အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, November 18, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၆၇)





     ကျက်သရေ ဆိုသည်မြန်မာစကားမှာ ကျက် ဆိုသည့် စကားလုံးနှင့် အသရေ ဆိုသည့် စကားလုံးကို တွဲထားခြင်းဖြစ်၏ ကျက်ဆိုသည့် စကားလုံးသည် မွန်စကား ကျိုက်မှဆင်းသက်လာခြင်းဖြစ်၏ မွန်စကား ကျိုက်သည် ဘုရားဟု အဓိပ္ပါယ်ရပါ ၏ ကာလ ရွေ့လျှောလာသည့်အတွက် ကျိုက်မှ ကျက် ဖြစ်လာသည်ဟု စာပေတွေကဆိုထားပါ၏။
   အသရေ ဆိုသည်စကားလုံးကို အသရေဖျက်ဆီးမှုဖြင့် တရားစွဲဆိုသည့်နေရာတွင် တွေ့ရှိရသောကြောင့် လူတယောက်၏ ဂုဏ်သရေရှိမှုကို ဆိုလိုခြင်းဖြစ်ပါ၏ ကျက်နှင့်အသရေကို ပေါင်ထားလို့ အပြောက်ပြီး ကျက်သရေဟု ခေါ်ဆိုကြဟန်တူပါ၏ ဘယ်သို့ပင် ရေးကြ ပြောကြသော်လည်း ကျက်သရေဆိုတာ ကုသိုလ် ပညာ တို့၏ အမည်ဟုသာ မှတ်ထားရမည်ဖြစ်၏။
  မင်္ဂလာ ဆိုသည်မှာ မင်္ဂလ ဆိုသည့် ပါဠိစကားကို မြန်မာက ရေးချတခုထည့်ပြီး မြန်မာမှုပြုလိုက်လို့ ပါဠိပျက် မြန်မာစကား
ဖြစ်၏ မကောင်းမှုတွေ ပါးအောင်လုပ်ပြီး ကောင်းမှုတွေ ပွားအောင်လုပ်တာ မင်္ဂလာပါဘဲ မြန်မာတွေ မင်္ဂလာပါဟု နှုတ်ဆက်
လိုက်ခြင်းသည် ဒီနေ့မကောင်းတာတွေမလုပ်နဲ့ ကောင်းတာတွေသာလုပ်ဟု ပြောလိုက်ခြင်းဖြစ်၏ မင်္ဂလာဆိုသည်မှာလည်း ကုသိုလ်၏ နာမည်သာဖြစ်သောကြောင့် ကျက်သရေ နဲ့ မင်္ဂလာ ကို တွဲသုံးထားခြင်း ဖြစ်ပါ၏။
       ဗြဟ္မဏဘာသာဝင်တွေ လက္ခံထားတဲ့ ကျက်သရေကိုလည်း သောဏဒဏ္ဍဇာတ်မှာ ဖေါ်ပြထားတာတွေ့ရပါ၏ ဗုဒ္ဓဘာ သာတို့၏ခေါင်းဆောင် အရှင်ဂေါတမ နှင့် ဗြဟ္မဏဘာသာဝင်တို့၏ ခေါင်းဆောင် သောဏဒဏ္ဍပုဏ္ဏားကြီးတို့ ဘာသာရေး ဆွေးနွေးပွဲမှာ ထင်ထင်ရှားရှားတွေ့မြင်ရပါ၏။
       မြတ်စွာဘုရား နောက်ပါသံဃာ ငါးရာနှင့် စပ္ပါပြည်သို့ရောက်ရှိပြီး စပ္ပါပြည်အနီး တောအုပ်တခု၌သတင်းသုံးနေစဉ် စပ္ပါ ပြည်သူပြည်သားတွေ ညနေဆည်းဆာချိန်တွင် ရှင်တော်မြတ်ဘုရားအား ဖူးမြင်ပြီးတရားနာယူရန် ပန်းဆီမီးစသည်တို့ဖြင့် သွားနေတာကို စပ္ပါပြည်၏ ဗြဟ္မဏဘာသာဝင်တို့၏ခေါင်ဆောင် စပ္ပါပြည်၏ အကြီးအကဲ သောဏဒဏ္ဍပုဏ္ဏားကြီးတွေ့ရှိလို့ ဘယ်သွားကြမလို့လည်း မေးမြန်းသောအခါ ရှင်ဂေါတမကို သွားဖူးမျှော်မလို့ ပြန်ပြောကြ၏။
      ဒီလိုဆိုခဏနေကြအုံး ငါပါလိုက်မည်ဟုဆိုကာ စောင့်ခိုင်းလိုက်၏ တပည့်ဖြစ်တဲ့ ပုဏ္ဏားငယ်တွေက ဆရာဖြစ်သူ သော ဏဒဏ္ဍပုဏ္ဏားကြီးကို ဆရာကြီး ရှင်ဂေါတမဆိုတာ ဆရာကြီးနှင့်ယှဉ်လျှင် အသက်အရွယ် အလွန်ငယ်ပါတယ် လာခြင်းလာ လျှင် ရှင်ဂေါတမကသာ ဆရာကြီးထံ လာရောက်ဂါရ၀ပြုရမှာပါ ဆရာကြီးမသွားသင့်ပါဟု ၀ိုင်းဝန်းတားမြစ်ကြ၏။     
     ဆရာကြီးဖြစ်တဲ့ သောဏဒဏ္ဍပုဏ္ဏားမှ ရှင်ဂေါတမသည် အသက်ငယ်သော်လည်း သူကိုယ်တိုင် သဗ္ဗညုဘုရားဟု ပြော ဆိုဝန်ခံခဲ့ပြီး ကြီးမြတ်သောဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော်မူသောကြောင့်  ငါကိုယ်တိုင် သွားရောက်ပြီး တွေ့သင့်တယ် ဟု ပြောဆိုကာ ရှင်ဂေါတမထံသို့ နောက်ပါတပည့်တွေဖြင့် သွားရောက်တွေ့ဆုံကြ၏။
   သောဏဒဏ္ဍပုဏ္ဏားကြီး စိတ်ထဲမှာတော့ ရှင်ဂေါတမသည် ပရိတ်သတ်အလယ်တွင် ငါမဖြေနိုင်သည့် ငါ့ကိုသိက္ခာကြမည့် မေးခွန်းမျိုးကိုမမေးပါစေနဲ့ ငါတတ်ကြွမ်းသည့် ဗြဟ္မဏဘာသာဝင်တို့၏ သဘောတရားများကိုသာ မေးပါစေဟု စိတ်အကြံ ဖြစ်ပေါ်လျှက်ရှိ၏ ရှင်ဂေါတမလည်း လာရောက်ကြသည့် ပရိတ်သတ်အပေါင်းကို ၀မ်းမြောက်ဖွယ်စကားတွေနဲ့ နှုတ်ခွန်း ဆက်စကားပြောဆိုပြီး နေရာအသီးသီးမှာထိုင်စေ၏ မြတ်စွာဘုရားကြည်ညိုသူတွေကတော့ မြတ်စွာဘုရားကို ရှိခိုပြီး သင့် တင့်လျှေက်ပတ်သောနေရာမှာထိုင်ကြ၏။
     မြတ်စွာဘုရားကို ကိုယ်းကွယ်သူမဟုတ်တဲ့ သောဏဒဏ္ဍပုဏ္ဏားကြီးနှင့်အဖွဲ့ကတော့ မြတ်စွာဘုရားနှင့်နှုတ်ဆက်စကား ပြောဆိုပြီး သင့်လျှော်သည်အရပ်မှာထိုင်ကြ၏ သောဏဒဏ္ဍပုဏ္ဏားကြီး၏ စိတ်အကြံကို သိတော်မူတဲ့ ရှင်တော်မြတ်ဘုရား သည် သောဏဒဏ္ဍပုဏ္ဏားကြီး မေးစေချင်တဲ့ မေးခွန်းမျိုးကိုသာမေးတော်မူ၏ သောဏဒဏ္ဍပုဏ္ဏားကြီး သင်တို့ ဗြဟ္မဏဘာ သာဝင်တွေမှာ ကျက်သရေရှိသူပုဏ္ဏားကို ဘယ်အချက်တွေနဲ့ သတ်မှတ်ထားပါသလည်းဟု မေးလေ၏။
     ရှင်ဂေါတမ ဗြဟ္မဏဘာသာဝင်တွေ ကျက်သရေရှိတဲ့ ပုဏ္ဏားကို အချက်(၅)ချက်နဲ့သတ်မှတ်ထားပါတယ်။
      ၁။ရုပ်ရည်အဆင်းလှပရပါမယ်။
      ၂။ဝေဒသုံးပုံကို နှုတ်ငုံတတ်မြောက်ရပါမယ်။
      ၃။ အမျိုးဇာတ်မြင့်ရပါမယ်၊
      ၄။ ကိုယ်ကျင့်သိက္ခာပြည့်စုံရပါမယ်။
       ၅။အသိဥာဏ်ကြွယ်ဝရပါမယ်။
   ရှင်ဂေါတမ ဤအချက်ငါးချက်နှင့် ပြည့်စုံသူသည် ဗြဟ္မဏဘာသာဝင် ပုဏ္ဏားတွေ၏ ကျက်သရေရှိသောသူဟု သတ်မှတ် ထားပါ၏ သောဏဒဏ္ဍပုဏ္ဏားကြီး သူ့ဆန္ဒအတိုင်း ရှင်ဂေါတမ မေးသည့်အတွက် အလွန်ဝမ်းမြောက်စွာဖြင့် ပုဏ္ဏားပရိတ် သတ်အလယ်တွင် ဂုဏ်ယူစွာဖြေကြားလေ၏။
 


Type your summary here. Type the rest of your post here.

No comments: