အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, November 13, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၆၃)





    ယခုလက်ရှိ ကာလမှာ ယိုးဒယား နိုင်ငံမှာ သွားရောက် အလုပ်လုပ်နေကြတဲ့  မြန်မာတွေကို ယိုးဒယားတွေက နည်း အမျိုးမျိုးနဲ့ ဖိနှိပ်ပြီး အနိုင်ကျင့်နေတဲ့ အကြောင်းကို ကြားရတဲ့အခါမှာ သမိုင်းသိတဲ့ မြန်မာနိုင်ငံသားတွေ  မခံချင်စိတ်တွေ ဖြစ်ခဲ့ရပါ၏ ကိုယ်က အလုပ်သမားဖြစ်လို့ အလုပ်သမားလို ဆက်ဆံတာကို နားလည်ပေးလို့ ရပါ၏ ဒါပေမယ့် 90 ရာခိုင် နှုန်းသော ယိုးဒယားတွေဟာ အငြိုးတေး တခုရှိသလိုမျိုးသဘောထားပြီး အခွင့်ရေးရရင်ရသလို မြန်မာတွေကို ဖိနှိပ်အနိုင် ကျင့် ကြတယ်လို့ သိရပါ၏။
   အဲ ဒီနိုင်ငံမှာ အောက်ခြေသိမ်း အလုပ်မျိုးကို လုပ်ကြတဲ့ မြန်မာတွေကလည်း အခြေခံပညာတွေ နည်းကြလေတော့ ရှေး ယခင်ခေတ်အဆက်ဆက်က မြန်မာတွေဟာ ယိုးဒယားတွေကို ဘယ်လိုနှိပ်ကွပ်ခဲ့တယ်ဆိုတာကို သိတဲ့သူအလွန်ရှားပါ၏  အဲဒီလို မသိခဲ့တော့ ယိုးဒယားတွေ နှိမ်တာကိုခံရတာ များလာတဲ့အခါမှာ တချို့ တွေက မြန်မာဖြစ်ရတာ ရှက်သလိုလို ဂုဏ် ငယ်သလိုလို ခံစားလာနေတာကို ပတ်ဝန်းကျင်မှာ တွေ့ နေရပါ၏ မြန်မာသည် တချိန်က ယိုးဒယားကို ငယ်နိုင်ဆိုတာ သိ ထားဖို့လိုပါ၏။
    နှိုးထလာမည့် ကာလနဂါးကြီး မြန်မာပြည်ကို အထူးစိုးရိမ် တုံလှုပ်ခြောက်ခြားနေတာကတော့ ယိုးဒယားနိုင်ငံ သို့မဟုတ် ထိုင်းနိုင်ငံဖြစ်ပါ၏ ကမ္ဘာမှာ မြန်မာပြည်သည် အလွန်စန်းထနေသောအချိန်ဖြစ်၏ ရင်းနှီးမြုတ်နှံမှု အခွင့်အရေးတွေ တကမ္ဘာ လုံးက ၀င်ရောက်ဖို့ ကျိုးစားနေတော့ ယိုးဒယားနိုင်ငံ ခံရအတော်ခက်နေပုံရ၏ တကယ်ဆို ကိုယ့် ဗုဒ္ဓဘာသာနိုင်ငံခြင်းဘဲ မုဒိတာ ပွားနိုင်ရမှာပေါ့ ခုတော့မပွားတဲ့အပြင် မြန်မာပြည်ရဲ့ ကံကောင်းခြင်း လက်ဆောင်တွေ သူ့နိုင်ငံထဲ ၀င်လာအောင် ဆင်ကြံ ကြံနေတာကိုလည်း တွေ့မြင်နိုင်ပါ၏။
     ယိုးဒယားနှင့် မြန်မာပြည်သည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို လက္ခံယုံကြည်သော နိုင်ငံတွေဖြစ်၏ ဝေဿန္တာဇာတ်တော်ကို နှစ်နိုင်ငံလုံး လက္ခံထားခြင်းဖြစ်၏ ဝေဿန္တရာဇာတ်တော်တွင် ဝေဿန္တရာမင်းကြီး သိဝိတိုင်းကို မင်းကျင့်တရား ဆယ်ပါးနှင့် အညီ အုပ်ချုပ်သောကြောင့် သိဝိတိုင်းပြည်ကြီး သယာဝပြောနေသောအချိန်ဖြစ်၏ သိဝိတိုင်းနှင့်ကပ်ရက်ဖြစ်သော ကလိန္ဒ တိုင်းကတော့ မိုးခေါင်ရေရှားပြီး ငတ်မွတ်ခေါင်းပါးဘေးနဲ့ ကြုံတွေ့နေရချိန်ဖြစ်၏။
      မင်းသီလမရှိလို့ မိုးခေါင်တာဟု ပြောဆိုနေကြသောကြောင့် ကလိန္ဒမင်းလည်း သီလကို လုံခြုံအောင် ထိမ်းသော်လည်း မိုးက ခေါင်မြဲတိုင်းသာ ခေါင်နေပါ၏ ကလိန္ဒမင်း၏ ပုရောဟိတ်ပုဏ္ဏားတွေက မင်းအားအကြံပြုစကားပြောဆို၏ သိဝိတိုင်း ကြီး သာယာဝပြောနေခြင်းသည် ဆင်ဖြူတော်ရှိလို့ မိုးလေ၀သတွေ ကောင်းမွန်ပြီး လယ်ယာစိုက်ပျိုးရေးတွေ အောင်မြင်လို့ သာယာဝပြောနေခြင်းဖြစ်တယ်။
     အရှင်မင်းကြီးတိုင်းပြည် မိုးလေ၀သကောင်းပြီး သာယာဝပြောချင်ရင်တော့ သိဝိတိုင်းက ဆင်ဖြူတော်ကို အလှူခံပါလို့ တိုက်တွန်းကြ၏ သိဝိတိုင်းရှင်ဝေဿန္တာမင်းကြီးသည် အလှူပေးသည့်နေရာမှာ တွန့်တိုမှုမရှိ အလွန်ရက်ရောလှပါ၏ အရှင် မင်းကြီးအလှူခံလျှင် ဆင်ဖြူတော်ကို ကြိမ်းသေလှူမှာ ဖြစ်ပါ၏လို့ လျှေက်ထားကြ၏ ကလိန္ဒမင်းလည်း အလှူခံကြွမ်းကြင် သည့် ပုဏ္ဏားခြောက်ယောက်ကို ရွေးချယ်ပြီး ဆင်ဖြူတော်အလှူခံရန် လပြည့်နေ့တွင် သိဝိတိုင်းသို့ လွတ်လိုက်၏။
     ဝေဿန္တရာမင်းကြီလည်း တိုင်းသူပြည်သားတွေကို အလှူမဏ္ဍာပ် ၅-ခုထိုးပြီးနေ့စဉ်နေ့တိုင်း လှူဒါန်းနေ၏ ဒီနေ့လပြည့် နေ့ဆိုတော့ စိတ်ထဲမှာအထူးကြည်လင်စွာနဲ့ မြို့ထဲရှိ အလှူမဏ္ဍာပ်ကို ဆင်ဖြူတော်စီးပြီး ထွက်ခွါလာ၏  အဲဒီအချိန်တွင် အ ချိန်အခါကောင်းကို စောင့်နေသော ကလိန္ဒတိုင်းက ပုဏ္ဏားခြောက်ယောက်သည်လမ်းမပေါ်ထွက်ကာ  ဝေဿန္တရာမင်းကြီး ကို ရိုရိုသေသေ ခစားကြ၏ ကလိန္ဒတိုင်း၏ မိုးခေါင်ရေးရှားလို့ အငတ်ဘေးကြုံတွေ့နေရအပုံတွေကိုလည်း လျှောက်ထားကြ ၏ ဝေဿန္တရာမင်းကြီး၏ ရင်ထဲတွင် ငါလိုဘုရင်မျိုးရှိနေပါလျှက်နဲ့ သတ္တ၀ါတွေ အငတ်ဘေးကြုံတွေ့နေတာကို အလွန် စိတ် မကောင်းဖြစ်မိ၏
 


Type your summary here. Type the rest of your post here.

No comments: