အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, November 5, 2013

ကြုံရ-ဆုံရ-မလေးရှားဘုန်းဘုန်းဘ၀(၅၆)





   မြန်မာပြည်က မလေးရှားတွင် အလုပ်လာလုပ်သောသူများသည် ပညာရှင်က အနည်းစုသာဖြစ်ပြီး သာမန်လုပ်သားတွေက အများစုဖြစ်၏ ပညာရှင်အဆင့်ကတော့အလုပ်လည်းကောင်းလခါလည်းကောင်း၏ သာမန်အလုပ်သမာတွေကတော့ ကံတရား ပေါ်မူတည်၏ သူဋ္ဌေးကောင်း စက်ရုံကောင်းနဲ့တွေ့လျှင် အစဉ်ပြေ၏ ကံကောင်းသည်ဟု ဆိုရမှာဖြစ်၏ သူဋ္ဌေးညစ် စက်ရုံညံ့နှင့် တွေ့လျှင် အစဉ်မပြေပါ ကံဆိုးသည်ဟုဆိုရမှာဖြစ်၏ စားသောက်ဆိုင်သမားတွေလည်း ထို့အတူပါဘဲ သူဋ္ဌေးညစ်နဲ့တွေလျှင် စိတ်ညစ်ရ၏ သူဋ္ဌေးကောင်းနှင့်တွေ့လျှင် အိပ်ဖေါင်းရပါ၏။
     စက်ရုံ စားသောက်ဆိုင်တွေမှာ သူဋ္ဌေးတွေ ကိုယ်တိုင်စီမံခံ့ခွဲတာရှိသလို မန်နေဂျာ စူပါဗိုက်စာတွေနဲ့ လွှဲထားတာလည်းရှိ၏ ခေါင်းပုံဖြတ်တဲ့ မန်နေဂျာ စူပါဗိုက်စာတွေနဲ့ တွေ့လျှင်တော့ အလုပ်သမားတွေ ခါးကော့ပြီးခံရပြီသာမှတ်ပေတော့ တချို့အလုပ် ရှင်တွေသည် သူတို့မလေးလူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်မျိုးတွေ နိုင်ငံခြားသား အလုပ်သမားတွေကို ခိုင်းခြင်းဖြစ်၏ ပုဂံဆေး အမှုက်လှဲ ကြမ်းတိုက် အောက်ခြေသိမ်းအလုပ်တွေကို မညာမတာ ခိုင်းကြ၏။
     မလေးရှားလာတဲ့သူတွေ အများစုသည် ၁၀-တိုး ၁၅-ကျပ်တိုး ၂၀-တိုးတွေနဲ့ လာတဲ့သူတွေက အများစုဖြစ်၏ အကျွေးကျေ အောင် ရသည့်အလုပ်ကိုသိမ်းကြုံးလုပ်ရ၏ ရသည့်လခါကိုလည်း မိမိချိုးခြံ ချွေတာစားကာ မြန်မာပြည်က ယူခဲ့သည့် အတိုးနှင့် အရင်းပါကျေအောင် မလေးရှားတွင် အဆင့်အတန်းနိမ့်သော အလုပ်များကို လုပ်နေရသည့် မြန်မာတွေ များလှပါ၏ မြန်မာပြည် က မိသားစုတွေ ပိုက်ဆံသုံးသည့်အခါ ဆင်ခြင်သုံးပါလို့ တိုက်တွန်းခြင်းဖြစ်ပါ၏။
    နိုင်ငံခြားမှာ ငါတို့ သား သမီး ဇနီး ခင်ပွန်း ရှိတာဘဲဆိုပြီး ထင်ရာသုံးနေတဲ့ သူတွေ သတိထားဖို့ပါ နိုင်ငံခြားရောက် မြန်မာ
ပြည်သားတွေ မြန်မာပြည်မှာ ဘယ်လောက်ပင်ဆိုးဆိုး နိုင်ငံခြားရောက်ရင် မဆိုးတော့ဘဲ လိမ္မာသွားတဲ့ မြန်မာတွေကိုလည်း တွေ့မြင်ရပါ၏ မြန်မာပြည်မှာ ဆိုးလို့ရလို့ ဆိုးနေဟန်တူပါသည် နိုင်ငံခြားမှာဆိုးလျှင်တော့ ရဲစခမ်းရောက်သွာမယ်ဆိုတာ သိနေ တာလည်းဖြစ်နိုင်၏ မြန်မာပြည်မှာ ဘုရားတရား မေ့နေတဲ့သူတွေ နိုင်ငံခြားရောက်မှ ဘုရားတရား လေ့လာလိုက်စားလာတာ ကိုလည်း ၀မ်းသာစွာ တွေ့မြင်ရပါ၏ တချို့လည်း ဆိုးမြဲတိုင်း ဆိုးနေတဲ့သူတွေလည်း ရှိပါ၏။
ပရဟိတလူငယ်များတရားပွဲ
        မလေးရှားတွင် လူမှုရေး ပရဟိတအသင်းလေးတွေ ပေါ်ပေါက်လာတော့ လူငယ်လေးတွေ ဦးဆောင်ကာ လုပ်နေတာ တွေ့မြင်ရ၏ ဘုန်းကြီးလည်း ပရဟိတအသင်းတွေ လာပင့်လျှင် ပရဟိတ တရားတွေလိုက်လံဟောပေးရ၏ သူတို့တတွေကို ပရဟိတ ပုံရိပ်တွေက လွှမ်းမိုးထားတော့ ကရုဏာမျက်လုံး ပိုင်ရှင်တွေ ဖြစ်သည့်အတွက် အလွန်ကျက်သရေရှိပါ၏ ဒီအရွယ် တွေကို ဒီလိုပရဟိတ စိတ်တွေနှင့် ထိမ်းထားခြင်းသည် အလွန်ကောင်းမွန်လှ၏ လူငယ်သဘာဝ အပျော်အပါးလိုက်ချင်တာ တောင် ငါတို့က ပရဟိတသမားတွေဘဲဟု အသိစိတ်ဝင်ကာ ဆင်ခြင်နိုင်ပါ၏။
        DHL ပရဟိတ လူငယ်များ ဆွမ်းကပ်ပွဲတွင် တပည့်တော်တို့ကို ပရဟိတ တရားဟောပါလို့ လျှောက်ထားသောကြောင့် ပရဟိတတရားကို ဟောခဲ့၇ပါ၏ ပရဟိတဆိုတာ သူတပါးအကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်သည့် စိတ်ဆန္ဒရှိသူတွေကို ခေါ် ဆိုခြင်းဖြစ်၏ အတ္တဟိတကတော့ မိမိအကျိုးစီးပွားကို ဆောင်ရွက်စေသူဖြစ်၏ တရားနာပရိတ်သတ် ပရဟိတနဲ့ အတ္တဟိတ ဘယ်သူ့ကို ပိုသဘောကြသလဲမေးတော့ ပရဟိတကိုသာ သဘောကြသည်ဟု လူတိုင်းဖြေဆို၏။
 


Type your summary here. Type the rest of your post here.

No comments: