အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, November 4, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၅၅)





      မလေးရှားတွင် အေးဂျင့်ဒုက္ခပေးလို့ အစဉ်မပြေသူတွေလည်း အများအပြားတွေ့မြင်ရ၏ သူဋ္ဌေးညစ်ပတ်လို့ ဒုက္ခရောက်သူ တွေလည်း ကျောင်းလာပြီး ညည်းညူသံတွေ ကြားနေရ၏ ကုလားဒိန်တွေ အုပ်စုဖွဲ့ပြီး မိုက်ကျေးခွဲခံရတာတွေလည်း မကြားခြင် မှအဆုံးပါ ရဲဒုက္ခပေးလို့ ပိုက်ဆံလိုက်ချေးနေသူတွေလည်း မကြာခဏ ကြုံတွေ့ရ၏ မလေးရှားရဲကလည်း ငွေညစ်တဲ့နေရာမှာ တော့ လိုင်စင်ရပုဂ္ဂိုလ်တွေ အတိုင်းဘဲ နည်းမျိုးစုံနဲ့တောင်းတာတွေ့ရ၏။
    တနေ့တော့ ဘုန်းကြီးကို ပူချုန်းမာဂျူးဂျာယာမှဆွမ်းစားလာပင့်၏ မြန်မာတွေမလေးရှားမှာ သာမန်အလုပ်သမားလည်း ကား ၀ယ်စီးနိုင်၏ မလေးနှစ်ထောင် သုံးထောင်တန်ကားပေါ့ အဲဒီလို ခပ်ပေါပေါကားတွေ စီးတဲ့လူဆိုတာ နိုင်ငံခြားအလုပ်သမားတွေ ဖြစ်တယ်ဆိုတာ မလေးရဲက ကြိမ်းသေသိနေ၏ ယ္ခုဘုန်းကြီးကို လာပင့်သောကားသည် ထိုအမျိုးအစားထဲကဖြစ်၏ ဘုန်းကြီး လည်း မင်းကားက ရဲကြိုက်တဲ့ကားပါလားဟု ပြောမိ၏။
     ပူချုန်း ဟိုင်းဝေး လမ်းမပေါ်ရောက်ချိန်တွင် ရဲကားက နောက်ကလိုက်လာပြီး ရပ်ခိုင်းပါတော့၏ ကားသမားကို အရင်စစ်၏ ကားသမားလည်း အကုန်မှန်နေတော့ ဘုန်းကြီးပတ်စပို့တောင်းကြည့်ပြန်၏ ဘုန်းကြီးကလည်း အမှန်ဆိုတော့ ဘာလုပ်တယ် ထင်သလည်း ဘုန်းကြီးပတ်စပို့ကော ကားသမားကတ်ကောယူပြီး နောက်ကလိုက်ခဲ့ဟု ချောင်ကောင်းကောင်းတနေရာကို ခေါ် သွားပြီး ကားသမား ပတ်စပို့မပါလို့ဆိုပြီး ပိုက်ဆံ ၅၀-တောင်းပါ၏။
     ကားသမားကလည်း အမှန်ဆိုတော့မပေးခြင်ပါ ရဲတွေ ညစ်ပတ်နေတာ နာရီဝက် လောက်ကြာသွား၏ ဘုန်းကြီးမှပေးလိုက် ပါကွာ ငါတို့ဆွမ်းချိန်နီးနေပြီလို့ပြောမှ ကားသမားပိုက်ဆံ ၅၀-ထုတ်ပေးလိုက်၏ ငွေပေးမှဘဲ ဘုန်းကြီးတို့ ပတ်စပို့တွေပြန်ပေး ကာ ဆွမ်းစားကြွရ၏ မလေးရှားရဲလည်း နိုင်ငံခြားသားတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတာတွေ့ရ၏ တကယ့်ကို လိုင်စင်ရပုဂ္ဂိုလ် တွေ ဖြစ်ပါ၏
       မလေးရှားမှာ ရဲကိုငွေပေးပြီး ရှင်းလို့ရပေမဲ့ ဒုစရိုက်သမား ကုလားဒိန်တို့နဲ့တွေ့လျှင်တော့ ရှိတာအကုန်ပေးရ၏ မပေးပါက လူကိုပါ အန္တရာယ်ပေးတတ်၏ သူတို့တတွေသည် အလုပ် မလုပ်ချင် အချောင်သမားသက်သက်သာဖြစ်၏ နိုင်ငံခြားသားတွေ လဆန်းရက်ငွေထုတ်ချိန်ဆိုလျှင် နေရာပေါင်းစုံက ဆိုင်ကယ်နဲ့တမျိုး အုပ်စုဖွဲ့၍တမျိုး အမျိုးမျိုးဒုက္ခပေးတာတွေ့ရ၏ မြန်မာပြည် ကို ငွေသွားလွှဲတဲ့သူတွေ ကုလားလုသွားလို့ ပေးလိုက်ရသည့် အလုပ်သမားတွေမနဲလှပါ ခုခံတိုက်ခိုက်တဲ့ သူတွေဆိုလျှင် ဒါဏ် ရာရပြီး ပြန်ခဲ့ရတာများ၏ လဆန်းရက်ဆိုလျှင် မြန်မာတွေအုပ်စုဖွဲ့ပြီးအပြင်ထွက်ကြရ၏ တယောက်ထဲသွားလို့ကတော့ ကုလား
လက် ၀ကွက်အပ်သလို ဖြစ်သွားမှာ သေချာပါ၏။
       မလေးရှားတွင် ချွေးနဲ့ရင်းပြီး ပင်ပင်ပန်းပန်းလုပ်ခဲ့၇သော မြန်မာတွေ အချောင်သမား ကုလားလက်မှ လွတ်အောင်လည်း မနဲရှောင်ရှားရ၏ ရဲနဲ့တွေ့လို့ ပေရတာက သတ်မှတ်ချက်ရှိသေး၏ ကုလားနဲ့တွေ့ပါက ပါတာတွေအကုန်ယူ၏ တယ်လီဖုံးလည်း ယူ၏ နာရီလည်းယူ၏ ရွှေဆိုလျှင် ပိုသဘောကြ၏ မလေးရှားတွင်ကြွားချင်လို့ရွှေဝတ်ရင်တော့ အန္တရာယ်ကုလားတွေကို အလို လို ဖိတ်ခေါ်နေသည်ဆိုတာကို မလေးရှားရောက် မြန်မာများ သတိထားသင့်၏။
         ပူချုန်း ရ-မိုင်မှာနေသည့် မြန်မာအမျိုးသမီးတဦးသည် အလှူအတန်းပွဲတွေတွင် ရွှေတွေကို ၀တ်စားဆင်ယင်တတ်၏ ကု လားက ဘယ်အချိန်ထဲက ချောင်းနေသည်မသိ လူလစ်ချိန် အိမ်ကိုဓါးပြ၀င်တိုက်ကာ လူတွေပါဓါးဖြင့်ခုတ်သွား၏ ဒဏ်ရာ ပြင်းထန်စွာရကာ ဆေးရုံ၌ပင် ကွယ်လွန်သွားခဲ့၏ သူ၏အမျိုးသားလည်း ဆေးရုံတက်လိုက်ရ၏ ဆေးရုံဆင်းတော့ စိတ်ဒဏ်ရာ ကို အကြီးအကြယ်ခံစားရတာတွေ့မြင်ရ၏။
       မလေးရှားသည် လုံခြုံမှုမရှိပါ မြန်မာပြည်နဲ့ယှဉ်လျှင် မြန်မာပြည်က ပိုပြီးလုံခြုံပါ၏ မလေးရှားတွင် မိမိမှာရှိတိုင်း ၀တ်စား ဆင်ယင်ကြမယ်ဆိုလျှင် အန္တရာယ်သည် အနှေးနှင့်အမြန် ကြရောက်လာမှာဖြစ်၏ အန္တရာယ်များသောဤနိုင်ငံတွင် မြန်မာတွေ လုပ်ကိုင်စားသောက်ရတာ မလွယ်ကူလှပါ မြန်မာပြည်က မိသားစုတွေကလည်း ငါ့ခင်ပွန်း ငါ့ဇနီး ငါ့သား ငါ့သမီး နိုင်ငံခြားမှာရှိ တာဘဲဟု ပို့သမျှပိုက်ဆံတွေကို ထင်ရာသုံးတတ်ကြ၏ မလေးရှားတွင် ဘယ်လိုအလုပ်မျိုးတွေ လုပ်နေရတယ်ဆိုတာ မြန်မာ ပြည်က မိသားစုတွေ သေသေချာချာ မြင်စေချင်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: