အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, December 23, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်ဘ၀(၉၃)





     ဘုန်းကြီးရဲ့ ရန်ကုန်ပရိတ်သတ်တွေက ဘုန်းကြီးဖေ့ဘုတ်စာမျက်နှာရပ်သွားတော့ ဘုန်းကြီး ဘေးအန္တရာယ် ကြုံတွေ့နေ ပြီလို့ ယူဆနေပုံရပါ၏ ဘုန်းကြီးအင်တာနက်ပေါ်တက်လိုက်သောအခါ ရန်ကုန်မှ မဟေမာမောင် (အင်္ဂလိပ်ကျူရှင်ဆရာမ) မှ ဆက်သွယ်လာ၏ ဦးဇင်းဘာဖြစ်လို့ မြန်မာပြည်ပြန်မလာသေးတာလဲ ဒီလောက်အခြေအနေဆိုးနေတာ  ရရာလေယဉ် လက်မှတ်ဖြင့် အမြန်ဆုံးပြန်လာရန် ပြောလာ၏။
      မြန်မာပြည်မှ ပြည်သူတွေသည် သတင်းဂျာနယ်တွေ ရေးတာဖတ်ပြီး မလေးရှားတနိုင်ငံလုံး အကြမ်းဖက်မှုတွေ ဖြစ်နေ သည်ဟု ထင်နေကြ၏ တကယ်တော့ မလေးရှား၏ နာမည်ကြီး ဆာလာရန်းဈေးကြီးတွင်သာ ဖြစ်နေခြင်းဖြစ်၏ တခြားနေ ရာတွေမှာတော့ အနည်းငယ်ရိုက်ခတ်မှုတော့ရှိပါ၏ ထင်သလောက်မဆိုးပါ ဘုန်းကြီးတို့ပူချုန်းသည် ဆာလာရန်းနှင့် ဝေးပါ
၏ ကွာလာလမ်ပူ၏ တောင်နဲ့မြောက်လို အနေအထားမျိုးဖြစ်ပါ၏။
    ဘုန်းကြီးထံ ဆက်သွယ်လာသော ဘုန်းကြီးနှင့်မိသားစုလိုရင်းနှီးသော မဟေမာမောင်အား အကျိုးအကြောင်းရှင်းပြရ၏ ယ္ခုဖြစ်နေသောနေရာနှင့် ဘုန်းကြီးနေသောနေရာသည် တောင်နှင့်မြောက်လိုဝေးပါကြောင်း ရှင်းပြသော်လည်း အမြန်ပြန် လာရန်သာပြောနေ၏ ဘုန်းကြီးတို့ဆိုတာ ဘာသာရေးခေါင်းဆောင်တွေပါ ခေါင်းဆောင်ကောင်းဆိုတာ အရေးကြုံလာလျှင် ရှေ့တန်းက မားမားမတ်မတ်ရပ်တည်ပေးရမှာပါ ဒါမှခေါင်းဆောင်ကောင်း ပီသမှာပေါ့။
   ခေါင်းရှောင်ထွက်သွားလျှင် ဘုန်းကြီးရဲ့ သမိုင်းမှာ အမဲစက်ထင်သွားမှာပေါ့ မလေးရှားရောက်မြန်မာတွေလည်း ဘုန်းကြီး တို့ကို အာကိုးပြီးနေကြတာ တချို့ကလေး တွေဆိုလျှင် ဘုန်းဘုန်းတို့ပြန်လျှင် တပည့်တော်တို့ ဘယ်သူ့သွားအာကိုးရမှာ လည်းဘုရားဟု လျှောက်ထားပြောဆိုသံသည် ဘုန်းကြီးတို့ကို မလေးရှားမှ ရှောင်မထွက်သွားနိုင်အောင် ကြိုးကြီးကြီးဖြင့် ချီ နှောင်ထားသလို ဖြစ်နေပါ၏။
     စာရိုက်နေချိန်မှာဘဲ ကျောင်းဘဲခေါက်သံကြားလို့ သွားကြည့်တော့ မြန်မာဒကာလေးတယောက် ဆွမ်းဂျိုင့်တွေဆွဲလျှက် တွေ့ရှိရ၏ အရေးကြီးတဲ့အချိန်မို့ ကျောင်းကိုလည်း သော့အထပ်ထပ်ခပ်ထားရ၏ ဘုန်းကြီးလည်းကရုဏာဒေါသဖြင့် ဒကာ လေး ဒီလောက်ပြဿနာဖြစ်နေချိန်မှာ ဘာဖြစ်လို့လာရတာလဲဟု ပြောမိ၏ မှန်ပါတပည့်တော်သိပါတယ်ဘုရား မြန်မာပြည် မှာ အမေးဆုံးလို့ ဆွမ်းလာသွတ်တာပါဘုရားဟု လျှောက်၏ သြော်---ငါပြောမိတာမှားပေါ့ဟု ဆင်ခြင်မိ၏။
      ကျောင်းသော့ဖွင့်ပေးပြီး မိဘကျေးဇူးအကြောင်း တရားကို တိုတိုတုတ်တုတ်ဘဲ ဟောကြားကာေ၇စက်ချပေးလိုက်၏ တကယ်အရေးကြီးနေတဲ့အချိန်မှာတောင် မိဘအတွက် အရဲစွန့်ပြီး ဆွမ်းလာသွတ်တာပါလားလို့ ချီကျူးမိပါ၏ ရန်ကုန် အင် တာနက်လိုင်းပေါ်တွင်ရှိနေသော မဟေမာမောင်ထံသို့လည်း နာရေးကိစ္စလာလို့ တရားသွားဟောနေတာပါ ကျေးဇူးတင်ပါ တယ်လို့ စာပြန်ရိုက်၏ ကောင်းပါတယ်ဦးဇင်း ဆိုပြီး စာပြန်ရိုက်လာ၏ သူလည်း မလေးရှားအနေအထား သဘောပေါက် သွားဟန်တူ၏ အမြန်ပြန်လာဖို့ တိုက်တွန်းစကား ရိုက်လာတာမတွေ့တော့ပါ။
     ဇွန်လ ၁၀-ရက် ၁၁-ရက် နေ့များသည် မလေးရှားတွင် အကြိမ်းဖက်တိုက်ခိုက်မှုတွေ မကြားရတော့ပါ မလေးရှား အစိုးရ လည်း အော်ပရစီဝင်ကာ လိုက်ဖမ်းနေသဖြင့် အကြမ်းဖက်သမားတွေလည်း အပြင်မထွက်ရဲ အကြမ်းဖက်ခံရသည့် မြန်မာ တွေလည်း အပြင်မထွက်ရဲမို့ အေးချမ်းလာသည့် အရိပ်အရောင်များ မြင်တွေ့နေရပါ၏ ဘုန်းကြီးတို့လည်း မေတ္တာလည်းပို့ရ ဘေးအန္တရာယ်ကင်းအောင်လည်း ကိုယ်တိုင်လည်းဆင်ခြင်ရ မလေးရှားရောက်မြန်မာတွေကိုလည်း တယ်လီဖုံးဖြင့် အသိ ပေး နှိုးဆော်ရ သတင်းပေးရဖြင့် ဤ မေလအကုန် ဇွန်လဆန်းသည် မလေးရှားရောက် မြန်မာတွေ စိုးတထိတ်ထိတ်နဲ့ ခက် ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပါ၏။
 


Type your summary here. Type the rest of your post here.

No comments: