တနေ့သောအချိန်တွင် အနော်ရထာဘုရင်အတွက် အလင်းရောင်တခု ထွန်းလင်းတောက်ပလာ၏။
မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော နေ့တနေ့ဖြစ်၏။ စစ်မှန်သောသဒ္ဓါတရားကို မှန်ကန်စွာဟောကြားပြသမည့်
ထေရ်ဆရာ မြတ်နှင့်။ အမှန်အကန် သဒ္ဓါတရားကို လွန်စွာအလိုရှိနေသော ဘုရင်အနော်ရထာတို့ ဆုံဆည်းခွင့်ရရှိလာခြင်း
သည်။ နေရောင်ကိုမျှော်လင့်စောင့်စားလျှက်၊ ပွင့်ရန်တာဆူနေသော ပဒုမ္မာကြာဖူးငုံနှင့်၊
နေရောင်နှင့် ဆုံဆည်း ခွင့်ရသောအခါ ပဒုမ္မာပွင့်ချပ်လွှာတို့သည်၊ ငါးငါးစွင့်စွင့် တအားပွင့်လာသကဲ့သို့၊
အနော်ရထာ၏ နှစ်လုံးသားမှာ လဲ၊ သဒ္ဓါပန်းတွေ ငါးငါးစွင့်စွင့်၊ မှန်ကန်စွာ
ပွင့်ခဲ့လေပြီ။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး၊ နှစ်ပေါင်းသုံးရာလောက်တွင်၊
ပါဋလိပုတ်တွင်၊ တတိယသင်္ဂါယတနာ တင် ပြီးနောက်၊
အရှင်မောဂ္ဂလိပုတ္တ မထေရ်မြတ်ကြီးသည်၊ အနာဂတံသဥာဏ်ဖြင့် ကြည့်တော်မူသောအခါ၊ နောင် အနာဂါတ်သာသနာတည်မည့်နေရာတွေကို၊
၉-တိုင်း၊ ၉-ဌာန-သာသနာပြုစေလွတ်တော်မူ၏။ ထို
၉-တိုင်း၊ ၉-ဌာနတို့တွင်၊ တခုအပါအ၀င်ဖြစ်သော
သုဝဏ္ဏဘူမိ သထုံပြည်သို့၊ အရှင်သောနနှင့်အရှင်ဥတ္တရ ရဟန္တာမထေရ် မြတ်တို့
တာဝန်ကိုယ်စီဖြင့် ကြွချီတော် မူလာခဲ့၏။
သုဝဏ္ဏဘူမိ သထုံပြည်သည၊် မထေရ်မြတ်တွေ
ကြွလာချိန်နှင့်၊ တိုက်တိုက်ဆိုင်ဆိုင်ပင်၊ အရေးကြီး ပြဿနာ တခုနှင့်
ကြုံတွေ့နေရချိန်ဖြစ်၏။သုဝဏ္ဏဘူမိဘုရင်၏ မိဖုရားမှ၊မွေးဖွားလာသည့်သားမှန်သမျှဘီလူးမတယောက်
က လာရောက်စားသောက်နေခြင်းဖြစ်၏။
နှစ်ကြိမ်တိုင်တိုင်
ဘုရင့်သားတော်နှစ်ပါးကို၊ ဘီလူးမစားသောက်ပြီး ဖြစ်၏။ ယ္ခုတတိယအကြိမ် သားဖွားမြင်သောအချိန်ဖြစ်၏။
ဘုရင်ကြီးသည် တတိယသားကို ဘီလူးမ အစားမခံ နိုင်၊ ဘီလူးမအန္တရာယ်မှ၊ ကာကွယ်စောင့်ရှောက်ရန်၊
အစောင့်အရှောက်တွေ၊ များစွာချထားချိန်ဖြစ်၏။
မထေရ်မြတ်တွေ ကောင်းကင်ယံမှ ကြွလာသည်ကို၊
သုဝဏ္ဏဘူမိပြည်သူတွေ မြင်ကြသောအခါ၊ ဘီလူးမ၏ အပေါင်းပါ မိတ်ဆွေတွေလာပြီဟု၊ အုဠ်အော်သောင်းနင်းဖြစ်ခါ၊ မထေရ်မြတ်တွေကို၊ တိုက်ခိုက်ဖို့ ကြိုးစားလာ တော့၏။ မထေရ်မြတ်တွေလဲ၊ တိုင်းသူပြည်သူသားတွေကို၊ သို့ကလို
မေးကြားတော်မူ၏။
တိုင်းသူပြည်သားများတို့
ဒို့ကိုဘာဖြစ်လို့ တိုက်ခိုက်ဖို့ ကြိုးစားကြတာလဲ-----?
သင်တို့က၊ ဒို့ဘုရင်ရဲ့သားတော်ကိုစားဖို့လာတဲ့
ဘီလူးမရဲ့မိတ်ဆွေတွေမို့ တိုက်ခိုက်တာဟု ပြောဆိုကြ၏။ ဒို့က သင်တို့ရန်သူ
ဘီလူးမရဲ့မိတ်ဆွေမဟုတ်ဘူး။ ဒို့ကို သမဏလို့ခေါ်တယ်၊ သမဏဆိုတာ၊ သူတပါးအသက် မသတ်၊ သူတပါးပစ္စည်းမခိုး၊
အိမ်ယာမထောင်၊ မုသားမပြောတဲ့၊သူတော်စဉ်တွေဖြစ်တယ်။ သင်တို့ရန်သူမဟုတ် ဘူးဟ၊ု ပြောကြားလိုက်မှ။ တိုင်းသူပြည်သားတွေ၊
လက်နှက်ချကာ၊ မထေရ်တွေ၊ ဆက်လက်ဟောကြားသော တရားတွေနာရကာ။ သဒ္ဓါတရား ဆိုတဲ့၊
ရတနာသုံးတန် ကံ-ကံ၏အကျိုးကို၊ သုဝဏ္ဏဘူမိပြည်သူတွေ၏၊ နှစ်လုံး သားဝယ်
ကိန်းဝပ်လာပါတော့၏။
မြန်မာပြည်သည်၊ မြတ်စွာဘုရား
သက်တော်ထင်ရှားရှိချိန်က၊ တဖုဿဘလ္လိကတို့၊ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ
ဆိုခွင့်ရရှိခဲ့ကြ၏။ မြတ်စွာဘုရားလက်ထက်တော်အခါက ပထမဆုံးအဦးဆုံး ဒွေဝါစိက သရဏဂုံ
ဆောက်တည်ခွင့်ရသူသည်၊ မြန်မာနိုင်ငံသားတွေ ဖြစ်နေတာတွေ့ရတော့ မြန်မာတွေအတွက်
ဂုဏ်ယူစရာတခု ဖြစ်၏။ သံဃံသရဏံဂစ္ဆာမိကိုတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး
နှစ်ပေါင်းသုံးရာကျော်မှ သုဝဏ္ဏဘူမိ သထုံ ပြည်သားတွေ စတင်ဆိုခွင့်ရရှိခြင်းဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment