားဘုရင်၏ မခြေမငံပြောဆိုမှုကြောင့် ဆင်ဖြူတော်စစ်ပွဲ ဖြစ်ပွားခဲ့ဘူးကြောင်း သမိုင်းအထောက်အထား ရှိခဲ့ဘူး၏ ဒီအကြောင်းအရာတွေကိုလည်း ယိုးဒယားတွေ သိမှာသေချာ၏ ကျောင်းတော်က ရန်စကို ပြန်စခြင်တာလားဆိုတာလည်း သုံးသပ်ဖို့ လိုမယ်ထင်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: