အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, November 12, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၆၂)





    ဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှာ မြန်မာမင်းကိုလက်ဆောင် ပဏ္ဏာဆက်သရမြဲဖြစ်တဲ့ ယိုးဒယား ဘုရင်မှာ ဆင်ဖြူလေးစီးရှိတဲ့ အနက်က နှစ်စီးကို တောင်းခံရာ မပေးတဲ့အပြင် မခြေမငံ ပြန်လည်အကြောင်းပြန်လိုက်တဲ့  အတွက် ခရစ်နှစ် 1563 ခုနှစ်မှာ ပထမအကြိမ် ယိုးဒယားကို စစ်ထိုးခဲ့၏  ဘုရင့်နောင်ရဲ့ စစ်အင်အားဟာ မင်းတရားရွှေထီး လက်ထက်ကထက် အင်အားတောင့်တင်းပြီး တိုက်ရည်ခိုက်ရည်မှာ သာလွန်တဲ့ အတွက် ယိုးဒယားနယ်မြေများကို လွယ်ကူ စွာနဲ့ သိမ်းပိုက်နိုင်ခဲ့၏။
  အဲဒီနောက် တောင်ပိုင်းမှာရှိတဲ့ အယုဒ္ဓယမြို့ ကို ဆက်လက်ချီတက်လုပ်ကြံရာမှာ မြန်မာတပ်ရဲ့ ထိုးစစ်ဆင်မှုကို ယိုးဒယား တို့ မခံနိုင်ဘဲ မြန်မာဘုရင်ထံမှာ အညံ့ခံခဲ့ရ၏။ 1563 ခုနှစ်မှာ ဘုရင် ချက္ကရီဖက်နဲ့တူ သားသမီးများနဲ့ ဆင်ဖြူလေးစီး စလုံး ကို ဆောင်ယူပြီး ဘုရင်နောင်မင်းကြီးဟာ ဟံသာဝတီသို့ ပြန်လာခဲ့၏ ဘုရင်နောင် မင်းတရားကြီးဟာ ဖမ်းဆီးခေါ်ဆောင် လာတဲ့ ယိုးဒယား ဘုရင်ဟောင်းက အယုဒ္ဓယ ပြန်ပြီး ဘုန်းကြီး ၀တ်ချင်ကြောင်း တောင်ပန်တဲ့ အတွက် ခွင့်ပြုခဲ့၏။   
    ဒါပေမယ့် ယိုးဒယားဘုရင်ဟာ သူနယ် မြေပြန်ရောက်တာနဲ့ သားတော်တွေနှင့် ပူးပေါင်းပြီး မြန်မာကို ပြန်ပုန်ကန်ခဲ့ ၏ ဒါကြောင့် ဘုရင့်နောင်ဟာ 1568 ခုနှစ်မှာ အယုဒ္ဓယမြို့ ကို ဒုတိယအကြီမ်ချီတက်ခဲ့ရပြန်၏ မြန်မာနဲ့ စစ်ဖြစ်နေစဉ် အတွင်း မှာ ယိုးဒယားဘုရင် နာမကျန်းဖြစ်ပြီး ကွယ်လွန်သည့်အတွက် ယိုးဒယားဘက်က စိတ်ဓါတ်ကျနေပြီး ဘုရင်နောင်မင်းကြီးထံ စစ်ပြေငြိမ်းရန် ကမ်းလှမ်းလာခဲ့၏
    ဒါပေမယ့် မြန်မာတို့ဘက်မှ ကမ်းလှမ်းချက်ကို လက်မခံဘဲ အယုဒ္ဓယမြို့  ကျဆုံးသည် အထိထိုက်ခိုက်ခဲ့၏ အယုဒ္ဓယ ကျဆုံးပြီးနောက်မှာ ဘုရင့်သမက်တော် မဟာဓမ္မရာဇာကို မြန်မာလက်အောက်ခံ ယိုးဒယားဘုရင် အဖြစ် တင်မြှောက်ခဲ့ ပြီး ဟံသာဝတီကို ဘုရင်နောင်မင်းကြီးပြန်ခဲ့၏ ဘုရင့်နောင်နန်းတက်ပြီိး နောက်မှ နန်းတက်ခဲ့တဲ့ နန္ဒဘုရင်လက်ထက်မှာ ပုန်ကန်မှုတွေ ရှိလာတဲ့ ယိုးဒယားနိုင်ငံကို သူကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ အပါဝင် လေးကြိမ်လေးခါ သွားရောက် တိုက်ခိုက်ပေမယ့် အောင်မြင်မှု မရှိခဲ့ပါ။
     တတိယမြန်မာ နိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့  အလောင်းမင်းတရားလက်ထက်မှာ ယိုးဒယားတို့ဟာ မြန်မာ ပိုင်နက် ဖြစ်တဲ့ ထားဝယ်ဒေသကို ကျူးကျော်ထိပါးလာပြန်၏ ဒါကြောင့်မို့ အလောင်းမင်းတရားဟာ ထားဝယ်  မြိတ်  တနင်္သာရီ ကိုချီတက်တိုက်ခိုက်ရာ အောင်နိုင်ပြီး အဲဒီမှတဆင့် ယိုးဒယားနိုင်ငံအတွင်းကိုစစ်ချီခဲ့ပြန်၏ အယုဒ္ဓယမြို့ ကို ၀န်းရံထားစဉ် အလောင်းမင်းတရားကြီး နာမကျမ်းဖြစ်လာတဲ့ အခါမှာ တပ်ဆုတ်ပြီး ပြန်လာခဲ့ရ၏ ပြန်လာရာ လမ်းခရီး တနေရာမှာပင် အလောင်းမင်းတရားကြီး နတ်ရွာစံခဲ့၏။
     ခရစ်နှစ် 1763 ခုနှစ်မှာ နန်းတက်တဲ့ အလောင်းမင်းတရားရဲ့ သားတော် ဆင်ဖြူရှင် မင်းလက်ထက် အရောက်မှာ ထား ၀ယ်စားဟာ ယိုးဒယားအားကိုးနဲ့ ပုန်ကန်ခဲ့ပြန်၏ မြန်မာတပ်များက တိုက်ခိုက်တဲ့ အခါ အဲဒီအချိန်မှာ မြိတ်နဲ့ တနင်္သာရီကို ကျူးကျော်ထားတဲ့ ယိုးဒယားတို့က ထားဝယ်စားကို ကာကွယ် ပေးထားခဲ့ပြန်၏ ဆင်ဖြူရှင်ရဲ့ တပ်များက မြိတ်နဲ့ တနင်္သာရီ ကို ပြန်လည်တိုက်ခိုက်သိမ်းယူပြီး ယိုးဒယား နိုင်ငံထဲအထိ ချီတက်တိုက်ခိုက်ပြန်၏။
      မြန်မာတပ်များဟာ အယုဒ္ဓယ မြို့ ကို 14 လကြာမျှ ခက်ခက်ခဲခဲ ၀န်းရံတိုက်ခိုက်ရခဲ့ရတယ်လို့ဆို၏ နောက်ဆုံးမြို့ ရိုးကို ကျော်ဖြတ်နိုင်ဖို့ မြေအောက်မှ ဥမင်လှိုင်ခေါင်း ဖောက်ပြီးလုပ်ကြံတော့မှ အယုဒ္ဓယ မြို့ ကျဆုံးပြီး ဘုရင်ကိုလည်း လက်ရ ဖမ်းဆီးနိုင်ခဲ့၏  အယုဒ္ဓယမြို့ ကျဆုံးတဲ့ ခရစ်နှစ် 1767 ခုနှစ်မှစပြီး ယိုးဒယား နိုင်ငံဟာ နောက်ထပ် နာလန်ထူ နိုင်ခြင်းမရှိ ဘဲ မြန်မာ့ရန်နဲ့ ကင်းဝေးရာ  စစ်ရေးအရ ပိုမိုလုံခြုံတဲ့နေရာဖြစ်တဲ့ ထုံဘူရီ နဲ့ ယခု ဘန်ကောက်မြို့  နေရာတွေ ကိုပြောင်း ရွှေ့ မြို့ တည်ခဲ့ ခြင်းဖြစ်၏။

 



Type your summary here. Type the rest of your post here.

No comments: