အိန္ဒိယနိုင်ငံသည် သူ၏
စီးပွားရေးနှင့် လုံခြုံရေးကို အဓိကထားပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး
တိုးချဲ့လာရာ နအဖ နံပတ် ၂ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး ၂ဝဝ၈ ခု ဧပြီ ၂
ရက်မှစသည့် ၅ ရက် တာ အိန္ဒိယခရီးစဉ်တွင် ရခိုင်ပြည်နယ် စစ်တွေ ရေနက်ဆိပ်ကမ်း
တည်ဆောက်ရေး၊ ချင်းပြည်နယ် ပလက်ဝမှ မီဇိုရမ်ပြည်နယ်သို့ အဝေးပြေးလမ်း ဖောက်လုပ် ရေးတို့
ပါဝင်သည့် ကုလားတန်မြစ် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို လက်မှတ်ထိုးနိုင်ခဲ့၏။
၂ဝ၁၃ ခု တွင်ပြီးစီးမည်ဟု
ကနဦးက ခန့်မှန်းထားခဲ့သော စီမံကိန်းအတွက် အိန္ဒိယက ခန့်မှန်း အမေရိကန် ဒေါ်လာ ၁၃၂
သန်း ကုန်ကျခံမည်ဖြစ်၏ မီဇိုရမ်ပြည်နယ်မှ ကုန်စည်များ ပလက်ဝ စစ်တွေတို့ မှတဆင့်
နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ဖြစ်၏ တဘက်တွင်လည်း ၂ဝဝ၁ ခု ဖေဖော်ဝါရီတွင်
ဖွင့်လှစ်ခဲ့သော မဏိပူပြည်နယ် မိုးရေးမှ စစ်ကိုင်းတိုင်း ကလေးဝမြို့ထိ ၉၉ မိုင်ရှည် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမသည်
မန္တလေး၊ မြဝတီတို့မှ တဆင့် ထိုင်းနိုင်ငံသို့ ပေါက်မည် ဖြစ်ကာ အိန္ဒိယ အာဆီယံ
ကုန်သွယ်မှုတွင် အရေးပါလာမည် ဖြစ်သဖြင့် အိန္ဒိယဘက်က ဆက်လက် တိုးချဲ့ရန်
ဆန္ဒပြင်းပြနေပါ၏။
အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ
မဟာဗျူဟာအရ အရေးကြီးပြီး မြန်မာနဲ့ ဆက်ဆံရေးအတွက်ပါ အရေးပါတဲ့ မူဝါဒပါ ဒီဝါဒ ကို
စစ်အေးတိုက်ပွဲနောက်ပိုင်း ချမှတ်ခဲ့ပြီး အိန္ဒိယရဲ့အဓိကကျတဲ့ နိုင်ငံခြားရေးမူဝါဒ
ဖြစ်လာပါတော့၏ ၁၉၉၁ ခုနှစ် အိန္ဒိယ ဝန်ကြီးချုပ် ပီဗီနာရာဆင်ဟာဝရောင်း
အစိုးရလက်ထက်မှာ ချမှတ်ခဲ့ပါ၏ အရှေ့တောင်အာရှ အရှေ့အာရှနိုင်ငံတွေနဲ့ စီးပွား ရေးအရ၊
မဟာဗျူဟာအရ ထိတွေ့ဆက်ဆံပြီး အိန္ဒိယရဲ့ ကမ္ဘာ့အမြင် မဟာဗျူဟာ အရွေ့လို့
ယူဆပါတယ် မစ္စတာဝရောင်း နောက်ပိုင်း ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဘတ်ဂ်ျပါယီး လက်ရှိဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက
ထိုဝါဒကို ဆက်လက်ကိုင် စွဲပြီး အကောင်အထည် ဖော်လျှက်ရှိပါ၏
အိန္ဒိယ
အရှေ့မြောက်ပြည်နယ်တွေဟာ ဆင်းရဲနွမ်းပါးမှု ခိုးကိုးရာမဲ့မှု ခေတ်နောက်ကျမှု
မဖွံ့ဖြိုးမတိုးတက် မတည်ငြိမ်မှု တွေ ရှိနေပါ၏ ဒီပြည်နယ်တွေရဲ့ ဆိုးဝါးနိမ့်ကျတဲ့
အခြေအနေတွေနဲ့ တိုင်းပြည်အနာဂတ် နိုင်ငံရေး စီးပွားရေး သြဇာနယ် ပယ်က ပြောင်းလဲချဲ့ထွင်ဖို့အတွက်
အရှေ့မျှော်ဝါဒဟာ တဖြည်းဖြည်းနဲ့ အရေးပါလာခဲ့တာကို တွေ့မြင်ရပါ၏။
နောက်တချက်က
တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်လာတဲ့ သြဇာအာဏာကို ပြန်ထိန်းညှိနိုင်ဖို့
လက်တွေ့ကျတဲ့ မူဝါဒ အဖြစ်လို့ အများကမှတ်ယူထားကြပါ၏ ပင်မမူဝါဒအဖြစ်တောင်
ဆိုနိုင်ပါ၏ ပညာရှင်တွေ နိုင်ငံရေးသမားတွေ
မဟာဗျူဟာ သမားတွေကလည်း ဒီအရှေ့မျှော်ဝါဒအပေါ် ဆွေးနွေးဝေဖန် အကြံပြုတာတွေ
လေ့လာသုံးသပ်တာတွေ အထပ်ထပ် လုပ် ဆောင်လျှက်ရှိကြပါ၏။
တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံဟာ
တောင်အာရှနဲ့ အရှေ့အာရှဒေသတွင်းမှာ မဟာဗျူဟာအရ ပြိုင်ဘက်တွေ ဖြစ်လာကြပါ၏ တရုတ်က
အိန္ဒိယရဲ့ အိမ်နီးချင်းနဲ့ ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ ကုန်သွယ်ရေး
စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အနီးကပ် ဆောင်ရွက်လာပြီး မြန်မာ နီပေါနဲ့
ဘင်္ဂလာဒေ့ခ်ျကို လွှမ်းမိုးဖို့ ကြိုးစားလာခဲ့တာကို မျက်ဝါးထင်ထင်မြင်နေရပါ၏။
၁၉၇၉ ခုနှစ် တရုတ်မှာ တိန့်ရှောင်ဖိန်
အာဏာရပြီးနောက် အာရှနိုင်ငံတွေကို လက်ဝဲဝါဒအခြေခံမူအပေါ် အခြေခံတဲ့
ဆက်ဆံရေးပုံစံထက် စီးပွားရေးနဲ့ ကုန်သွယ်ရေးကို အခြေခံတဲ့ ဆက်ဆံရေး မူဝါဒကို
ပိုမိုလုပ်ဆောင်လာခဲ့ပါ၏ တချိန်က မြန်မာအစိုးရကို တိုက်နေတဲ့
ဗမာပြည်ကွန်မြူနစ်ပါတီ – ဗကပ ကို လူအား၊ ငွေအား၊ လက်နက်အား ကူညီခဲ့တဲ့ တရုတ် နိုင်ငံဟာ
နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားလာခဲ့တာတွေ့ရပါ၏။
တရုတ်ရဲ့ တဖြည်းဖြည်း
ကျယ်ပြန့်လာတဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရ သြဇာနယ်ပယ်ချဲ့ထွင်လာနေမှုကို ဟန့်တား နိုင်ဖို့
အိန္ဒိယဟာ စစ်အေးကာလတုန်းက ကိုင်စွဲခဲ့တဲ့ မူဝါဒတွေ လုပ်ရပ်တွေကို စွန့်လွှတ်ခဲ့၏
အဲဒီနောက် အရှေ့မျှော်ဝါဒကို စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ တခြားအာရှနိုင်ငံတွေကို
စီးပွားရေးကုန်သွယ်ရေးအရ ပိုမိုနီးစပ်အောင် မဟာဗျူဟာ အရ လုံခြုံရေးအရ
ပူးပေါင်းဆောင်ရွက်မှုတွေ ယဉ်ကျေးမှုအရ သမိုင်းနောက်ခံအရ နီးစပ်မှုတွေ အားဖြည့်
လုပ်ဆောင်ခဲ့၏။
တခြားနိုင်ငံတွေနဲ့
ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ဒေသတွင်း
ဈေးကွက်တစ်ခု ဖြစ်လာဖို့ နောက်ထပ် ချဲ့ထွင်ဖို့ ကြိုးပမ်းလာခဲ့၏ ဒါ့အပြင်
တရုတ်နဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတွေနဲ့ မဟာဗျူဟာအရ စစ်ရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေ
ကိုလည်း လုပ်လာခဲ့ပါ၏ ဒီမူဝါဒရဲ့ အကျိုးဆက်အရ အိန္ဒိယ-မြန်မာ ဆက်ဆံရေးပုံစံဟာ
အကြီးအကျယ် ပြောင်းလဲလာသည်ကို မြင်ရတော့၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment