ပရဟိတလုပ်ငန်းမျိုးတွင်
ပါဝင်လုပ်ကိုင်ဖို့ဆိုတာ တော်ရုံတန်ရုံစိတ်ဓါတ်မျိုးဖြင့် မဖြစ်နိုင်ပါ
ပရဟိတလုပ်ငန်း လုပ်ကိုင် သူသည် ကာယကံအားဖြင့်လည်း အပင်ပန်းခံရ၏ ၀စီကံအားဖြင့်လည်း
အနားမနေရ ပြောဆိုဆက်ဆံနေရ၏ မနောကံအား ဖြင့်လည်း ကရုဏာစိတ်အပြည့်နဲ့
ကြံစီလုပ်ဆောင်နေရ၏ လူအားကိုလည်း ရင်နှီးရ၏ အချိန်အားကိုလည်း စိုက်ထုတ်ရ၏ တခါတရံ
ငွေအားကိုပါ အကုန်ကျခံရသေး၏ ထို့အပြင် ပတ်ဝန်းကျင်မှ အဝေဖန်ပင် ခံရတတ်ပါသေး၏။
ထိုကဲ့သို့သော
အဆင့်များကို ကျော်ဖြတ်နိုင်မှသာလျှင် ပရဟိတလုပ်ကိုင်နိုင်သော
အဆင့်သို့ရောက်ရှိနိုင်မှာဖြစ်၏ မလေးရောက်မြန်မာလူငယ်တွေလည်း မြို့နယ်တိုင်းတွင်
နာရေးပရဟိတ သက်ကြီးရွယ်အိုစောင်ရှောက်ရေး ပရဟိတ သွေး လှူဒါန်းရေး နှစ်လုံးလှပရဟိတ
စသည်ဖြင့် အဖွဲ့လေးတွေ များစွာတွေ့ရပါ၏ လူငယ်တွေကို ဒီအဖွဲ့စည်းလေးတွေဖြင့် နှောင်
ဖွဲ့ထားခြင်းဟာအလွန်ကောင်းပါ၏ မဟုတ်တာလုပ်ချင်ရင်တောင် ငါ
ပရဟိတအဖွဲ့ဝင်ပါလားဆိုပြီး မလုပ်မိအောင်ထိမ်းသိမ်း နိုင်တဲ့စိတ်လေးတွေ
ဖြစ်ပေါ်လာတတ်ပါ၏။
မလေးရှားရောက်
မြန်မာတွေလည်း လောကသဘာဝအတိုင်း
ဆိုးတဲ့သူတွေ ကောင်းတဲ့သူတွေ ရိုးရိုးအေးအေး နေတဲ့ သူတွေ မျိုးစုံတွေ့ရပါ၏
မလေးရှားကို ရောက်ခါစလူငယ်တွေ မြန်မာပြည်မှာ ကျွေးယူပြီးရောက်လာတာက အများစုဆိုတော့
ကျွေးကျေအောင် အလုပ်ကျိုးစားလုပ်တာတွေ့ရ၏ ကျွေးကျေသွားရင်
ထိုပုဂ္ဂိုလ်အရင်လိုကျိုးစားရှာတာမတွေ့ရတော့ အနေ ကြာလာတော့ သုံးတတ်ဖြုံးတတ်ပြီး
သောက်သောက်စားစား လူမင်းသားပုံစံနဲ့ မူးယစ်နေသူတွေလည်း တွေ့မြင်ရပါ၏။
တချို့ကြတော့လည်း
ကျွေးကျေတဲ့အပြင် မြန်မာပြည်ကို ပို့ထားတာ သိန်းဘယ်လောက်ရှိပြီဆိုပြီး
ဂုဏ်ယူစွာပြောဆို နိုင်တဲ့ပုဂ္ဂိုလ်တွေလည်း တွေ့မြင်ရပါ၏ အလုပ်အစဉ်မပြေလို့
ဖြစ်သလိုစား ဖြစ်သလိုနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့မြင်နိုင် ပါ၏ မလေးရှားမှာ
အနေကြာလို့ မိသားစုဘ၀ပါ ပျောက်ဆုံးပြီး စိတ်လေကာ ထင်ရာဆိုင်းနေတဲ့ လူမျိုးတွေလည်း
များစွာရှိ ပါ၏ တိုတို မက်ဂနိုင် ထီထိုးပြီး ဘ၀ပြောက်သူတွေလည်း မြင်တွေ့နိုင်ပါ၏။
တကယ်တော့
မလေးရှားကိုလာပြီးအလုပ် လုပ်တဲ့ပုဂ္ဂိုလ်တွေ လိုက်နာကျင့်သုံးရမှာက မိမိတို့တိုင်းပြည်မှာ
လုပ်စား လို့အစဉ်မပြေလို့ ဒီမှာယာယီလုပ်ကိုင်စားသောက်ရတာ မိမိတို့တိုင်းပြည် အခွင့်အလန်းတွေ
ပွင်လင်းလာတဲ့အချိန်မှာ မိမိတို့ အားလုံး မြန်မာပြည်ကိုပြန်ကြရမှာပါ အတတ်ပညာမပါဘဲ
လက်ချီပြန်သွားတဲ့ပုဂ္ဂိုလ်တွေသည် လူဖျင်းလူညံ့တွေသာ ဖြစ်မှာ သေချာ၏ မလေးရှားမှာ
ရရှိတဲ့အခွင့်အရေးတွေကို ရအောင်ယူတတ်ဖို့အရေးကြီး၏။
မြန်မာပြည်နဲ့ ကိုက်ညီမဲ့ မြန်မာပြည်မှာ
ပြန်ပြီး လုပ်ကိုင်စားသောက်လို့ရမဲ့ အတတ်ပညာများကို ရအောင်သင်ယူထားဖို့
အရေးကြီးပါ၏ ဖန်နေချာ ပညာတွေ လျှပ်စစ်နဲ့ပတ်သက်တဲ့ပညာတွေ ဆောက်လုပ်ရေးနဲ့
ပတ်သက်တဲ့ပညာတွေ စက်ရုံနဲ့ ပတ်သက်တဲ့ပညာတွေ စားသောက်ဆိုင်နဲ့ပတ်သက်တဲ့ပညာတွေ
မြန်မာတွေ မလေးရှားမှာ အလုပ်မျိုးစုံလုပ်နေပါ၏ မိမိတို့ မြန်မာပြည်လုပ်စားလို့
ရမည့်အတတ်ပညာကိုတော့ မခိုမကပ်ဘဲ တတ်မြောက်အောင်သင်ထားသင့်ပါ၏။
ရတဲ့ လခငွေကိုလည်း စုထားမယ်
အတတ်ပညာတခုခုလည်း ကျွမ်းကျင်တတ်မြောက်စွာ ပါသွားမယ်ဆိုလျှင် မလေးရှား မှာ
အလုပ်သမား ဖြစ်ပေမဲ့ မြန်မာပြည်ရောက်လျှင် လုပ်ငန်းရှင်သူဋ္ဌေးဖြစ်နိုင်ပါ၏ မလေးရှားမှာ
ရောင်ဝါးဝါး တတ်ယောင် ကားလုပ်နေမယ်ဆိုလျှင် မိမိအတွက် လုပ်စားလို့ရမဲ့ အလုပ်တခုကို
သေသေချာချာမသင်ဘဲ လခါရလျှင် ပြီးတာဘဲဟု ရေ သာခို အချောင်စိတ်ဓါတ်မျိုးမွေးတဲ့
လူဖျင်းလူအတွေအတွက်တော့ မလေးရှားမှားလည်း အလုပ်သမားအဆင့် မြန်မာပြည် ပြန်ရင်လည်း
အလုပ်သမားအဆင့်သာဖြစ်ပြီး နိမ့်ကျသည့် လူ့ဘ၀မှာသာ အဆုံးသတ်ရမှာဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment