အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, November 22, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၁)





                      တရုတ်နိုင်ငံ
  မြန်မာရဲ့ အိမ်နီးနားခြင်းနိုင်ငံတခုဖြစ်တဲ့ တရုတ်ပြည်ကတော့ မြန်မာပြည်၏ အဆီအနှစ်တွေကို နှစ်ပေါင်းများစွာ ဂုတ်သွေး စုတ်နေသော နိုင်ငံတခုဆိုလျှင်မမှားပါဘူး တရုတ်-မြန်မာ ဆက်ဆံရေး နှင့်ပတ်သက်လျှင်  မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲမှု တွေသည် ပြည်တွင်းပြည်ပမှ လေးနက်ခိုင်မာစွာ ထောက်ခံမှုတွေရရှိသည့်အတွက် တရုတ်ပြည်သည် အငိုက်မိသွားပြီး ပစပ် ဟောင်းလောင်းနှင့် အံ့သြတုံလှုပ်သွားပုံ၇ပါ၏။
   မြန်မာပြည်၏ ပြုပြင်ပြောင်လဲမှုများကို စတင်တွေ့မြင်ရပြီးနောက်မှာ မြန်မာပြည်အတွင်း တရုတ်အကျိုးစီးပွားတွေ ထိခိုက် နစ်နာလျှက်ရှိတာကိုတွေ့မြင်ရ၏ ပြည်သူတွေက တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို မျက်လုံးဒေါက်ထောက်ကြည့်ကာ မြစ်ဆုံစီမံ ကိန်းနှင့် လက်ပတန်းတောင်စီမံကိန်းတွေကို ဝေဖန်ပြစ်တင်တာတွေ ဆန္ဒပြကန့်ကွက်တာတွေရှိလာပါ၏ ရေနံနှင့် သဘာဝ ဓါတ်ငွေ့စီမံကိန်းပါ ခြိမ်းခြောက်လာသည့်အတွက် တရုတ်တွေ ဖုတ်ပူမီးတိုက် အမြန်ပီးအောင်လုပ်ဆောင်နေရပါ၏။
     မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ကမ္ဘာကလက်ခံလောက်အောင် အောင်မြင်တွေရရှိနေပါ၏ ပြုပြင်ပြောင်းလဲ မှုတွေကို ခေါင်းမာမာနဲ့ ငြင်းဆန်နေပြီး ပုံရိပ်ဆိုးနေတဲ့ တရုတ်၏လုပ်ရပ်တွေကို ကမ္ဘာက ထောက်ပြစရာတွေ ဖြစ်နေပါ၏ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကတော့ အာဆီယံနိုင်ငံတွေနှင့် အိန္ဒိယသမုဒ္ဒရာဒေသမှာ တရုတ်ရဲ့မူလအစီအစဉ်တိုင်းဆိုလျှင် မြန်မာပြည်ကို အသုံးချပြီး ဆောင်ရွက်ဖို့ စီစဉ်ထားတာပါ။
     ယ္ခုတော့ မြန်မာပြည်၏ အပြောင်းအလဲတွေကြောင့် တရုတ်ရဲ့ မူလအစီအစဉ်တွေ ထိခိုက်ပျက်စီးခဲ့ရပါ၏ မြန်မာပြည်ကို ယ္ခင်ကလို လုပ်ခြင်တိုင်း လုပ်လို့မရတော့ဘူးဆိုတာ တရုတ်ကြီး သဘောပေါက်သွားပုံရပါ၏ ရတဲ့နည်းနဲ့ မြန်မာပြည်ကို ရအောင်ပေါင်းရတော့မဲ့ အချိန်ရောက်နေပြီမို့ မြန်မာ့အပြောင်းအလဲတွေနဲ့ လိုက်လျှောညီထွေအောင် တရုတ်ကြီးရဲ့ မဟာ ဗျူဟာကိုလည်း ပြန်လည်ပြုပြင်ဖို့ တရုတ်ခေါင်းဆောင်တွေ ညှိနိုင်းတိုင်ပင်နေသောအချိန်ရောက်နေပါပြီ။
       အထိနာသွားသော တရုတ်ကြီးသည် မြန်မာပြည်တွင်း ရင်းနှီးမြုတ်နှံမှုတွေကို လျှော့ချလိုက်ပြီး အစိုးရသစ်နဲ့ ဆက်ဆံ
ရေးပါ အေးဆက်သွား၏ တခါမှအရာမသွင်းဘူးတဲ့ အတိုက်အခံတွေဘက်ကို မျက်နှာမူလာတာတွေ့မြင်ရ၏ သူ့ရဲ့ ဆိုးညစ် ခဲ့တဲ့ ပုံရိပ်တွေကို ခ၀ါချကာ ဒေသခံ အဖွဲ့အစည်းတွေနဲ့ အစဉ်ပြေအောင် ဆက်ဆံလာတာကို တွေ့မြင်ရပါ၏ တရုတ်ကြီး ခုမှ သဘောပေါက်ကာ လူကိုလူလိုမြင်တတ်လာပါ၏။
     မြန်မာပြည်၏ ပြည်ပမျက်နှာစာတွင် တရုတ်နိုင်ငံအပေါ်အလွန်အကျွံ မှီခိုနေသည်ဟု နိုင်ငံအများက မြင်နေပါ၏ အဲဒီအ မြင်ကို မြန်မာပြည်က ဖယ်ရှားပစ်ချင်ပြီး အမေရိကန် ဥရောပ ဂျပန် စသော နိုင်ငံတွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပြချင်၏ အာဆီယံ နိုင်ငံတွေအလည်မှာ တိုင်းပြည်၏ ဂုဏ်သိက္ခာ မြှင့်တင်ချင်သည့်အတွက် မြန်မာပြည်ခေါင်းဆောင်တွေ တိုင်းပြည် အပြောင်းအလဲကို စွန့်စားပြီး လုပ်ဆောင်နေခြင်းဖြစ်၏။
        တရုတ်ကြီး အထူးတုံလှုပ် ခြောက်ခြားခဲ့၇တဲ့ ၂၀၁၁ သြဂုတ်လမှာ စတင်တဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲတွေပါဘဲ သမ္မကြီးဦသိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် တို့ရဲ့ သမိုင်းဝင်တွေ့ဆုံမှုတွေ နိုင်ငံရေးအကျဉ်းသား တွေ လွှတ်ပေးမှုနှင့် မီဒီယာ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေ လျှော့ပေးခဲ့တာ သမဂ္ဂတွေ ဖွဲ့ခွင့်ပေးပြီး ဆန္ဒပြမှုတွေ ခွင့်ပြုခဲ့တာဟာ တရုတ်အတွက် အံ့သြတုံလှုပ်ရတဲ့အချက်တွေပါ။
  အဓိကကျတဲ့ ပြောင်လဲမှုကတော့ ၂၀၁၂ ဧပြီလမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်၏ ၄၅-နေရာတွင် ဒေါ်အောင် ဆန်းစုကြည် ပါတီမှ ၄၃-နေရာ အနိုင်ရခဲ့၏ ရွေးကောက်ပွဲများတွင် သမိုင်းဝင်မဲ့ရွေကောက်ပွဲတခုပါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံအင်အားစုတွေ လွှတ်တော်ထဲကို ရောက်ရှိလာခြင်းဖြစ်၏ သမိုင်းဝင်ခဲ့ပြီး လွှတ်တော်ထဲ မ၀င်ခဲ့ ရတဲ့ ၁၉၉၀-ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်တွင်း နိုင်ငံရေးကို နှိုးထလာသော အချိန်ဖြစ်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: