အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, November 25, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၃)





       ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နော်ဝေး နိုဘယ်ဆုလက်ခံယူသည့် အခန်းအနား အင်္ဂလန် လွှတ်တော်တွင် မိန့်ခွန်းပြောသည့်အစီအစဉ် အိုင်ယာလန်ခရီးစဉ်တိုကို ကမ္ဘာ့မီဒီယာတွေဖြစ်သည့် စီအင်အင် ဘီဘီစီ အယ်ဂျီးယား တို့မှ တိုက်ရိုက် ထုတ်လွင့်နေသည့်အတွက် ကမ္ဘာ့ပြည်သူတွေ အုတ်အော်သောင်းနင်းဖြစ်နေချိန်မှာ တရုတ်ကြီးတို့ မီဒီယာတွေ တုပ်တုပ်မျှမလှုပ်ပါ ကမ္ဘာက လက်ခံသည့် မြန်မာပြည်မှ ခေါင်းဆောင်တဦး ပေါ်ထွက်လာတာကို တရုတ်ကြီး ၀မ်းသာမပေး နိုင်တာကို တွေ့မြင်ရပါ၏ တရုတ်ကြီး လိုချင်တာက သူခိုင်းတာလုပ် သူပြောတာနားထောင်တဲ့ အာဏာရှင်အစိုးရမျိုးသာ ဖြစ်သောကြောင့် သူဝမ်းသာ မပေးနိုင်တာ သဘာဝကြပါ၏။
      တရုတ်ကြီးကတော့ မင်းသားမလုပ်ရလျှင် ပမ်းမကြီးထိုးဖေါက်မှာ သေချာသလောက်အရိပ်အရောင်တွေ မြင်နေရပါ၏ ဟို--ရှေးယ္ခင်ကလည်း မြန်မာပြည်တွင် တရုတ်နဲ့အဆင်မပြေသောအစိုးရအား ဗကဗ တွေကို ထောက်ပန့်မှုတွေပေးပြီး နိုင်ငံ ရေးမတည်ငြိမ်အောင်လုပ်ဆောင်ခဲ့ဘူး၏ ယ္ခုလည်း တရုတ်နှင့်အစဉ်မပြေသော ဂျပန် အမေရိကန် တို့ကို မြန်မာအစိုးရသစ်
က ဦးစားပေးလာတော့ တရုတ်ကြီးလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နှက်ထောက်ပန့်တာတွေ ရဟတ်
ယဉ်ပို့ပေးတာတွေ ကြားနေရပါ၏။
      တရုတ်သည် ကမ္ဘာတွင် အမေရိကန်နှင့် စူပါ ပါဝါပြိုင်နိုင်သော တခုတည်းသောနိုင်ငံဖြစ်၏ တရုတ်သည် အိမ်နီးခြင်း နိုင်ငံတွေကို သူနဲ့အဆင်မပြေပါက ကောင်းကောင်းပညာပြနိုင်ပါ၏ မြန်မာခေါင်းဆောင်တွေ သတိထားဖို့ကတော့ ရှေးယ္ခင် က သင်္ခန်းစာတွေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်နိုင်ငံ တရုတ်ရဲ့လှည့်ကွက်ထဲမရောက်ဖို့ အရေးကြီးပါ၏ အိမ်နီးနားခြင်းဆို တာကတော့ အဆင်ပြေလျှင်  ပိုကောင်းပါ၏ အဆင်မပြေလျှင် သူကော ကိုယ်ကော စိတ်ဆင်းရဲရပါ၏။
       တရုတ်ပြည်၏ မြန်မာပြည်ပေါ် စေတနာဆိုးနဲ့ ပြုလုပ်ခဲ့မှုတွေကတော့ မြန်မာပြည်၏ ဂေဟစနစ်အရ အရေးပါလှသော ရေဝေတောင်တန်းများကို ပြောင်တလင်းခါစေလျှက် မြောက်ပိုင်းဒေသမှ သစ်တောများကို နှစ်ပါင်း ၂၀-ကျော် သက်ဆိုင်ရာ အုပ်ချုပ်သူတွေနဲ့ပေါင်းပြီး ခုတ်ယူခဲ့ကြ၏ မြန်မာပြည်၏ တရုတ်နယ်စပ်တလျှောက်သည် ယ္ခုအခါ တောတွေပြုံး၍  တောင် ကတုံးဘ၀ရောက်ရှိပြီး ရာသီသတု ဖေါက်ပြန်မှုတွေနှင့် တွေ့ကြုံနေရပါပြီ။
         တရုတ်ကြီးတို့အဖွဲ့သည် အဆင့်မမှီ၍ ဈေးပေါသော လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးအတုများကို မြန်မာပြည်တွင်း သို့ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော စေတနာဆိုးတွေဖြင့် အပြည့်အလျှံ တင်ပို့ခဲ့ကြ၏ မြန်မာပြည်ကို သူတို့နိုင်ငံ၏ စွန့်ပစ်လိုက်သည့် အမှိုက်ပုံဟု ထင်နေပုံရ၏ မြန်မာပြည်က စီးပွားရေးသမားတွေကလည်း ပြည်သူပေါ်စေတနာမထား သူ တို့ချမ်းသာဖို့သာ အဓိကထားပြီး ဘို့တလုံးသမားတွေ အဖြစ်ခံယူကာ စီးပွားရှာကြ၏ တကယ်တန်း အထိနာတာကတော့ သုံးဆွဲသူ ပြည်သူတွေသာဖြစ်ပါ၏
      တရုတ်ပြည်သည် အရေအသွေးကောင်း ပစ္စည်းတွေလည်း ထုတ်လုပ်ပါ၏ ဒါပေမဲ့ အဲဒီပစ္စည်းတွေကိုတော့ အဆင့်မြင့် သည့် ဥရောပ အမေရိကန် စသော နိုင်ငံတွေကို ပို့ဆောင်စေပြီး စက်ရုံရဂျက်ထိ အဆင့်နိမ့်ပစ္စည်းတွေသာ မြန်မာပြည် ပို့သောကြောင့် တရုတ်ပြည်၏ မြန်မာပြည်အပေါ်ထားသော စေတနာကို မြန်မာပြည်သားတွေ နားလည်ထားသင့်၏ တရုတ် နဲ့ပေါင်းလို့ကတော့ တိုင်းပြည်အခွန်ပဲကျန်မှာဖြစ်၏ မြန်မာပြည်၏ အသားကိုစား အသွေးကိုသောက်အဆီကိုမြိုမည့် တရုတ် တွေကို မြန်မာပြည်သားတွေ ပေါင်းသင့် မပေါင်းသင့် စဉ်းစားဆုံးဖြတ်ရန်သာဖြစ်ပါ၏
      မြန်မာနှင့် အမေရိကန် ဆက်ဆံရေးတွေ တိုးတက်လာပါက မြန်မာပြည်အတွက် အလွန်လိုအပ်သော ငွေးကြေးရန်ပုံငွေ တွေကို ကမ္ဘာ့အဆင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများထံမှ ရယူနိုင်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရသော အဖြစ်မှ လွှတ်မြောက်ကာ ကမ္ဘာနှင့် ရင်ဘောင်တန်းလာသော ကမ္ဘာ့စီပွားရေး စနစ်သစ်တခုဆီသို့ ၀င်ရောက်လာနိုင်မှာဖြစ် ပါ၏ အမှီအခိုကင်း၍ လွတ်လတ်သော ကုန်သွယ်မှု၏ အရသာကို ပြည်ပြည့်၀၀ ခံစားရမှာ ဖြစ်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: