အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, October 13, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၁၀)



  လူသားအစသည် ကမ္ဘာမြေကြီးနှင့် ပတ်သက်နေကြောင်းတင်ပြခြင်းဖြစ်၏။ ရှေးလူသားတွေကို ကမ္ဘာမြေကြီး က ကျေးဇူးပြုခဲ့သလို လက်ရှိလူသားတွေကိုလည်း ကမ္ဘာမြေကြီးကဆက်လက်ကျေးဇူးပြုစဲဖြစ်၏။ လက်ရှိကမ္ဘာ တွင် ကမ္ဘာမြေကြီးက ရေနံဓါတ်ငွေ့တိုကိုလည်းထုတ်လုပ်နိုင်၏။ တွင်းထွက်ရတနာမျိုးစုကိုလည်း ထုတ်လုပ်နိုင် ၏။ ကမ္ဘာမြေကြီးအမှီပြုပြီး စိုက်ပျိုးမွေး မြူရေးကိုလည်း လုပ်ဆောင်နိုင်၏။ ကမ္ဘာမြေကြီးသည် လူသားအတွက် ကျေးဇူးများလှပါဘိ။
    အဲဒီကမ္ဘာမြေကြီးကို အောက်အဇဋာပြင်ရှိ ယူဇနာ ကိုးသိန်းခြောက်သောင်း အထုရှိသော ကမ္ဘာလေပြင်ကြီး ကပင့်ဆောင်တင်ထား၏။ ထိုလေပြင်အထက်တွင် ယူဇနာလေးသိန်းရှစ်သောင်းရှိသော အလွန်အေးမြသော ရေ ခဲစိုင်ကြီး တည်ရှိ၏။ ထိုရေခဲစိုင် အထက်တွင် ယူဇနာနှစ်သိန်းလေးသောင်းရှိသော ကမ္ဘာမြေကြီးတည်ရှိလေ၏။
     ထိုကမ္ဘာမြေကြီးနှင့် မိဘမေတ္တာ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်။ ကမ္ဘာမြေကြီးသည် လက်သဲခွန်ပေါ်ရှိ မြေမှုံ လောက်သာရှိတော့၏ဟု တင်စား၍ ဆိုထားခြင်းဖြစ်၏။ ကမ္ဘာမြေကြီးထက် ဆပေါင်းများစွာသာတဲ့ မိခင်တည်း ဟူသော  မဟာမေတ္တာ  မြေကြီးပေါ်မှာ။ သားသမီးတည်းဟူသော ရင်သွေးလောင်းတွေ ဘယ်လိုဘယ်ပုံ ဖြတ် သန်းခဲ့ရတယ်ဆိုတာ  ခံစားကြည့်ရအောင်။
      မိဘမေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ၊ အမိဝမ်းတွင်း ပဋိသန္ဓေတည်နေပုံက စပြောလျှင်၊ ထင်ရှား လောက်၏။ သားသမီးလောင်းများ ပဋိသန္ဓေနေသည်မှစ၍၊ အမေ၏ မိခင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပြီး၊  မမြင်ရသေးသည့် မိမိ ရင်သွေးကို မှန်းဆပြီး  တွေးပျော်နေသူက မိခင်သာဖြစ်၏။   ရင်သွေးအတွက်  အရာရာ ကို အနစ်နာခံပြီး၊ မိမိအသက်ကိုပါ စွန့်လွှတ်ရန် ၀န်မလေးသူကတော့ မိခင်ဆိုလျှင် မှားမည်မထင်ပါ။
      အမိဝမ်းတွင်း သားသမီးများပဋိသန္ဓေ   စတည်နိုင်ခြင်းသည်၊  အကြောင်းသုံးချက်ညီမှတည်နိုင်၏။ ၁-မိခင် လောင်း၏ ရာသီပန်းပွင့်ပြီးစဖြစ်ခြင်း၊၂-မိဘနှစ်ပါးသွေးရောနှောဆက်ဆံခြင်း၊၃-ပဋိသန္ဓေနေမည့် သားသမီးများ ၏ ဘ၀ဟောင်းမှ ပဋိသန္ဓေသစ်တည်နေဖို့ရာ ရှေးရှုတည်ရှိခြင်း၊  ဤအကြောင်းသုံးချက်ညီမှ၊  အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်ခွင့်ရရှိခြင်ဖြစ်၏။ ဤ အချက်သုံးချက်တွင်လဲ  သန္ဓေတည်မည့်  သားသမီးများ၏၊ ဘ၀ဟောင်းမှ ဘ၀သစ်သို့ ရှေ့ရှုတည်ခြင်းသည် အဓိက အကြောင်းအရာဖြစ်၏။
       လက်ရှိပစ္စုပန်ဘ၀တွင်လဲ ဆင်းရဲသည့်မိသားစုများသည်၊ ကလေးတွေ တယောက်ပြီးတယောက် မွေးဖွား တာတွေ့ရ၏။ ချမ်းသာသည့်မိသားစုတွေကတော့၊ ကလေးတယောက်ရရှိဖို့၊ နည်းမျိုးစုံ ကျင့်သုံးနေတာကိုလဲ တွေ့မြင်ရ၏။ ချမ်းသာသည့် ကံဇာတာပါသော သားသမီးလောင်းများက နဲပြီး၊ ဆင်းရဲသည့် ကံဇာတာပါသော သားသမီးများက များနေပုံရ၏။ သတ္တ၀ါ၏ ကံအကျိုးပေးတိုင်းသာလျှင်၊ မိခင်ဝမ်းတွင်းသို့  ရောက်ရှိလာပုံကို ဆင်ခြင်ခြင်းဖြစ်၏။
    ဒါ့ကြောင့် ဆင်းရဲတဲ့ မိဘတွေသားသမီးများပြီး၊ ချမ်းသာသည့်မိဘတွေ သားသမီးနဲနေခြင်းဖြစ်ဟန်တူသည်၊ မိဘတွေ၏ ကံအကြောင်းကလဲ တနည်းတဖုံ ပတ်သက်နေ၏။   စာဥတွေပြုတ်စားမိလို့ သားသမီးမရရှိနိုင် ကြောင်း ဇတ်လမ်းတွေကလဲ ရှိနေခြင်းကြောင့်ဖြစ်၏။ သတ္တ၀ါတယောက် ဖြစ်လာဖို့ဆိုတာ သားသမီးကော မိဘပါ ရှေးအတိတ်ကံတွေ အဓိကအကြောင်း ဖြစ်တယ်ဆိုတာ သိသာထင်ရှားလှ၏။
    ဆိုခဲ့ပြီးသည့် အချက်သုံးချက်နှင့်ညီသောအခါ၊ ကလလရေကြည်ဟုခေါ်သော ပဋိသန္ဓေသည်၊ အမိဝမ်းတွင်း ၀ယ် ရုပ်အစုလေးအဖြစ် တဖြေးဖြေးကြီးပွားလာ၏။ဤကလလရေကြည်သည်၊အမိဝမ်းတွင်းဝယ် ရ-ရက်ခန့်သာ တည်ရှိပြီး ၇-ရက် ကျော်သောအခါ၊ ကလလရေကြည်အဖြစ်မှ၊ ပုံသဏ္ဍာန်တမျိုးပြောင်းလျှက်၊ အမဲသားကိုဆေး သောရေမှ၊ အမြှုပ်ပွက်လေး ထသလို၊ အမြှုပ်ပွက်ကလေးဖြစ်လာ၏။
 

Type your summary here. Type the rest of your post here.

No comments: