အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, December 25, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၉၅)





    သီတဂူဆရာတော်
       မြန်မာပြည်မှ သီတဂူဆရာတော်ကြီးသည် မလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားများမိမိတို့ဌာနေသို့အေးချမ်းစွာ ပြန်နိုင်ရန်ရည်ရွယ်၍ အလှူငွေလှူဒါန်းရန် ၂၄.၆.၂၀၁၃  ညနေပိုင်းမှာကြွရောက်တော်မူလာပါတယ် လေဆိပ်မှ ဆင်းလျင် ဆင်းချင်း မလေးရှား လဝက ရုံးသို့တိုက်ရိုက်ကြွရောက်တော်မူလာပါတယ် ဒီနေ့လဝကရုံးမှာလက်ဗွေနှိပ်ရန် ရောက်ရှိနေ သူများအား ဒုက္ခရောက်နေသည်ဟုကြား၍ရောက်လာခဲ့ရကြောင်း မိမိမှာ အလှူငွေ ကန်ဒေါ်လာ(၁၀၀၀၀၀) ပါလာကြောင်း တတ်နိုင်သလောက်ကူညီပေးသွားမည်ဖြစ်ကြောင်း လက်ရှိ လဝကရုံးတွင်ပေးဆောင်နေရသောဒဏ်ကြေး (၄၀၀)အား သီတဂူအထောက်အကူပြုအဖွဲ့မှဆရာတော်ဦးဆောင်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ထို့ကြောင့် ယနေ့မှ စတင်၍ အမိမြန်မာပြည်သို့ ပြန်လိုသူများအနေဖြင့် ငွေကုန်ကြေးကျမရှိဘဲ မိမိတို့အိမ်သို့ ပြန်နိုင်တော့မည်ဖြစ်ကြောင်း သတင်း ကောင်းပါးအပ်ပါ၏။
     တရားမဝင် နေထိုင်မှု များကြောင့် မလေးရှားနိုင်ငံ အကျဉ်းထောင် များတွင် အကျဉ်းကျ ခံနေရသော မြန်မာနိုင်ငံသား များ အားလုံး လွတ်မြောက်နိုင်ရန် ဆောင်ရွက်နေကြောင်း သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက  မိန့်ကြား၏ မလေးရှားနိုင်ငံမှာရှိတဲ့ သီတဂူသာသနာပြု အထောက်အကူအဖွဲ့ရဲ့ ကူညီမှုနဲ့ မြန်မာနိုင်ငံသား ၂၀၀ လောက် အကျဉ်း ထောင်ကနေ လွတ်မြောက်လာခဲ့ပါပြီ ဇူလိုင်လ ၁၆ ရက်နေ့ကို ကမ္ဘောဇ လေကြောင်းလိုင်းနဲ့ လူ ၁၇၀ ပြန်လာမယ်” ဟု ဆရာတော်က မိန့်ဆို၏။
     မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် အတွက် နယ်စပ်များမှ တရားမဝင် (အောက်လမ်း) ဖြင့် သွားရောက်သဖြင့် အဖမ်း ခံရသူများနှင့် ပတ်စ်ပို့၊ ဗီဇာသက်တမ်း ကုန်ဆုံးခြင်းကြောင့် အဖမ်းခံရသူ မြန်မာနိုင်ငံသားဦးရေ လူ ၄၀၀၀ ခန့် မလေးရှားရှိ
အကျဉ်းထောင်များတွင်ရှိနေသေးသောကြောင့် အားလုံးလွတ်မြောက်နိုင်ရေး ကြိုးပမ်းသွားရဦးမည်ဖြစ်ကြောင်း ဆရာတော်
က ဆက်လက် မိန့်ကြား၏။
      မလေးရှားနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရန် အတွက် မလေးရှားလေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀ နှင့် လေဆိပ် အကောက်ခွန်သို့ ၂၅ ဒေါ်လာပေးဆောင် ရမည်ဖြစ်ပြီး လေယာဉ်ခရီးစဉ်အတွက် ကုန်ကျငွေမှာ မလေးရှားသို့ စင်းလုံးငှား တစ်ကြိမ်ပျံသန်းမှုအတွက် အမေရိကန် ဒေါ်လာ ၄၀,၀၀၀ ကျသင့်မည် ဖြစ်၏။
     ကမ္ဘောဇ လေကြောင်းလိုင်းက မလေးရှားသို့ စင်းလုံးငှားလေယာဉ်ဖြင့် တစ်ကြိမ် ပျံသန်းမှုစရိတ်၏ ထက်ဝက် (အမေရိ ကန်ဒေါ်လာ ၂၀,၀၀၀) ကို ကုသိုလ်ပြု ကျခံပေးပြီး ဇူလိုင်လ ၂၁ နေ့တွင်လည်း မလေးရှားနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း ဆရာတော် အရှင်ဉာဏိဿရက ရှင်းပြ၏   ဒေါ်လာသုံးသိန်း လောက်ရှိတယ် အားလုံးကို ပြန်ခေါ်နိုင်ဖို့ဆိုရင် နောက်ထပ် ဒေါ်လာနှစ်သိန်းလောက် လိုနေသေးတယ်ဟု ဆရာတော်က မိန့်ဆို၏။
      ဆရာတော်ကြီး၏ မေတ္တာ ကရုဏာကြောင့် မလေးရှားတွင် ဒုက္ခရောက်နေသော မြန်မာတွေ အသက်ရှုချောင်သွားပါ၏ ပြန်ချင်တဲ့ တိုင်းရင်းသားအားလုံးကို အခမဲ့အကူအညီပေးသော ဆရာတော်ကြီးနှင့် ကမ္ဘောဇအဲယားလိုင်း မိသားသားစု ဧရာဝတီဖောင်ဒေးရှင်းတို့အား မလေးရှားရောက် မြန်မာတိုင်းရင်းသားတို့ နှစ်လုံးသားတွင် ထာဝရ ကဗ္ဗည်းထိုးထားမည် ဖြစ် ပါ၏။

အရှင်သဒ္ဓမ္မောဒယ(ကျိုက်လတ်-ရုံးဒေါင့်)

 


Type your summary here. Type the rest of your post here.

No comments: