အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
Tuesday, December 24, 2013
ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၉၄)
      ဇွန်လ ၁၁-ရက် မြန်မာဝန်ကြီးများအဖွဲ့ရောက်ရှိလာခြင်း
    ဇွန်လ ၁၁-ရက်နေ့ညနေတွင် နိုင်ငံခြားရေးဒုဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ခေါင်းဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့ မလေးရှားသို့ ရောက်ရှိလာပါ၏ နိုင်ငံ တော်အဆင့်လူကြီးတွေ ရောက်ရှိလာသည့်အတွက် မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို နိုင်ငံတော်က ပစ်မထား
ဘူးဆိုတာ ထင်ရှားပါ၏ မလေးရှားရောက် မြန်မာတွေအတွက် ၀မ်းသာစရာ သတင်းထူးပါ။
      မြန်မာလုပ်သားတွေ အလုပ် လုပ်နေသော စက်ရုံတွေသို့ လည်း ကိုယ်တိုင်သွားကာ မြန်မာလုပ်သားတွေ၏ အခက် အခဲကို ကူညီဖြေရှင်းပေးတာလည်း တွေ့မြင်ရပါ၏ တိုင်းပြည်၏ ၀န်ကြီးတယောက် လာရောက်သည့်အတွက် မလေးရှား ရောက်မြန်မာများကို မလေးရှားအစိုးရနှင့် တာဝန်ရှိသူများ တာဝန်မဲ့ လုပ်ရပ်များ ဆင်ခြင်သွားကာ မလေးရောက်မြန်မာများ လည်း အတိုင်မသိ ၀မ်းမြောက်ရပါ၏။
ဧရာဝတီဖောင်ဒေးရှင်း
     ဇွန်လ ၁၂-ရက်တွင် မြန်မာပြည်မှ ဧရာဝတီဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ဝင်များ ရောက်ရှိလာ၏ မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာအလုပ် သမားများကို ပြန်ခေါ်နိုင်ရန်အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင် အဖွဲ့ဝင်များနှင့် မလေးရှားနိုင်ငံရှိ လူမှုကူညီရေး အဖွဲ့များ ဇွန် ၁၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်းသိရ၏ ကျွန် တော်တို့ အနေနဲ့ ဦးစားပေး အဆင့်တွေ သတ်မှတ်ပြီး ပြန်ချင်တဲ့လူတွေ ပြန်နိုင်အောင် ဒီက လူမှုကူညီရေး အဖွဲ့တွေနဲ့
တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြပါတယ် ဟု ဧရာဝတီ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့မှ ကိုရဲမျိုးဟိန်းက ပြောကြား၏။
      မြန်မာပြည်သားတွေ တကယ်ဒုက္ခရောက်လာတော့ မလေးရှားကို တကယ်လာကူညီတာကို မှတ်တမ်းတင်ရမယ်ဆို လျှင် မြန်မာပြည်မှ တိုင်ရင်းသားဗုဒ္ဓဘာသာ သူဋ္ဌေးကြီးတွေသာ ဦးဆောင်ပြီးလှူဒါန်းကူညီတာကို အများဆုံးတွေ့မြင်ရပါ၏
ဧရာဝတီဖောင်ဒေးရှင်းသည် ငွေကျေးလှူဒါန်းရုံတွင်မကဘဲ သူတို့အဖွဲ့အစည်းတွေ မလေးရှားကို ကိုယ်တိုင်လာပြီး မလေး ရှားရောက်အဖွဲပေါင်းပေါင်းစုံနှင့် စည်းဝေးတိုင်ပင်ပြီး ဒုက္ခရောက်နေသောမြန်မာနိုင်ငံသားတွေကို မြန်မာပြည်ပြန်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းသည် လူသာဓု နတ်သာဓုခေါ်ရမဲ့ ကောင်းလှသော အစီအစဉ်ဖြစ်ပါ၏။
Type your summary here. Type the rest of your post here.
No comments: