ယ္ခု လက်ရှိပရိတ်ကိုကြည့်လိုက်ပါ
ရှင်ဂေါတမလောက် ရုပ်ရည်အဆင်းလှပတာ တယောက်မှ မရှိပါဘူး ရှင်ဂေါတမပြီး လျှင် ငါတူ
အင်္ဂက လုင်သည် ယ္ခုပရိတ်သတ်ထဲမှာ ရုပ်ရည်အဆင်းအလှပဆုံးပါ ဝေဒသုံးပုံ
ဗေဒင်ပညာကိုလည်း ငါကိုယ် တိုင် သင်ပေးထားသောကြောင့် နှုတ်ငုံ အာဂုံဆောင်ထားသူပါ
အမျိုးဇာတ်ကလည်း ငါတို့အမျိုးဖြစ်သောကြောင့် ဇာတ်မြင့် လှ၏ ရုပ်အဆင်း ဝေဒသုံးပုံ
အမျိုးဇာတ် ဘာမှပြောစရာမရှိအောင် စင်ကြယ်လှ၏။
တကယ်လို့များ
ဤအချက်သုံးချက်နှင့်ပြည်ုစုံနေသော အင်္ဂကလုင်သည် သူ့အသက်ကိုလည်းသတ်မယ်
သူ့ဥစ္စာကိုလည်း ခိုးမယ် သူ့သားမယားလည်း ဖြစ်မှားမယ် လိမ်ညာပြောဆိုမယ်
သေရည်သေရက်နှင့် မူယစ်ဆေးဝါးလည်း မှီဝဲမယ်ဆိုလျှင် အင်္ဂကလုင်ကို ကျက်သရေရှိသူဟု သင်တို့ဆိုမလား----?
ဤသုံးပါးထဲက
တပါပါးကျူးလွန်လျှင်ပင် ကျက်သရေရှိသူဟု မဆိုထိုက်ပါ ဆရာကြီး------- ဒါကြောင့်မို့
ရုပ်ရည်အဆင်း ဝေဒသုံးပုံနှင့် အမျိုးဇာတ်သည် ကျက်သရေ ရှိမှု မရှိမှုမှာ အရေးမပါဟုငါဆိုခြင်းဖြစ်၏
တကယ်အရေးကြီးတာက ကိုယ်ကျင့် သိက္ခာနှင့်ပြည့်စုံသူ အသိဥာဏ်ကြွယ်ဝသူသာလျှင်
ကျက်သရေရှိသူ ပုဏ္ဏားဟုဆိုရမှာဖြစ်၏ သောဏဒဏ္ဍပုဏ္ဏားကြီး သူ့ ပရိတ်သတ်ကို ငြိမ်းအေးစေပြီးမှ
ရှင်ဂေါတမ ဆက်လက်မိန့်ကြားလို့ရပါပြီဟု ပြောကြားလေ၏။
သောဏဒဏ္ဍပုဏ္ဏားကြီး
နောက်ဆုံးကျန်နေသည့် နှစ်ပါးထဲက လျှော့လို့ရမယ်ဆိုလျှင် လျှော့ပေးပါအုံးလို့ ရှင်တော်
ဂေါတမ မှ ဈေးစစ်ကြည့်သောအခါ သောဏဒဏ္ဍပုဏ္ဏားကြီးမှ ရှင်ဂေါတမ ဒီနှစ်ပါးကတော့ လုံးဝ
ဖြုတ်လို့မရပါ ဒီနှစ်ပါးမရှိ လျှင် လောကကြီး ကမောက်ကမဖြစ်ပြီး
ကျက်သရေမဲ့ကုန်မည်သာဖြစ်၏ ဒီ ကိုယ်ကျင့်သိက္ခာနှင့် အသိဥာဏ်ကြွယ်ဝခြင်း နှစ်ပါးသည်
တပါးနှင့်တပါး ကျေးဇူးပြုနေပါ၏။
လောကတွင် သီလရှိသောသူသည်
ပညာရှိပါ၏ ပညာရှိသောသူသည်လည်း သီလရှိပါ၏ သီလဖြင့် ပညာကို ဆေးကြော လို့ရပါ၏
ပညာဖြင့်လည်း သီလကိုဆေးကြောလို့ရပါ၏ ဥပမာအားဖြင့် လက်တဖက်ညစ်ပေနေသည့်အခါ
ကျန်လက်တဖက် ဖြင့် ဆေးကြောလို့ရသလို ခြေတဖက်ညစ်ပေသည့်အခါ ကျန်ခြေတဖက်ဖြင့်
ဆေးကြောလို့ ရသကဲ့သို့ပါတည်း ဒါ့ကြောင့်မို့ သီလနှင့်ပညာရှိလျှင် လောကတွင်
အမြတ်ဆုံးလူသား ကျက်သရေရှိသော လူသားဖြစ်ပါ၏။
ရှင်တော်ဂေါတမ မှ ပုဏ္ဏားကြီး
ငါဘုရားလည်း လောကတွင် ကျက်သရေရှိသောတရားကို ဤသီလနှင့်ပညာကိုပင် သတ် မှတ်ထားတာဖြစ်၏
သင်တို့ဗြဟ္မဏ၀ါဒတွင် များနေလို့ လျှော့ခိုင်းခြင်းသာဖြစ်၏ သီလကြောင့်
ပညာအရောင်တောက်နိုင်သ လို ပညာကြောင့်လည်း သီလစင်ကြယ်နိုင်ပါ၏ သီလနှင့်ပညာသည်
တပါးနှင့်တပါး ကျေးဇူးပြုလျှက်ရှိ၏။
ယောဂီတို့၏ သန္တာန်တွင် သီလစင်ကြယ်လျှင်
ပညာဖြစ်တဲ့ မဂ်တရား ဖိုလ်တရားကို တဒင်္ဂအတွင်း လက်ဖျောက်တချက် ခန့်နှင့် ရောက်ရှိသွားနိုင်ပါ၏
ထို့အတူပါဘဲ ပညာကြီးသူတို့၏ သန္တာန်တွင်လည်း သီလတွေဘယ်လောက်ပင် ကျိုးပေါက်နေ
သော်လည်း ပညာဖြင့်ဆင်ခြင်သုံးသပ်လိုက်လျှင် သီလတွေ အလိုလိုစင်ကြယ်သွားပြီး
မဂ်တရားဖိုလ်တရားတွေကို တဒင်္ဂ အတွင်း ရရှိနိုင်ပါ၏ ဒါ့ကြောင့် သီလနှင့်ပညာသည်
လူသားတွေ တန်ဖိုးထားရမည့် ကျင့်ကြံ လိုက်နာရမည့် တရားဖြစ်၏။
ကောင်းကျိုးချမ်းသာ
ကျက်သရေမင်္ဂလာနှင့်ပြည့်စုံပါစေလို့ ဆုတောင်းစကားသည် ကျက်သရေမင်္ဂလာရှိမှ ကောင်းကျိုး
ချမ်းသာဆိုတာ အလိုလိုရောက်လာမှာဖြစ်၏ ကျက်သရေ မင်္ဂလာသည် ရုပ်ရည်အဆင်းကိုလည်း
ပယ်ထားတာတွေ့မြင်ရ၏ ဝေဒသုံးပုံဗေဒင်ပညာကိုလည်း ပယ်ထားတာတွေ့မြင်ရ၏
အမျိုးဇာတ်မြင့်မှုကိုလည်း ပယ်ထားတာတွေ့မြင်ရ၏ လူသားတ ယောက်ရဲ့ ရိုးသားခြင်း
ကိုယ်ကျင့်သိက္ခာနှင့် အသိဥာဏ်ကြွယ်ဝမှုသာ ကျက်သရေမင်္ဂလာရှိခြင်းဖြစ်ပါ၏။
လက်ရှိမြန်မာနိုင်ငံ
ကံကောင်းခြင်းလက်ဆောင်တွေ ရရှိနေတာလည်း ရိုးသားခြင်းနှင့် အသိဥာဏ်ကြွယ်ဝသော ခေါင်း
ဆောင်ကောင်းတွေ ပေါ်ထွက်လာလို့ဖြစ်ပါ၏ ဆင်ဖြူတော်ကြောင့်လည်းမဟုတ်နိုင်ပါ
နိုင်ငံတော်သမ္မတကြီး၏ ရိုးသားပြီး နိုင်ငံအတွက် တကယ်လိုအပ်သော မှန်မှန်ကန်ကန်
ပြုပြင်ပျောင်းလည်းချင်သည့် အသိဥာဏ်ကြောင့်လည်း၎င်း။
Type your summary here. Type the rest of your post here.
No comments:
Post a Comment