အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, December 18, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၉၀)






      အင်ပိ ထွန်းတောက်ဆိုင်မှ ဒကာတင်မောင်ဦးလည်း ဖုံးဆက်လာ၏ ဘုန်းဘုန်းပူချုန်းဘက် အခြေအနေကောင်းရဲ့လား
ဟုမေးလာ၏ ယ္ခုထိတော့ အခြေအနေကောင်းပါသေးတယ်ဟု ပြန်ဖြေရ၏ ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက်သမား ၄၀-ခန့်ဝင်စီးသည်ဟု သတင်းတွေပြန့်နေ၏ သတင်းဖွနေသူကလည်းဖွနေ၏ ဘုန်းကြီးပါပြန်တော်မူပြီလို့ ကြားသူတွေက ကြားတော့ ဖုံးတွေ တောက်လျှောက် ၀င်လာပါတော့၏။
       ဆူးဘန်းတူးမှ သန်းနိုင်လည်းဖုံးဆက်၏ လိုအပ်လျှင် သူတို့လာအိပ်မည်ဟု လျှေက်ထား၏ ကျောင်းမှာတော့ ဒကာ ချစ်စန်းမောင်နှင့် ဒကာနိုင်ဝင်း နှစ်ယောက်လာအိပ်ပေးနေတော့ လိုအပ်လျှင် အကြောင်းကြားပါမည်ဟုသာ ပြန်ပြောလိုက် ရ၏ ရှားအလမ်းမှ ဒကာမြင့်ထွေးတို့အဖွဲလည်း ဖုံးဆက်ကာ အကျိုးအကြောင်းမေး၏ စာတန်းဘုန်းကြီး ဦးပဏ္ဍိတလည်း ဖုံး ဆက်ကာ မေးလာ၏  ဇွန်လ ၅-ရက်နေ့သည် ပူချုန်းကို အော်ပရာစီဝင်နေပြီဟု သတင်းတွေ ထပ်တလဲလဲ ပါဝင်နေသော
ကြောင့် ဘုန်းကြီးကို စိုးရိမ်သော မိတ်ဆွေကောင်းများမှ သတင်းမေးနေခြင်းဖြစ်၏။
       နီလိုင်း ဒကာအောင်မှ ဖုံးဆက်လာပြီး ဆရာတော် ပူချုန်းသတင်းတွေ ကြားရတာသိပ်ကောင်းဘူး ဆရာတော်ကျောင်း ခမ်းနေရာလည်း သိပ်စိတ်မချရဘူး တရုတ်ကျောင်းတခုခု ပြောင်းနေဖို့ အကြံပေးလာ၏ ဒါမ မဟုတ်လဲ မြန်မာပြည်ကိုခေတ္တ ပြန်ဖို့ လျှောက်ထား၏ ကျောင်းနီးနာမှ ဒကာမျိုးညွန့်ကလည်း ဒကာအောင်ဆန္ဒကို တဆင့်လျှောက်ထားပြန်၏ ဘုန်းကြီးထံ မလေးရှားရောက်နေတဲ့ မြန်မာအချို့ကျောင်းရောက်လာတော့ ဘုန်းကြီးလည်း ပြဿနာကြီးလာရင် မြန်မာပြည်ကို ခေတ္တ ပြန်အုံးမည်ဟု ပြောကြားလိုက်တော့ သူတို့တတွေမျက်နှာမကောင်းကြပါ။
      တပည့်တော်တို့က ဘုန်းဘုန်းတို့ကို အားကိုးပြီးနေရတာပါဘုရား ဘုန်းဘုန်းတို့ပြန်လျှင် တပည့်တော်တို့တတွေ ဘယ် သူ့အားကိုးရမှာလည်းဘုရားဟု လျှေက်ထားတော့ သူတို့လေးတွေ၏စကားသည် ဘုန်းကြီးရင်ကို ထိထိခိုက်ခိုက် နာကြင်ပါ ၏ ဘယ်လိုလုပ်ပြီး ဘုန်းကြီးပြန်ဖို့ပြောရဲတော့မှာလဲ အေးကွာ ငါလည်းမပြန်တော့ပါဘူး မင်းတို့နဲ့ သေအတူပေါ့ကွာဟု ပြန် ပြောလိုက်တော့ သူတို့မျက်နှာလေးတွေ ၀င်းလက်သွားပါ၏။
       ဇွန်လ ၅-ရက်နေ့ ညနေပိုင်းရောက်လာလေ ပူချုန်းအော်ပရာစီ ဒီနေ့ည၀င်မှာဟု ဖုံးဆက်ပြောသူတွေ ပိုများလာ၏ ဘုန်းဘုန်း တနေရာရှောင်နေလျှင် ပိုကောင်းမည်ဟု တိုက်တွန်းသူတွေလည်း များလာ၏ ဘုန်းကြီးလည်း မင်းဥာဏ်လင်း+ အေးမာငြိမ်းတို့အိမ် ဖုံးဆက်ပြီး ဒီည ဘုန်းဘုန်းအိမ်လာကြိမ်းမည် အဆင်သင့်ပြင်ထားပါဟု လှမ်းအကြောင်းကြားလိုက်၏ ည ၈-နာရီအချိန်တွင် မင်းဥာဏ်လင်းကားဖြင့် အိမ်သို့ထွက်လာခဲ့၏ကျောင်မှာတော့ ဒကာချစ်စန်းမောင်နှင့် ဒကာနိုင်ဝင်းတို့ နှစ်ယောက်ထားခဲ့၏ သတင်းထူးလျှင် ဖုံးဆက်ရန်မှာထားခဲ့၏။
       ဘုန်းကြီးတို့ကား တစ္စကို ကုန်တိုက်ရှေ့ရောက်ရှိချိန်တွင် အင်ပိထွန်းတောက် ဒကာတင်မောင်ဦးမှ ဖုံးဆက်လာ၏ တစ္စကို ကုန်တိုက်အနောက်ဘက် အော်ပရာစီဝင်နေပြီဟု အင်တာနက်မှာတက်လာသည် ဘုန်းဘုန်းကျောင်းမှာရှိလားဟု မေးလာ၏ ဘုန်းဘုန်းတစ္စကို ကုန်တိုက်ရှေ့ကလမ်းပေါ်မှာ ခုထိတော့ အော်ပရာစီ ဘာအရိပ်ရောင်မှ မတွေ့ရသေးဘူးဟု ပြန်လည်ဖြေကြားလိုက်ရ၏ အင်တာနက်သတင်းကလည်း လုံးဝပြည့်စုံ မယုံရပါ ဘုန်းကြီးထံ ဖုံးပေါင်းများစွာ ဆက်လာပါ တော့၏ တစ္စကိုကုန်တိုက် နောက်ဘက် အော်ပရာစီဝင်သော သတင်းမေးသူများဖြစ်၏။
        ဆက်လာသော ဖုံးများကိုဖြေဆိုပြီး မင်းဥဏ်လင်း+အေးမာငြိမ်းတို့အိမ်တွင် ဘာတွေမှစဉ်စားမနေဘဲ အေးအေးချမ်း
ချမ်း အိပ်လိုက်၏ နံက် ၅-နာရီထိုးမှနိုး၏ နံက် ၆-နာရီတွင် မင်းဥာဏ်လင်း+အေးမာငြိမ်းတို့ကပ်သော အာရုံယာဂုဆွမ်းကို ဖုံးပေးပြီး ကျောင်းသို့ပြန်လာခဲ့၏ ကျောင်းတွင်ကျန်ခဲသော ဒကာတွေကို ညကအခြေအနေမေးမိ၏ အော်ပရာစီကားတွေ တော့ ညက၀င်လာပြီး မောင်းသွာတာသာတွေ့ရ၏ ဘယ်နေရာမှ ဖမ်းစီးမှုမရှိပါဟု ပြောကြ၏။
 


Type your summary here. Type the rest of your post here.

No comments: