အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, October 21, 2014

နို့ြွေ့းဆပ်သူ-အာဂလူ(၁၈)



  အနော်ရထာဘုရင်သည်၊ သဒ္ဓါတရားကင်းမဲ့နေသော၊ အရည်းကြီးဝါဒအောက်မှာ၊ နစ်မွန်းနေသော၊ နတ်ဝါဒ၏မှိုင်း တိုက်မှုအောက်မှာ၊ မေ့မောနေသော၊ မိမိတိုင်းသူပြည်သားတွေကို၊ ရတနာသုံးတန် ကံ ကံ၏ အကျိုးကို၊ ယုံကြည်
ကိုယ်းကွယ်တတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါ၏။ တိုင်းသူပြည်သားတွေအပေါ်၊ တာဝန်ကျေသော မင်းကောင်း မင်းမြတ်တပါးဖြစ်ခဲ့၏။
   ထိုအနော်ရထာ၏၊ ဥပမာအတိုင်း၊ သားသမီးတွေသည်၊ နတ်ယောင်ယောင်၊ ဗေဒင်ယောင်ယောင်၊ ယောင်ချာချာ
ဖြစ်နေသော မိဘများကို၊ ဘုရားမှတပါး ကိုယ်းကွယ်ရာမရှိ၊ တရားမှတပါးကိုယ်းကွယ်ရာမရှိ၊ သံဃာမှတပါး ကိုယ်း ကွယ်ရာမရှိဟု၊ လေးလေးနက်နက် သက်ဝင်ယုံကြည်လာအောင်၊ ဆောင်ရွက်ပေးနိုင်တဲ့ သားသမီးတွေသာလျှင်၊
အမေ့နို့ဖိုး ကျေအောင်ဆပ်နိုင်သူဟု ဆိုထားခြင်းဖြစ်၏။

           ဘာသာခြားမခင်ကြီးကို နို့ကြွေးဆပ်ခဲ့သော အာဖရိကရဟန်းတော်တပါး
      ယူဂန်ဒါနိုင်ငံသည်၊ ဗဟိုအာဖရိကလို့ခေါ်တဲ့ ၊ အာဖရိကတိုက်၏၊ ဗဟိုချက်မ အလယ်ခေါင်တွင်ရှိသော၊ ပင် လယ်နဲ့ဝေးတဲ့၊ ကုန်းတွင်းပိတ် နိုင်ငံငယ်လေးတခုဖြစ်၏။သက္ကရာဇ် ၁၈၀ဝ ခန့်တွင်၊ ဝိထိုရိယရေအိုင်ကြီး (Lake Victoria) ၏၊ မြောက်ဖက်မှ၊ ဘုရင့်နိုင်ငံ များစွာတည်ရှိသည့် ဘူဂန်ဒါ (Buganda) ဒေသသည်၊ လက်ရှိယူဂန်ဒါ နိုင်ငံ အဖြစ်တည်ရှိလာမည့် နယ်နိမိတ်ဖြစ်၏။
   ၁၈၃၀ ခန့်မှစ၍၊ အိုမန် အခြေစိုက်အာရပ်များယင်းဒေသသို့၊ အလုံးအရင်းနှင့် ဝင်ရောက်လာပြီးနောက်၊ ဒေသ တွင်းကုန်သွယ်မှုကို၊ စိုးမိုးချုပ်ကိုင်လာ၏။ယင်းနောက် ၁၉ ရာစုအလယ်ခန့်တွင်၊နိုင်းမြစ်၏ သဘာဝအရင်းအမြစ် များကို၊ရှာဖွေမှုလုပ်ရင်းပင်၊ အင်္ဂလိပ်တို့ ယင်းဒေသသို့ဝင်ရောက်လာပါ၏။ ၁၈၇၇ ခုနှစ်ခန့်မှစ၍၊ အာရပ်နှင့် အင်္ဂလိပ်တို့ကြားတွင်၊ကုန်သွယ်စားကျက်လုသည့်စစ်ပွဲများ၊ ယူဂန်ဒါဒေသတွင် ဆက်တိုက်ဖြစ်ပွား၏။
    ၁၈၉၄ ခုနှစ်တွင်၊ယင်းဒေသတခုလုံးသည်၊အင်္ဂလိပ်အစောင့်ရှောက်ခံ၊နယ်မြေအဖြစ်၊တည်ရှိလာပါ၏။ ၁၉၅၅ ခုနှစ်တွင်၊ယူဂန်ဒါပြည်သူ့လွှတ်တော်ကို၊ အင်္ဂလိပ်တို့က၊ ခွင့်ပြုတည်ထောင်ပေးပြီးနောက်၊ ၁၉၆၁ ခုနှစ်မှ စ၍ ယူဂန်ဒါ ခေါင်းဆောင်များနှင့် အင်္ဂလိပ်အစိုးရတို့ကြားတွင် လွတ်လပ်ရေးဆိုင်ရာ စကားပြောဆိုဆွေးနွေးမှုများ စတင်ပါ၏။
     ယင်းနောက်ပိုင်းတွင်၊ မီလ်တန်အိုဘိုတီ  (Milton Obote) ခေါင်းဆောင်သည့်၊  ယူဂန်ဒါပြည်သူ့ကွင်ဂရက် (Uganda People's Congress) သည်၊ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို၊ ဉီးဆောင်တောင်းဆိုမှု ပြုလာရာမှ၊ ၁၉၆၂ ခုနှစ်၊ အောက်ထိုဘာလ ၉ ရက်နေ့တွင်၊ လုံးဝလွတ်လပ်သော၊ အချုပ်အချာ အာဏာပိုင်နိုင်ငံအဖြစ်နှင့်၊ အင်္ဂလိပ်ဓနသဟာယအဖွဲ့ဝင်၊နိုင်ငံအဖြစ်၊ စတင်ရပ်တည်လာပါ၏။
     ယူဂန်ဒါ နိုင်ငံသည်၊ ၁၉၆၂-ခုနှစ်မှ၊ နိုင်ငံအဖြစ် ဖြစ်ပေါ်လာပြီး၊ မြို့တော်မှာ ကမ်ပါလာဖြစ်၏။ လူဦးရေမှာ ၂၆-သန်းခန့်ရှိပြီး၊ နိုင်ငံအကြယ်အ၀န်းကတော့၊ ၉၁၁၃၅-စတုရန်းမိုင်၊ (၂၃၆၀၄၀-စတုရန်းကီလိုမီတာ) ရှိပါ၏။ ပြောဆိုသည့် ဘာသာစကားမှာ၊ လူဂန်ဒါ၊ အန်ကိုးလ်၊ အင်္ဂလိပ်၊ဖြစ်၏။
   ကိုးကွယ်သည့်ဘာသာမှာ၊ ရိုမန်ကက်သလိပ် ၃၈-ရာခိုင်နှုန်း။ ပရိုတက်စတန့် ၃၃-ရာခိုင်နှုန်း၊ မိရိုးဖလာယုံ ကြည်ကိုးကွယ်မှု ၁၃-ရာခိုင်နှုံး၊ ဆွန်နီမူစလင် ၈-ရာခိုင်နှုံး၊ အခြားကိုးကွယ်မှု ၈-ရာခိုင်နှုံးရှိ၏။ ဗုဒ္ဓဘာသာ အနေနဲ့ တဦးတယောက်မျှ မရှိသောနိုင်ငံဖြစ်၏။ လူမျိုးအနေနဲ့ ဘန်တူအနွယ်ဝင် ၅၀-ရာခိုင်နှုံး၊ ဆူဒန်နီးစ် ၅- ရာခိုင်နှုံး၊ အခြား ၄၅-ရာခိုင်နှုံးရှိ၏။
 

Type your summary here. Type the rest of your post here.

No comments: