အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 1, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၁)



နို့ကြွေးဆပ်သူ--အာဂလူ

      သားသမီးတိုင်း  မိဘကျေးဇူး  ဆပ်ခြင်သူတွေသာ များလှ၏။ မိဘကျေးဇူး ကန်းသူတွေလဲ ရာဇ၀င် စာတင် ခဲ့သူတွေ ရှိသလို လက်ရှိဘ၀မှာလဲ အထိုက်အလျှောက် တွေ့မြင်နိုင်၏။ သို့သော်  ကျေးဇူးဆပ်ခြင် သူတွေသာ အများစုတွေ့မြင်နေရသောကြောင့် လောကတွင် လူနှင့်တူသူ များသေးသည်ဟု ဆိုရမှာဖြစ်၏။
           သြော်---မိဘ-မိဘ-မိဘ- တွေးကြည့်လေ ကျေးဇူးများလေဖြစ်၏။ လူ့လောက ရောက်လာဘို့အတွက်မိဘနှစ်ပါးသည် မရှိမဖြစ် လိုအပ်လှ၏။ အမိဝမ်းက မွေးဖွားကာစ လူ့လောကကို ရောက်ရှိလာသောအချိန်သည်ဆာလောင်မွတ်သိပ်မှု များစွာဖြင့် အူဝဲဟု အသံကုန် ဟစ်ကျွေးကာ ဗိုက်ဆာပြီဖြစ်ကြောင်းကိုသက်ဆိုင်သူများသို့အသိပေးလိုက်ခြင်းဖြစ်၏။      
     လောကအလယ် နီတာရဲရဲဖြင့် အော်ဟစ်ကာ ရောက်ရှိလာသော သားသမီးငယ်၏အသံကိုကြားလိုက်ရ
သောမိခင်၏ နှစ်လုံးသွေးနီနီရဲရဲသည်၊ သားသမီးပေါ်ထားသည့် မေတ္တာတွေကြောင့်၊  မိခင်၏သားမြတ်မှ အဖြူရောင်နို့ရေအဖြစ်ပြောင်းလဲကာ၊တသွင်သွင်စီးကြလာတော့၏။လူ့ဘ၀ကိုရောက်ရောက်ခြင်း အမေ့သွေးမှ အမေ့ မေတ္တာကြောင့် ပြောင်းလဲလာသော အဖြူရောင်နို့ချိုကို အားရပါးရစို့ကာ အငိုတိတ်၍ လူ့ဘ၀ကို စခဲ့ရပါ၏။
          လူ့ဘ၀အတွက် ပထမဆုံး အဟာရသည် မေမေ့နို့ရေသာဖြစ်၏။   လူ့ဘ၀အစ အသက်ရှင်ရေးအတွက် ကျေးဇူးအများဆုံးအရာကို ပြပါဆိုလျှင် မေမေ့နို့ရေကိုသာပြရမှာဖြစ်၏။ မေမေ့နို့ရေနှင့်အတူ မေမေ့ မေတ္တာတွေ
မေမေ့နွေးထွေးမှုတွေကြောင့် မေမေ့ရင်ခွင်ကို တကမ္ဘာထင်ခဲ့၏။  မေမေ့ရင်ခွင်သာ သူ့ဘ၀အတွက် အလုံခြုံဆုံး  နေရာဟုထင်မှတ်မိ၏။ ဘ၀အစမှာ မေမေ့ရင်ခွင်သည် သားသမီးအတွက် အေးချမ်းလှပါဘိ။
           မေမေ့နို့ချိုကြောင့် တနေ့တခြားကြီးထွားလာသော အမိရင်ခွင်ကို တကမ္ဘာထင်ခဲ့သော သားသမီး ငယ် တို့သည်။တကမ္ဘာထင်ခဲ့သော အမိရင်ခွင်မှကျယ်ဝန်းလှသောလောကကြီးကိုစိတ်ဝင်စားမှုပြုလာ၏။ အပြင်လော          
ကကြီးကို စူးစမ်းချင်စိတ် ကြည့်ရှုခြင်စိတ် တဖွားဖွားပေါ်လာကာအပြင်ကို ခေါ်ထုတ်ပေးမည့်သူကိုသာ မျှော် လင့်နေမိ၏။ အပြင်ကိုသွားမည်ဆိုလျှင် ဘယ်သူခေါ်ခေါ်လိုက်လေတော့၏။
       သြော်----ကလေးဘ၀၏ အစသည် ဤလိုသာစခဲ့ရပါ၏။ ကလေးဘ၀သည် စာလဲငိုပြရ၏။ နာလဲငိုပြရ၏။ သားငိုသံကြားလျှင် အမေသည် ကြားရာအရပ်မှ အပြေးလာလျှက် အမေ့နို့ချိုကို တိုက်ကျွေးရ၏။ အမေ့နို့ရေ သည် သားသမီးငယ် တို့၏ ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးလာသလို မလိုအပ်သည် အညစ်အကြေးလည်း အလိုလို ယိုစီးထွက်ကျလေ၏။ ကလေးဘ၀သည် ၃-၄-နှစ်တိုင် မစင်အလိမ်းလိမ်းကပ်နေတဲ့ဘ၀ပါ။
            မစင်အလိမ်းလိမ်းကပ်နေသော သားငယ်သမီးငယ်တွေကို မရွံမရှာ သန့်ရှင်းစင်ကြယ်အောင် ဆောင် ရွက်ပေးသူဟာ မိဘသာဖြစ်၏။ သုံးနှစ်လေးနှစ်တိုင်အောင် မရွံမရှာဆောင်ရွက်ပေးခဲ့သည်ဆိုတာ သားသမီး တိုင်း သိစေချင်ပါ၏။
           နို့ချိုတိုက်ကျွေးရတာလဲ မိဘပါဘဲ။
           ရေချိုးပေးရတာလဲမိဘပါဘဲ။
           ခြင် ယင် ဘေးရန်က ကာကွယ်ပေးရတာလဲ မိဘပါဘဲ။
           တေးသီကာ ဆိုသိပ်ရတာလဲ မိဘပါဘဲ။
           မစင်အလိမ်းလိမ်းကပ်နေတဲ့ အနှီးဝတ်ကို လျှော်ပေးရတာလဲ မိဘပါဘဲ။
           ကျောင်းပို့ရတာလဲ မိဘပါဘဲ။
           မုံ့ဖိုးပေးရတာလဲ မိဘ ပါဘဲ။
           ထမင်းကျွှေးရတာလဲ မိဘပါဘဲ။
           အ၀တ်သစ်ဝယ်ပေးရတာလဲမိဘပါဘဲ။
           သားသမီးလိုချင်တာဝယ်ပေးရတာလဲ မိဘပါဘဲ။
           သားသမီးပညာတတ်ကြီးဖြစ်စေချင်တာလဲ မိဘပါဘဲ။
           သားသမီးကို ဆင်စီးလို့ မြင်းရံတာ မြင်ခြင်တာလဲမိဘပါဘဲ။
          အရွယ်ရောက်လို့ အိမ်ထောင်ရေး စီစဉ်ပေးရတာလဲ မိဘပါဘဲ။
          စီးပွာရေးအစဉ်ပြေအောင် ငွေအရင်းအနှီးထုတ်ပေးရတာလဲ မိဘပါဘဲ။
          ဆိုးတဲ့သားမီးတွေပါလို့ ထောင်ထဲရောက်ရင် လိုက်ထုတ်ပေးရတာလဲ မိဘပါဘဲ။
 

Type your summary here. Type the rest of your post here.

No comments: