မိဘမေတ္တာနှင့်
မဟာပထ၀ီမြေကြီးနှင်းနှိုင်ယှဉ်ခြင်း
+++++++++++++++++
မိဘမေတ္တာ-မြေမဟာနှင့်၊
ပမာတိုင်းဆို-နှိုင်းခိုင်းလိုက၊
ဘူမိဗွေချာ-မြေမဟာသည်
ပမာဆိုထောက်-လက်သဲလောက်သာ၊
ကျန်ကောင်းလိမ့်မည်-ထင်ကောင်းသည်ရှင့်။
မိဘနှစ်ဖြာ-ချစ်မေတ္တာနှင့်၊
ဘယ်ရာမဆို-နှိုင်းယှဉ်လိုက၊
ငြိုးငယ်နောင်တ-မှန်စွာရမည်၊
မိဘမေတ္တာ-မနှိုင်းသာတည်း။
မိဘမေတ္တာနှင့်
မဟာပထ၀ီမြေကြီးကို နှိုင်ယှဉ်သောအခါ မဟာပထ၀ီမြေကြီးသည်လက်သဲခွန်ပေါ်တင် ထားသည့်
မြေမှုံလောက်သာရှိသည်ဟုဆိုထားခြင်းဖြစ်၏။
မဟာပထ၀ီမြေကြီးဆိုသည်မှာ၊ မဟာပထ၀ီမြေကြီး၏ အဦးအစသည်၊ လူသားစဖြစ်လာခြင်း၏။
အဦး အစနှင့်လည်း ပါဝင်ပတ်သက်နေတာကို တွေ့မြင်ရ၏။ မဟာပထ၀ီမြေကြီး ဖြစ်ပေါ်လာပုံကို အနည်းငယ်ရှင်း ပြမှ၊ မဟာပထ၀ီမြေကြီး၏ ပျက်ခြင်း
ဖြစ်ခြင်းသဘောကို အံ့သြစွာတွေ့မြင်ရမည်ဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment