ယိုးဒယားနိုင်ငံသူ နိုင်ငံသားတွေသည်
ဗေဒင်လက္ခဏာကို အလွန်ယုံကြည်ကြ၏ ဆင်ဖြူတော်ရှိတဲ့ နိုင်ငံတိုင်းသည် ကျက်သရေမင်္ဂလာရှိသည်ဟု
ယုံကြည်ကြ၏ စစ်တိုက်ယူလို့ မရတဲ့ခေတ်ကြီးတွင် သံတမန်နည်းအရ ခြင်းကပ်လာခြင်းဖြစ်
၏ လက်ရှိ ယင်လတ်အစိုးရ၏
ရာထူးတည်မြဲရေးအတွက် ဆင်ဖြူတော်ကို ငှားရမ်းခြင်း ဖြစ်ဟန်တူ၏ ဆင်ဖြူတော်ကို ယုံ ကြည်သော ယိုဒယားအစိုးရနှင့် ပြည်သူတွေ
သူတို့နိုင်ငံကို ဆင်ဖြူတော်ရောက်မှ စီးပွားဥစ္စာ လဘ်လာဘတွေ ပြန်လည်
ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်ထားပုံရ၏။
မြန်မာပြည်မှာ ဦးနေ၀င်းလက်ထက်တုံးက ဆင်ဖြူတော်တစီး ပေါ်ထွက်ခဲ့ဘူး၏
ထိုဆင်ဖြူတော် သေဆုံးသွားသော အခါ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီးလည်း
ကြဆုံးသွားသည်ဟုဆို၏ ထိုဆင်ဖြူတော်သေသည့်သတင်းကို တိုင်းသူ ပြည်သားတွေ
အသိမပေးခဲ့ဟု နက္ခတ်ဗေဒင်ပညာရှင်က ဆိုထားပါ၏ ဆင်ဖြူတော် သေဆုံးခြင်းကြောင့်သာ
လမ်းစဉ်ပါတီ ကြဆုံးသွားခြင်းဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါ၏။
တိုင်းပြည်တပြည်ရဲ့ ကံကြမ္မာကို
နက္ခတ်ဗေဒင်ယုံကြည်တဲ့ ရှေးခေတ်နိုင်ငံ အချို့ကတော့ ဆင်ဖြူတော်နဲ့ဘဲ သုံးသပ်
တင်ပြထားတာကို သူတို့နိုင်ငံတွေရဲ့ သမိုင်းတွေမှာ ရေးခဲ့တာတွေက ထင်ဟတ်လျှက်ရှိပါ၏
မြန်မာပြည်၏ သမိုင်းမှာလည်း ဆင်ဖြူတော်ကို ယုံကြည်ခဲ့တယ်ဆိုတာ အထင်အရှားဖြစ်၏
ရှေးခေတ်ကတော့ ဆင်တပ် မြင်းတပ်နဲ့ဘဲ စစ်တိုက်ရတာဆို တော့ ဆင်ဖြူတော်သည် အတော်အရေးပါပုံရ၏
ဆင်ဖြူနား ဆင်မဲတွေမကပ်ဝန့် ကြောက်လန့်သည်ဟုဆို၏ တိုက်ပွဲတပွဲ မှာ ဆင်ဖြူတော်ပါဝင်သည့်
ဘက်ကအနိုင်ရသည်ဟု မှတ်သားဘူးပါ၏။
ခုခေတ်တော့ ဆင်တပ် မြင်းတပ်နှင့် တိုက်ရသည့် ခေတ်မဟုတ်တော့ပါ လေတပ်
ရေတပ် ခေတ်မှီ လက်နက်ကိုင်
ကြည်းတပ်တွေနှင့် တိုက်ကြတာဆိုတော့ ဆင်ဖြူတော်ကိစ္စကို ယုံကြည်မှု
အားနည်းလာတာတွေ့ရပါ၏ ခုခေတ်ဆင်ဖြူ တော်သည် အလှပြကြည့်ရှုသည့် သဘောမျိုးသာတွေ့ရ၏
တိုင်းပြည်တပြည် ကံကောင်းခြင်း လက်ဆောင်တွေ ရရှိဖို့ အ တွက် ဆင်ဖြူက အရေးကြီးသလား
လူသားက အရေးကြီးသလားဆိုတာလည်း သိရှိသင့်လှ၏။
ကျက်သရေဆိုသည်မှာ
တိုင်းပြည်တပြည်၏ ကံကောင်းခြင်းလက်ဆောင်ဆိုတာ
တိုင်းပြည်ကိုအုပ်ချုပ်နေသူများပေါ် များစွာမူတည်ပါ၏ အုပ်ချုပ် သူတို့ ရိုးသားပြီး
အသိဥာဏ်ကြွယ်ဝလျှင် တိုင်းပြည်ဟာအလိုလို ကောင်းကျိုးချမ်းသာ
ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့် စုံလာမှာဖြစ်ပါ၏ အုပ်ချုပ်သူတွေ ကျက်သရေမင်္ဂလာရှိမှ
ကောင်းကျိုးချမ်းသာတွေ ကံကောင်းခြင်းလက်ဆောင်တွေဆိုတာ နိုင်ငံတကာမှ
ရင်းနှီးမြုတ်နှံမှုတွေ အသိပညာ အတတ်ပညာ အကူအညီတွေ ရောက်လာမှာကို ဆိုလိုခြင်းဖြစ်၏။
တိုင်းပြည်ကြီးပွားတိုးတက်လိုလျှင် တိုင်းပြည်ခေါင်းဆောင်တွေ ပထမဆုံး
ကျက်သရေမင်္ဂလာရှိအောင် ကျင့်ကြံ အား ထုတ်ရမည်ဖြစ်၏ ကျက်သရေ နှင့် မင်္ဂလာကို
တွဲသုံးထားသည့်အတွက် ဤနှစ်မျိုးလုံး အဓိပ္ပါယ်တူသည်ဟု ဆိုရမှာဖြစ်၏ ကျက်သရေ သည် သိရီ ဆိုသည့် ပါဠိမှ
ဆင်းသက်လာခြင်းဖြစ်၏ ကျက်သရေ ဆိုသည်မှာ ကောင်းမှု နဲ့ ပညာတို့၏ အမည် ပါလို့
မူလဋီကာဆရာကြီးက ဖွင့်ဆိုထားပါ၏။
ရုပ်ရည်အဆင်းလှပတင့်တယ်ပြီး လူတိုင်း၏ နှစ်သက်ဖွယ်ဖြစ်တာလည်း ကျက်သရေပါဘဲ
အသိဥာဏ်ကြွယ်ဝတာလည်း ကျက်သရေပါဘဲ ကျန်မာ၍ ပျော်ရွှင်ဖွယ်နဲ့ ပြည့်စုံတာလည်း
ကျက်သရေပါဘဲ ခန်းနားထယ်ဝါပြီး အဆင်းတန်းမြင့်မြင့် အိမ် ယာတွေနဲ့
နေထိုင်ရခြင်းဟာလည်း ကျက်သေ၇ပါဘဲ စားရေး ၀တ်ရေး နေရေး ပြည့်စုံပြီး ရက်ရက်ရောရော
လှူဒါန်းပေးစွန့် နိုင်တာလည်း ကျက်သရေပါဘဲ။
ကျက်သရေဆိုတာ လူတိုင်းမှာရှိတာမဟုတ်ဘူး ရှေးကပြုခဲ့ဘူးသည့် ကုသိုလ်ကောင်းမှု
ရှိခဲ့ဘူးသူတွေရဲ့ သဏ္ဍာန်မှာသာ တွေ့မြင်ရမှာဖြစ်၏ ဒီနေ့ ပစ္စုပ္ပန်သည် မနေ့က အတိတ်ဖြစ်၏
မနေ့ကပြုခဲ့သည့်ကုသိုလ်သည် ဒီနေ့အခွင့်ကြုံလာလျှင် ခံစား ရမှာဖြစ်၏
ဒီနေ့ကောင်းခြင်လျှင် မနေ့က ကောင်းခဲ့လို့လားဟု ဆင်ခြင်ရမှာဖြစ်ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment