သြော်--------မိဘ-မိဘ ---အလွန်ကျေးဇူးကြီးမားလှပေ၏။
အနန္ဒကျေးဇူး မြင်းမိုရ်ဦးမို့ နှိုင်းတုမရ ကျေးဇူးကြီးလှ မိနှင့်ဖဟု နှိုင်းယှဉ်ကာ
ဆိုထားကြတာကိုး----------
မိဘမေတ္တာနှင့်မြင်းမိုရ်တောင်ကိုနှိုင်းယှဉ်ခြင်း
+++++++++++++++
မိဘမေတ္တာ--မြင်းမိုရ်သာနှင့်၊
ပမာတိုင်းဆို-နှိုင်းခိုင်းလိုက၊
မြင်းမိုရ်သေလာ-တောင်တော်သာသည်၊
ပမာဆိုထောက်-ဇီးစိလောက်သာ၊
ကျန်ကောင်းလိမ့်မည်-ထင်ကောင်းသည်ရှင့်။
မိဘနှစ်ဖြာ-ချစ်မေတ္တာကို၊
ဘယ်ရာမဆို-နှိုင်းယှဉ်လိုက၊
ငြိုးငယ်နောင်တ-မှန်စွာရမည်၊
မိဘမေတ္တာ-မနှိုင်းသာတည်း။
မိဘမေတ္တာကို မြင်းမိုရ်တောင်နှင့်
နှိုင်းယှဉ်မည်ဆိုလျှင် မြင်းမိုရ်တောင်ကြီးသည် ဇီးစိလောက်သာရှိသည်ဟု
ဥပမာနှိုင်းဆိုထားခြင်းဖြစ်၏။
ဟုတ်လဲ ဟုတ်လောက်ပါပေ၏။ မိဘတို့၏ သားသမီးအပေါ် ထားရှိသောမေတ္တာ သည် မြင်းမိုရ်တောင်ထက်ပင်
အရာရာပိုနေ၏။ မိဘမေတ္တာသည် မြင်းမိုရ်တောင်ထက်ပင်ပိုမိုတောင့်တင်း ခိုင် မာ၏။ မြင်းမိုရ်တောင်ကြီးပင်
ပျက်သုံးကောင်း ပျက်သုံးသွားနိုင်၏။ မိဘတို့၏ သားသမီးအပေါ်ထားသော မေတ္တာသည်
ဘယ်တော့မှ ပျက်သုံးသွားမည် မဟုတ်ပေ။
မြင်းမိုရ်တောင်ဆိုသည်မှာ ရေပေါ်တွင် ယူဇနာ
ရှစ်သောင်းလေးထောင်ပေါ်ရှိနေ၏။ အလယ်ပူ
အထက်ရှုး သွား၍ တောင်ခါးပန်းစွန်း ငါးဆင့်ရှိသည်ဟုဆို၏။ ၄င်း ငါးဆင့်ကိုပင်အာလိန်ငါးဆင့်ဟု
ဆိုခြင်းဖြစ် ၏။ တဆင့် တဆင့်သည် ယူဇနာငါးထောင်အကြယ်ရှိ၏။ အောက်ဆုံးအဆင့်
ပထမအာလိန်သည် ရေတ၀က် ကုန်းတ၀က်တွင် ရှိသည့်အတွက် နဂါးမင်းတို့ပျော်စံရာ
နယ်မြေဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment