အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, December 22, 2013

ကြုံရဆုံရ-မလေးရှား-ဘုန်းဘုန်ဘ၀(၉၂)





    သူတို့ကို တိုက်ခိုက်သူတွေဟာ ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းပြီး၊ မလေးစကား ပြောကြပေမယ့် ပီသခြင်း မရှိ  မြန်မာ လိုတော့ မပြောတဲ့ အတွက် အိန္ဒိယမှ မွတ်စလင်တွေဟု ထင်မြင်ကြောင်း သူတို့ အလုပ်လုပ်တဲ့ ထီးစက်ရုံမှာ အဆိုပါ လူမျိုး တွေ များစွာရှိကြောင်းကိုလည်း ကိုခင်မောင်ဝင်းမှ ပြောပြ၏ ဓါးဒဏ်ရာပြင်းထန်စွာဖြင့် အရေးပေါ် ဌာန ကွာလာလန်ပူ ဆေး ရုံကြီး တွင်ဆေးကုသမှုခံယူနေရပါ၏ ကိုခင်မောင်ဝင်းဟာဓါးနဲ့အခုတ်ခံထားရလို့ လက်အကြောတွေပြတ်နေတယ်လို့လည်း သတင်းကြားရပါ၏။   
  ယခုမလေးရှား၏ အခြေအနေသည် မြန်မာနိုင်ငံသားများအတွက် လုံခြုံမှု မရှိတော့ပါ မလေးရှားရဲတပ်ဖွဲ့မှ မြို့နယ်များတွင် အော်ပရာစီများပြုလုပ်ခြင်းသည် နိုင်ငံခြားသားများအတွက် အနိုင်ကျင့်ခံရသလို ဖြစ်နေပါ၏ ဖမ်းစီးခံရသူများထဲမှ ခေါ်ယူ စစ်ဆေးခံရသူများအား မလေးရှားရဲများမှ ငွေကြေးတောင်းခံခြင်း တယ်လီဖုန်းများသိမ်းယူခြင်းများနှင့် ကြုံတွေ့နေပါ၏ မလေးရှားရောက် မြန်မာတွေ ဘယ်ဘ၀က ၀ဋ်ကျွေးတွေလဲမသိ လာရောက်ပေးဆပ်နေရတာတော့ အမှန်ပါ။
      ထိုဇွန်လ ၇ ရက်နေ့တွင်ပင် ဆူဘန်းဂျာယာတွင် မြန်မာအလုပ်သမားများအား တိုက်ခိုက်ခဲ့မှုကြောင့် မောင်ဝေအောင် သိမ်း ဆိုသူမှာ ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရပြီး ဇွန် ၁၂ရက်တွင် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း သတင်းရရှိပါ၏
ဒီနေ့လည်း မင်းဥာဏ်လင်း ည ၈-နာရီ လာပင့်သဖြင့် ထိုညလည်း အပြင်ထွက်အိပ်ဖြစ်ခဲ့၏ နံက်အာရုံဆွမ်း အေးမာငြိမ်း ကပ်သော ယာဂုဆွမ်းဖုံးပေးပြီး နံက် ၇-နာရီ မင်းဥာဏ်လင်းပြန်ပို့သဖြင့် ကျောင်းပြန်ရောက်ခဲ့ပြန်၏။
    ဇွန် ၈-ရက်
    မလေးရှားတွင် ထို ၈-ရက်နေ့လည်း သတင်းကောင်းသိပ်မကြားရပါ ဆိုးသောသတင်းကိုသာ ကြားခဲ့ရပြန်၏ ဇွန်လ ၁-ရက်နေ့က ထိခိုက်ဒဏ်ရာရပြီး အတွင်းလူနာအဖြစ် အရေးပေါ်ဆေးကုသခံယူနေရသော စောဘာဘလူးဂေး သည် ဇွန်လ ၈-ရက်တွင် ဆာလာရန်းဆေးရုံကြီး၌ ထပ်မံသေဆုံးခဲ့ပြန်၏။
   နောက်တစ်ဦးကတော့ မြန်မာဆရာဝန်တွေ အတော်များများရှိသော Kuantan ကွန်တင်းမြို့ပါဟန်းမှာ ကိုတင်လှိုင်ဆို သည့် မြန်မာတယောက် ဓါးနဲ့ အခုတ်သတ်ခံရပြီး သေဆုံးနေတာကို ရဲကတွေ့ရှိခဲ့ကြောင်း ဒီကနေ့ထုတ် မလေးရှားနိုင်ငံမှာ ထုတ်တဲ့ သတင်းစာတွေမှာ ဖော်ပြလာပါ၏ ပါဟန်းဆေးရုံကြီး ရေခဲတိုက်မှ ကပ်ပုန်းနာရေးကူညီမှုအသင်း အစီစဉ်ဖြင့် မီး သဂြိုလ်ပေးခဲ့ပါ၏။
    ထိုနေ့တော့ ပူချုန်းတစ္စကို အနီးနား ဒကာတွေမှ ဆရာတော်အပြင်သွားမအိပ်ပါနဲ့ဘုရားလို့ လျှေက်ထားလာ၏ ဒီနားမှာ
က ဗမာ-ရခိုင်-ထားဝယ်-မွန်-ကရင်-စသော တိုင်းရင်းသား ဗုဒ္ဓဘာသာတွေ အများဆုံးနေရာဖြစ်ပါတယ် ဒီနေရာက ပိုပြီးလုံ ခြုံပါတယ်လို့ ၀ိုင်းဝန်းလျှောက်ထားကြ၏ တိုင်းမားဆိုင် ဒကာမိုက်ကယ်ဦးဆောင်သော ဆိုင်လုပ်သားများမှလည်း တပည့် တော်တို့ဆိုင်တွင် လူအယောက် ၃၀-လောက်အမြဲရှိပါတယ်ဘုရား ဘုန်းကြီးကျောင်း ပြဿနာရှာမဲ့လူလာလျှင် အမြန်ဆုံးဖုံး ဆက်လိုက်ပါဘုရား လက်နက်ကိုယ်စီနဲ့ ချီတက်လာပါမည်ဘုရားဟု လျှောက်ထား၏။
    ဘုန်းကြီးကျောင်းခမ်း ဖလက်တွင် ဂိန်းဆိုင်တွင်လုပ်သော ရခိုင်ဒကာမှလည်း ဘုန်းဘုန်း ပြဿနာရှာမဲ့သူလာလျှင် ဖုံး ဆက်လိုက်ပါဘုရား တပည့်တော်တို့ ရခိုင်တွေ အယောက် ၂၀-၂၅-ယောက်အမြဲရှိပါတယ်ဘုရားဟု လာရောက်လျှောက် ထားကြ၏ ဘုန်းကြီးလည်း သူတို့အားကိုးနှင့် အပြင်သွားမအိပ်တော့ပါ ထိုနေ့ကစပြီး ကျောင်းမှာပင်အိပ်ပါတော့၏ တကယ် အရေးကြုံလာတော့ တိုင်းရင်းသားတွေ ညီညွတ်တာကိုကြည့်ပြီး ၀မ်းသာမိပါ၏။
     ဇွန်လ ၉-ရက်    
      ဤ ၉-ရက်နေ့မှစ၍ မလေးရှားတွင် အကြမ်းဖက်မှုများ တည်ငြိမ်စပြုလာပါ၏ ဘုန်းကြီး၏ ဖေ့ဘုတ်စာမျက်နှာကိုလည်း ဤအကြမ်းဖက်မှုတွေ စတင်သည်မှစ၍ ခေတ္တရပ်နားထား၏ ယ္ခုရက်အတွင် ကျောင်းမှာလာလုပ်တဲ့ပွဲတွေကလည်း မင်္ဂလာ ပွဲ မွေးနေ့ပွဲတွေချည်းသာ ဖြစ်နေသောကြောင့် မလေးရှား၏ အဆိုးဆုံးရက်တွေမှာ ဘုန်းကြီးကျောင်းမှ အကောင်းတွေတင် နေလျှင် မသင့်တော်တာနဲ့ ဖေ့ဘုတ်စာမျက်နှာ ရပ်နားထားခြင်းဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: