အိန္ဒိယဟာ တချိန်တုန်းက
မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ နိုင်ငံပါ
ဒါပေမဲ့ ၁၉၉၃ ခုနှစ်ကစပြီး မြန်မာစစ်အုပ်စုအပေါ် တောက်လျှောက်ကိုင်စွဲခဲ့တဲ့
မပူးပေါင်းရေး ဆန့်ကျင်ရေး မူဝါဒဟာ ပြောင်းလဲခဲ့ပါ၏ အဲဒီအချိန်ကစပြီး အိန္ဒိယဟာ
မြန်မာစစ်အုပ်စုကို ဝေဖန်ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည်ရင်းနှီးမှု
တည်ဆောက်ခဲ့၏
၂ဝဝ၇ ခုနှစ်မှာ ရွှေဝါရောင်
သံဃာ့လှုပ်ရှားမှု ဖြစ်လာတဲ့အချိန် အိန္ဒိယက မြန်မာ့အရေးကို စောင့်ကြည့်ခဲ့၏
ပြည်တွင်းရေး ဝင်မစွက်လိုဘူး ဒီမိုကရေစီထွန်းကားဖို့ မြန်မာပြည်သူတွေကပဲ
ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါ၏ အိန္ဒိယရဲ့ မြန်မာအပေါ် ထိတွေ့ ဆက်ဆံတာက နိုင်ငံတကာ
အလယ် စစ်အစိုးရအပေါ် ဝေဖန်မှုတွေ လျော့ကျစေခဲ့ပါ၏။
တရုတ်ကို ဟန့်တားဖို့
ကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက်ပေါက်ရဖို့ အရှေ့တောင်အာရှနဲ့ အရှေ့အာရှနိုင်ငံတွေ
ကို ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် မြန်မာဟာ အိန္ဒိယအတွက် မရှိမဖြစ်
နိုင်ငံဖြစ်လာနေပါပြီ ဒါကြောင့် အိန္ဒိယ အနာဂတ် ခရီးကို စတင်ဖို့ ပထမဆုံးတွေ့တဲ့
နိုင်ငံကတော့ မြန်မာသာဖြစ်ပါ၏။
လက်ရှိမှာ မြန်မာရဲ့ စတုတ္တ အများဆုံး
ကုန်သွယ်ဘက်က အိန္ဒိယပါ မြန်မာကို မဆက်ဆံ မပေါင်းသင်းဘဲ အိန္ဒိယဟာ သူ့ အရှေ့မျှော်ဝါဒကို
ဘယ်လိုမှ ရှေ့ဆက်တိုးလို့မရနိုင်ပါဘူး ဒါကြောင့် မြန်မာပြည်ဟာ
အိန္ဒိယရဲ့မဟာဗျူဟာတခုလုံးအတွက် အရေးပါတဲ့ အနေအထားအထိ ရောက်လာခဲ့ပါ၏
အိန္ဒိယဆက်ဆံထိတွေ့လိုတဲ့ နိုင်ငံတွေဆီ အရောက် သွားဖို့ ပထမဦးဆုံး တံတားအဖြစ်
မြန်မာကရှိနေတာပါ တရုတ်က မြန်မာကို မဟာဗျူဟာမိတ်ဖက်အဖြစ် တိုးမြှင့်ဆက်ဆံသလို
အိန္ဒိယကလည်း သူ့ မဟာဗျူဟာ နိုင်ငံအဖြစ် ဆက်ဆံလိုတဲ့ ဆန္ဒရှိ၏ မြန်မာဟာ အရှေ့အာရှ
အရှေ့တောင် အာရှနဲ့ တောင်အာရှ ၃ ခုဆုံရာ မှာ တည်ရှိနေတဲ့အတွက် ပထဝီအနေအထားအရ
အရေးပါတဲ့ နိုင်ငံတခုအဖြစ်သို့ ရောက်ရှိနေပါ၏။
တနည်းအားဖြင့်ဆိုရင်
မြန်မာနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မြန်မာကို တရုတ်ရင်ခွင်ထဲကနေ
ဆွဲထုတ်ပြီး သူ့ရင်ခွင်ထဲ ရောက်လာအောင် ဆောင်ရွက်ရေးနဲ့ မြန်မာကို သူတို့ရဲ့
တံခါးပေါက်တခုသဖွယ် အသုံးပြုနိုင်ရေးပဲ ဖြစ်ပါ၏ ဆက်ဆံတဲ့နေရာမှာ အိန္ဒိယရဲ့
အားနည်းချက်ကတော့ တရုတ်လို ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီမှာ ဗီဆိုအာဏာ မရှိတာ ကြောင့်
အရေးပါသင့်သလောက် မပါဘဲ ဖြစ်နေပါ၏။
အိန္ဒိယဟာ မြန်မာ-တရုတ်
ဆက်ဆံရေးတိုးမြှင့်လာတာကို သိပ်သဘောမတွေ့ပါဘူး အရှေ့မျှော်ဝါဒ အောင်မြင်ဖို့ မြန်မာ
အစိုးရနဲ့ ပေါင်းသင်းဆက်ဆံနေရတာပါ ဒါကို သဘောပေါက်တဲ့ မြန်မာအစိုးရကလည်း တရုတ်ကို
ထိန်းညှိဖို့ အိန္ဒိယနဲ့ ဆက်ဆံတာပါ ဒါကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ
ဆိပ်ကမ်းဆောက်ခွင့် ပေးပြီးတော့ စစ်တွေမြို့မှာ အိန္ဒိယကို ဆောက်ခွင့်ပေးထားတာပါ
အိန္ဒိယ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က အရှေ့မျှော်ဝါဒ အကောင် အထည်ဖော်ရာမှာ
လမ်းပြမြေပုံ မရှိဘူး ဒါကြောင့် မြန်မာနဲ့ ပေါင်းသင်းဆက်ဆံရာမှာ တရုတ်နဲ့ ယှဉ်လိုက်ရင်
အမြဲပဲ နောက်ကောက်ကျနေ တယ်လို့ ဝေဖန်ကြပါ၏ အိန္ဒိယ-မြန်မာ ဆက်ဆံရေးမှာ တရုတ်ဟာ အဓိက
ဇာတ်ကောင် အနေနဲ့ ရှိနေတယ်ဆိုတာ အိန္ဒိယ သဘောပေါက်ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment