အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, October 5, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၅)




            မဟာသမုဒ္ဒရာသည် အံ့ဘွယ်ရှစ်ဖြာနှင့်ပြည့်စုံသလို မိဘနှစ်ပါး၏ ဂုဏ်တော်အနန္တများကလည်း ပိုပြီးအံ့သြဘွယ်ပိုပြီးချီမွမ်းဘွယ် ပိုပြီးကြည်နူးဘွယ်တွေနှင့် ပြည့်စုံနေတာတွေ့ရ၏။

(၁)သားသမီးကို အရိုး အကြော အသွေး အသားထဲက စိမ့်ပြီး ချစ်တတ်သော သုဟဒယဂုဏ်။
(၂)သားသမီးကို မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ၄-ပါးဖြင့်စောင့်ရှောက်တတ်သော ဗြဟ္မာဂုဏ်။
(၃)သားသမီးကို အသက်စွန့်ပြီးမွေးသောအမေ အသက်စွန့်ပြီးရှာကျွေးသောအဖေ ဖြစ်ရသော ဇနေတ္ထိဂုဏ်။
(၄)သားသမီးကို အေးမြပြီး သန့်ရှင်းကြည်လင်သော မိဘနှစ်ပါး၏ အရိပ်ကိုပေးနိုင်သော ပေါသက ဂုဏ်။
(၅)သားသမီးကို လေပူ နေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်တတ်သော ပေသနန္တိဂုဏ်။
(၆)သားသမီးကို စကားပြောသင်ခြင်း ဘုရာရှိခိုးဆွမ်းကပ်သင်ခြင်း ကြီးသူကိုရိုသေ ငယ်သူကိုငြှာတာတတ်အောင်  သင်ပေးတတ်သော ဒေဿတာရာဂုဏ်။
(၇)သားသမီးကို ဘေးရန်ကင်းစေရန် အသက်စွန့်ပြီး ကာကွယ်စောင့်ရှောက်တတ်သော အာပါဒကာဂုဏ်။
(၈)သားသမီးကို တေးသီခြင်းတို့ဖြင့် သံစဉ်ငြိမ့်ညူးရင်း နှစ်သိမ့်တတ်သော တေသယန္တိဂုဏ်။
(၉)သားသမီးတို့၏ အိမ်ဦးနတ်အရာတွင် မိခင်ဖခင်ဖြစ်ရသော ပုဗ္ဗာဒေ၀တာဂုဏ်။
(၁၀)လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖဟု စာရိတ္တမပျက်စီးစေရန် ဘာသာရေးဖြင့်သိမ်းသွင်းတတ်သောပုဗ္ဗာစရိယဂုဏ်။
(၁၁)သားသမီးတို့၏ စားဝတ်နေရေးပညာရေး မပူပင်ရအောင် လုပ်ဆောင်ပေး၍ အေးသောအရိပ်ကို ပေးနိုင်သော ဂေါပါယန္တိဂုဏ်။
(၁၂)သားသမီးတို့မှ ပစ္စည်းလေးပါးဖြင့် ပူဇော်အထူးကို ခံယူထိုက်ခြင်း မိဘဖြစ်ရသော အာဟုနေယဂုဏ်။
(၁၃)ရဟန်းတော်များ မိမိဆွမ်းမစားမှီ မိဘများကို ပထမဆုံးစားစေခြင်း အခွင့်ရရှိသော မိဘဖြစ်ရသော အနာမတ္ထဂုဏ်။

     မိဘတို့၏ ထိုဂုဏ်တော်အနန္တတွေကို ဆင်ခြင်သုံးသပ်နိုင်သော သားသမီးတွေသည်၊ မိဘ၏ဂုဏ်ကျေးဇူးကို အထူးနား လည်သဘောပေါက်ကာ ကျေကျေနပ်နပ်ကြီး ပီတိတွေဖြစ်၍ မိဘတို့၏ အံ့ဘွယ်အထူးဟုဆိုနိုင်ပါ၏။
                          

Type your summary here. Type the rest of your post here.

No comments: