အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, November 11, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၆၁)



          စင်္ကာပူ
        စင်္ကပူနိုင်ငံလည်း မြန်မာပြည်ကို ထားဝယ်ရေနက်စီမံကိန်းအရ စီးပွားရေးအားဖြင့် အမြင်မကြည်မှုရှိသည့်နိုင်ငံတခု ဖြစ်၏ သို့သော် စင်္ကာပူသည် ဗုဒ္ဓဘာသာဝင် အများစုရှိသောနိုင်ငံဆိုတော့ မြန်မာတွေကို ဘာသာရေးအရ နှိပ်ကွပ်တာမျိုး မရှိပါ တိုင်းပြည်ဆင်းရဲလို့ အထင်သေးသည့် ပုံစံမျိုးတော့ အနည်းငယ်ရှိမှာဖြစ်၏ လေဆိပ်အ၀င်ကအစ မြန်မာ ပတ်စပို့ ဆိုလျှင် သေသေချာချာ စိစစ်ပြီး မသင်္ကာလျှင် ရှိုးမန်းနီးပြခိုင်းတတ်၏ တိုင်းပြည်ဆင်းရဲတော့ ပတ်စပို့ အနီမြင်လျှင် မထီ လေးစား ပုံစံမျိုးနဲ့ အဆက်ဆံခံရတတ်ပါ၏။
      ထိုင်း
    ထိုင်းနိုင်ငံသည် သမိုင်းအစဉ်အလာအရ မြန်မာကို မုန်းတီးသောနိုင်ငံဖြစ်၏ သူတို့နိုင်ငံသမိုင်းတွင် ၀င်ရောက် ကျူးကျော် သိမ်းပိုက်တဲ့နိုင်ငံဆိုလို့ မြန်မာတနိုင်ငံဘဲရှိတာဖြစ်၏ သိမ်းပိုက်ခံရတာ နှစ်ခါသုံးခါဆိုတော့ သူတို့ဘက်က ပြန်လည် ခံစား ကြည့်မယ်ဆိုလျှင် နာကြည်းမုံးတီးထိုက်ပါ၏ အိပ်ပျော်နေတဲ့ ကာလနဂါး မြန်မာကြီး ပြန်လည်နိုးထလာမှာကို အစိုးရိမ်ဆုံး နိုင်ငံကတော့ ထိုင်းနိုင်ငံပင် ဖြစ်ပါ၏။
     ထိုင်းလူမျိုးတွေက သူတို့ နိုင်ငံနဲ့ လူမျိုးကို ယိုးဒယား နိုင်ငံ ယိုးဒယားလူမျိုးလို့ ခေါ်တာ မကြိုက်ပါ  မြန်မာလူမျိုးကိုကြ တော့ သူတို့ ယိုးဒယားတွေက  ဖမ လို့ ခေါ်ကြ၏ ဖမ ဆိုတာ သူတို့နိုင်ငံ သိမ်းပိုက်ခဲ့ဘူးတဲ့ ဗမာ ကို အသဲနာနာနဲ့ ခေါ်ဆို ခြင်းဖြစ်၏ ခုခေတ်တော့ ဖမ ကနေ ဖာမ ပုံစံမျိုး အသံထွက်နေတော့ မြန်မာတွေကလည်း အဲဒီလို အခေါ်ခံရတာကို ရင်ထဲ မှာ ခံရခက်အောင် နာကြီးလှ၏။
     အဲဒါဆိုရင် ယိုးဒယား ဆိုတဲ့ နာမည်ဟာ ဘယ်လိုပေါ်ပေါက်လာသလဲ ဆိုတာကို နည်းနည်းလေ့လာကြည့်ရမှဖြစ်မယ်  သူတို့ ပထမဆုံးထူထောင်ခဲ့တဲ့ နိုင်ငံဟာ အယုဒ္ဓယ နိုင်ငံ ဖြစ်၏ အယုဒ္ဓယ နိုင်ငံဆိုတာ စစ်ထိုးလို့ မရနိုင်တဲ့ နိုင်ငံလို့  အဓိ ပ္ပါယ်ရပါ၏ အဲ ဒါကို မြန်မာတွေက အရှေ့မှ    တစ်လုံးဖြုတ်ပြီး ယုဒ္ဓယ နိုင်ငံ အဲ ဒါမှ တဆင့် ယိုးဒယား နိုင်ငံ ယိုးဒယား လူမျိုး ဆိုပြီးခေါ်ဝေါ်မှုတွေ ပြောင်းလဲလာခြင်းဖြစ်၏
     စစ်ထိုးလို့ မရနိုင်တဲ့ အယုဒ္ဓယ ဆိုတဲ့ အဓိပ္ပါယ်ကို စစ်ထိုးလို့ရနိုင်တဲ့ ယုဒ္ဓယ နိုင်ငံ ဆိုပြီး မြန်မာတွေ အရှေးအစဉ်ဆက် ကတည်းက နာမ်နှိမ်ပြီး ခေါ်ဝေါ်လာခဲ့ခြင်းဖြစ်၏ မြန်မာနိုင်ငံမှာ ပျုခေတ် ပျူနိုင်ငံတော်ကိုတည်ထောင်တဲ့ အချိန်ကို မဆို ထားနဲ့ ပုဂံနိုင်ငံတော်ကြီးတည်ထောင်ခဲ့တဲ့ အချိန်မှာတောင် ယိုးဒယာလူမျိုးတွေဟာ နိုင်ငံ တစ်ခုအနေနဲ့ တည်ထောင် နိုင်ခြင်းမရှိသေးဘဲ မြို့ ပြနိုင်ငံငယ်တည်ထောင်နိုင်တဲ့ အဆင့်သာရှိသေးတာမို့လို့ မြန်မာနိုင်ငံထက် ယိုးဒယားနိုင်ငံဟာ အစဉ်လာအားဖြင့် နိမ့်ကျတယ်လို့ ဆိုရမှာ ဖြစ်၏။
     နောက် 13- ရာစု အရောက်မှာမှ ယိုးဒယားတို့ရဲ့  မူလလူမျိုးတွေ ဖြစ်တဲ့ ( Tai ) လူမျိုးတွေဟာ မဲနမ် နဲ့  မဲခေါင် မြစ်ဖြား ဒေသတွေမှာ ၀င်ရောက်နေထိုင်အခြေချလာကြပြီး ဦးစွာ ပထမ တိုးတက်လာတဲ့ မြို့ ပြ နိုင်ငံမှာ( Sukhotai ) မြန်မာ အခေါ် သောက္ကတဲ ဖြစ်ပါတယ်လို့ ဆိုထား၏ သောက္ကတဲ တန်းခိုးအာဏာ ကျဆင်းလာတဲ့ အချိန် 1350- ခုနှစ်လောက်ရောက်မှာမှ အယုဒ္ဓယမြို့ ကို တည်ထောင်ခဲ့ တာဖြစ်၏။
      ယိုးဒယားတွေဟာ တိုက်ရည်ခိုက်ရည်နဲ့ စစ်ရေးစစ်ရာမှာ အရည်ချင်းအားဖြင့် မြန်မာတွေကို မယှဉ်နိုင်ပေမယ့် သမိုင်း စဉ်တစ်လျှောက်လုံး မြန်မာနိုင်ငံကို ထိပါးစော်ကားမှုတွေ အမျိုးမျိုးပြုလုပ်လေ့ ရှိပါ၏ တောင်ငူခေတ် မင်းတရားရွှေထီး       (တပင်ရွှေထီး ) လက်ထက်မှာ ရခိုင်ကို စစ်ချီနေတုန်း အချိန်ကို ခွင့်ကောင်းယူပြီး ယိုးဒယာတွေဟာ မြန်မာပို်င်နက်ဖြစ်တဲ့ ထားဝယ်ကို ထိပါးကျူးကျော်လာခဲ့ဘူး၏ ။
       မင်းတရားရွှေထီးနဲ့ မြန်မာတပ်များ ထားဝယ်ကို စစ်ချီလာတဲ့ သတင်းကြားတာနဲ့ ယိုးဒယားတွေဟာ ပြန်လည်ခုခံခြင်း မရှိဘဲ ဆုတ်ခွာပြေးသွား၏ မြန်မာတပ်များဟာ တောင်ပပုံ စခန်းအထိ တိုက်ခိုက်ခဲ့ရာမှာ ယိုးဒယားတွေ အရေးနိမ့်ခဲ့ရတယ် 1548 ခုနှစ်မှာ မင်းတရာရွှေထီးဟာ ဟံသာဝတီမှ ယိုးဒယားကို စစ်ချီပြန်၏ အယုဒ္ဓယ မြို့ ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်း မရှိပေမယ့် တခြားတိုက်ပွဲတွေမှာ ယိုးဒယာတွေ အရေးနိမ့်ပြီး ဘုရင့် သားနဲ့ ညီကို ဖမ်းဆီးနိုင်ခဲ့၏။
      မိဖုရားနဲ့ သမီးတော် တစ်ပါး ကျဆုံးခဲ့၏ နောက်ပြီိး ကမန်ပိုက်ကို တိုက်ခိုက်ရာမှာ ကမန်ပိုက်စား ထွက်ပြေးတိမ်း ရှောင်သွားပြီး ဘုရင့် သားသမက်  အမတ်များနဲ့ တိုက်ဆင်များကို မြန်မာတို့က ရလိုက်၏ မင်းတရားရွှေထီးက နောက်ထပ် တိုက်ခိုက်မယ့် သောက္ကတည်းနဲ့ ပိဿလောက် မြို့ တို့ကို တိုက်ခိုက်ရန် အစီစဉ်ဆွဲနေတုန်းမှာ ယိုးဒယား ဘုရင် မဟာ ချက္ကရဖတ်က သူ့ ရဲ့ သားများ  ညီများနဲ့ သမက်များကို လွတ်ပေးရန်နဲ့ အဲဒီအတွက် နှစ်စဉ် တိုက်ဆင် 30 ၊ ငွေပိဿာချိန် 300 နဲ့ တနင်္သာရီ အကောက်ခွန်များကိုပါ ဆက်သမယ်လို့ ကမ်းလှမ်းလာတဲ့ အတွက် မြန်မာဘုရင်က သဘောတူကာ စစ်ပြေငြိမ်းပြီး ပြန်ခဲ့ပြန်၏။

 


Type your summary here. Type the rest of your post here.

No comments: