အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, November 28, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၆)





  အိန္ဒိယနိုင်ငံ
    မြန်မာပြည်၏ အိမ်နီးနာခြင်းနိုင်ငံ အိန္ဒိယသည် ကမ္ဘာ့ဒီမိုကရေစီ အကြီးဆုံးနိုင်ငံကြီးဖြစ်၏ တချိန်က မြန်မာ့ဒီမိုကရေစီ အင်အားစုဘက်မှ ပြတ်ပြတ်သားသား ထောက်ခံ့ခဲ့သော အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရအကြား ဆက်ဆံရေး ပြောင်းလဲ လာပုံကို ရန်ကုန်နှင့် နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံးက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန လျို့ဝှက်ကြေးနန်းများက ဖော်ပြနေပါ၏။
      စစ်အစိုးရနဲ့ ဆက်ဆံတာဟာ အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လက်တွေ့ကျတယ်လို့ အိန္ဒိယ အစိုးရက ယူဆထားပါ၏ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေတဲ့သူက နအဖ နံပတ် နှစ် ဗိုလ်ချုပ်ကြီး မောင်အေးဖြစ်တယ်  ဟု  ၂ဝဝ၇ ခု ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်သံရုံး ကြေးနန်း၌ သိရှိချက်ကို ဖော်ပြထားတာတွေ့ရ၏။
    အိန္ဒိယအစိုးရသည် ၁၉၈၈ ခု ဒီမိုကရေစီ အုံကြွမှုဘက်မှ ရပ်တည်ကူညီခဲ့ပြီး ၁၉၉၂ ခုတွင် မြန်မာ စစ်အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှုများအတွက် ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်ချရေး အထိပင် တောင်းဆို ခဲ့ဖူးသော်လည်း တရုတ်က မြန်မာ နိုင်ငံအပေါ် သြဇာလွှမ်းမိုးရန် ကြိုးစားနေမှု  သူ၏ အရှေ့မြောက်ဖက် ပြည်နယ် သူပုန်များကိုနှိမ်နှင်းရန်နှင့် ယင်းပြည်နယ် များ၏ စီးပွားရေး ဖွံ့ဖြိုးစေရန် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ပြောင်းလဲလာခဲ့၏။
    အစိတ်စိတ် အမြွှာမြွှာဖြစ်နေတဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေဟာ စစ်မှန်တဲ့ အပြောင်းအလဲ တခုကိုဖြစ်စေမယ့် ညီ ညွတ်မှုကို မတည်ဆောက်နိုင်ဘူး တည်ဆောက်လိုစိတ် မရှိကြဘူးလို့ ထင်ပုံရ၏ အဲဒါက နိုင်ငံမှာ စစ်တပ်ကို စုစည်းမှု အရှိ ဆုံး နိုင်ငံရေးအင်အားစု ဖြစ်လာစေပြီး အာဏာကို ဆက်ကိုင်သွားစေနိုင်တာပဲ ဟု အိန္ဒိယ သံတမန် တဦး၏ ပြောကြားချက် ကို ကိုးကားပြီး ၂ဝဝ၇ ခု ဖေဖော်ဝါရီ ၈ ရက်ရက်စွဲတပ် ကြေးနန်းတွင် ဖော်ပြထားပါ၏။
    ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အိန္ဒိယ ဒုတိယသမ္မတ Krishan Kant ၏ ဖိတ်ကြားချက်အရ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြား ရေး စက်မှု အခွန် ဘဏ္ဍာ သိပ္ပံနှင့် နည်းပညာ လျှပ်စစ်စွမ်းအင် ဝန်ကြီးတို့ လိုက်ပါလျက် ရှစ်လေးလုံး ဒီမိုကရေစီ အုံကြွမှု ဖြစ်အပြီး ၁၂ နှစ်အတွင်း ပထမဆုံး လည်ပတ်သော မြန်မာ အဆင့်မြင့်ဆုံး ခေါင်းဆောင်အဖြစ် ၂ဝဝဝ ခု နိုဝင်ဘာ ၁၄ မှစ၍ ၈ ရက်ကြာ သွားရောက်ခဲ့၏။
  နှစ်နိုင်ငံနယ်စပ် အရှည် မိုင် ၉၉ဝ ကျော်အတွင်း အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်နေသည့် အရှေ့ မြောက် ပြည်နယ်သူပုန် များကို ပူးပေါင်းနှိမ်နင်းရေး၊ မူးယစ်ဆေး တိုက်ဖျက်ရေး၊ စီးပွားရေး ကိစ္စများ ဆွေးနွေးခဲ့ပြီး အိန္ဒိယ အစိုးရထံမှချေးငွေ အမေရိကန် ဒေါ်လာ ၁၅ သန်းရနိုင်ရန်လည်း လက်မှတ် ထိုးခဲ့၏။
  အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာပရာနက် မူကာဂျီ Mr. Pranab Mukherjee သည် ၂ဝဝ၇ ခု ဇန်နဝါရီလ ၁၉-ရက်နေ့မှ ၃ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့၏ ခရီးစဉ်အတွင်း မည်သည့် သဘောတူညီချက်မျှ မရှိကြောင်း အိန္ဒိယသံတမန်က ရန်ကုန် အမေရိကန် သံအရာရှိကို ပြောသည်ဟု ကြေးနန်းက ဖော်ပြထားပါ၏။
    ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ  ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ ဖြုတ်ချပြီးနောက် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ၂ဝဝ၄ ခု အောက်တိုဘာလ ၂၄ မှ ၆ ရက်ကြာ သွားရောက်ခဲ့၏ အဆိုပါ ခရီးစဉ်အပြီး အောက်တိုဘာ ၂၉ ရက်တွင်နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်အတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီစနစ်သို့ အမြန်ပြောင်းလဲနိုင်ရေးတို့ ထည့်သွင်း ခဲ့ကြောင်း နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံး၏ ၂ဝဝ၄ ခု နိုဝင်ဘာ၂ ရက် ကြေးနန်းတွင် တွေ့မြင်ရပါ၏။
    ပိတ်ဆို့ အရေးယူခြင်းသည်  မြန်မာနိုင်ငံကို  အထီးကျန် ဖြစ်စေပြီး  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို မဖော်ဆောင်နိုင်ဘဲ စေ့စပ် ဆွေးနွေးသည့်နည်းဖြင့်သာ စစ်အစိုးရကို ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်စေနိုင်မည် ဟု အိန္ဒိယ၏ အမြင်ကို လည်း ဖော်ပြထား၏။
   မြန်မာ့ဒီမိုကရေစီရေးအတွက် သည့်ထက်ပို၍ လုပ်ဆောင်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းချက်ကို ဒီမိုကရေစီကိုအောက်ခြေ မှစ၍ တည်ဆောက်မှသာ  ဖြစ်နိုင်မည်ဖြစ်ပြီး  နှစ်နိုင်ငံ  ပြည်သူများအကြား ယဉ်ကျေးမှု အားကစား  စသည့် ကဏ္ဍများမှ
ဆက် စပ်ဆက်ဆံရေး နည်းဗျူဟာကို ကျင့်သုံးသွားမည် ဟု အိန္ဒိယ အဆင့်မြင့် သံတမန်ကဖြေကြားသွား၏။
 


Type your summary here. Type the rest of your post here.

No comments: